သမီးကိုဆွဲလားရမ်းလားလုပ်သူကိုဖခင်ကဓားနှင့်ခုတ်သတ်

သမီးကိုဆွဲလားရမ်းလားလုပ်သူကိုဖခင်ကဓားနှင့်ခုတ်သတ်
============================================

အမှုဖြစ်စ်မှာ၁၈-၅-၂၀၂၀ရက်ည(၁၁)အချိန်ခန့်ကဦးခင်မောင်စိုး(၅၂)နှစ်၊ကျဘမ်း၊ခနောင်ရှမ်းကွင်းကျေးရွာ၊ဖျာပုံမြို့နယ်နေသူသည်ခနောင်ရှမ်းကွင်းကျေးရွာတွင်းထဲရှိညီမဖြစ်သူမနွဲ့ရီ၏နေအိမ်သို့ရောက်ရှိအလုပ်လုပ်နေစဉ်တရားလို၏ညီဖြစ်သူကိုဇော်မြင့်ရောက်ရှိလာပြီးတရားလို၏သားမက်တော်သူဇော်လေး(၂၄)နစ်၊ဓားခုတ်ခံရကြောင်းပြောပြသိရှိရသဖြင့်ဦးခင်မောင်စိုးကသွားရောက်ကြည့်ရှုခဲ့ရာ  ခနောင်ရှမ်းကွင်းကျေးရွာလယ်လမ်းတွင်ဇော်လေးမှာလည်ပင်းတွင်ပြတ်ရှသွေးထွက်ဒဏ်ရာတစ်ချက်ရရှိကာသေဆုံးနေသည်ကိုတွေ့မြင်ရသဖြင့်တူမတော်စပ်သူမအေးမြသီတာ၏နေအိမ်သို့ဖြစ်စဉ်သွားရောက်မေးမြန်းခဲ့ရာ၎င်းနေအိမ်တွင်တူမတော်စပ်သူအေးမြသီတာ ၊မောင်ကောင်း ဒေါ်ခင်ရွှေနှင့်ဦးမြသန်းတို့အားတွေ့ရှိရသောကြောင့်ဖြစ်စဉ်အားမေးမြန်းရာ၁၈.၇.၂၀၂၀ရက်ည(၇)နာရီခွဲအချိန်ခန့်ကဇော်လေးအားလည်ပင်းတွင်တစ်ရွာတည်းနေကိုဝင်းထိန်မှမြက်ခုတ်ဓါးနှင့်ခုတ်သဖြင့်လည်ပင်းတွင်ပြတ်ရှဒဏ်ရာရရှိကာသေဆုံးရခြင်းဖြစ်ကြောင်းနှင့်ထိုနေ့မွန်းလွဲ(၁)နာရီအချိန်ခန့်ကကိုဝင်းထိန်(၄၂)နှစ်၏သမီးဖြစ်သူမဇာဇာခင်(၁၂)နှစ်သည်နေအိမ်တွင်တစ်ယောက်တည်းရှိနေစဉ်ဇော်လေးမှဆွဲလားလွှဲလားလုပ်သဖြင့်မဇာဇာခင်မှာထွက်ပြေးခဲ့ရကြောင်းနှင့်၄င်းမိဘများပြန်လာချိန်တွင်ပြောပြခဲ့ရာကဖခင်ဖြစ်သူကို၀င်းထိန်ကမကျေမနပ်ဖြစ်ပြီးဇော်လေးအားဓားနှင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသောကြောင့်သားမက်ဖြစ်သူဇော်လေးအားဓားနှင့်ခုတ်သတ်သူ၀င်းထိန်ကိုဥပဒေအရအရေးယူပေးပါရန်တိုင်းတန်းခဲ့ရာကျုံကျိုက်နယ်မြေရဲစခန်း(ပ)..../၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်ကာအမှုစစ်စခန်းမှုးရဲအုပ်ကျော်စိုးမိုးနှင့်နယ်ထိန်းတပ်ဖွဲ့၀င်များကရဲစခန်း၏အနောက်ဘက်(၂၀)မိုင်(၂)ဇလုံခန့်အကွာရှိခနောင်ရှမ်းကွင်းကျေးရွာသို့သက်သေများလိုက်ပါလျက်အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊

မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊သေဆုံးသူအလောင်းအားရဲဆေးစာနှင့်အတူပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာတရားလိုနှင့်သက်သေအချို့ကိုစစ်ဆေးပြီးပြစ်မှုကျူးလွန်သူ၀င်းထိန်(၄၂)နှစ်ကိုအမှုဖြင့်ဖမ်းဆီးကာ )ပေခွဲခန့် ငှက်(၂ ခြင်း၊သက်သေခံ အရို(၁၀)လက်မခန့်၊အသွား(၂ပေခွဲ)၊ဗျတ်(၂)လက္မခန့်ရှိမြက်ခုတ်တစ်ချောင်းအားသက်သေများရှေ့တွင်သိမ်းဆည်းကာအမုနှင့်စစ်မေးခဲ့ရာ၎င်းသည်အခင်းဖြစ်နေ့ကအလုပ်သွားရောက်လုပ်ကိုင်နေကြောင်း၊ညနေအလုပ်မှနေအိမ်သို့ပြန်ရောက်စဉ်သမီးဖြစ်သူမဇာဇာခင်က၎င်းကိုတိုင်ကြားရာမှာနေ့လည်ကကိုကြီးဇော်လေး၎င်းဆီရောက်လာပြီးဆွဲလားရမ်းလားလုပ်ကြောင်းပြောပြသိရသောကြောင့်စိတ်ဆိုးဒေါသထွက်ကာညအချိန်တွေ့ဆုံစဉ်မြက်ခုတ်ဓားနှင့်ခုတ်သတ်ခဲ့ကြောင်းပေါ်ပေါက်ချက်အရအသေးစိပ်စစ်မေးကာတရားစွဲတင်ပို့မည်ဖြစ်ကြောင်းသိရသည်။
Crd.... ....

Comments