ညီအစ်မနှစ်ဦးကို ဓားဖြင့်ထိုးသတ်သူအမှု

ညီအစ်မနှစ်ဦးကို ဓားဖြင့်ထိုးသတ်သူအမှု
်
၂၀၂၀၊ ဇူလိုင်၊ ၂၁

ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာ၌ ကျောင်းသူညီအစ်မနှစ်ဦးကိုဓားဖြင့်ထိုးသတ်သူ ယနေ့ တရား
သူကြီးရှေ့မှောက် ဝန်ခံဖြောင့်ချက်ပေးခဲ့ကြောင်းအင်းတော်မြို့မရဲစခန်းမှ သိရသည် ။

ယခုလ ၁၃ ရက်  နေ့လည် ၁ နာရီခန့်တွင် ရှစ်တန်းနှင့် ဆယ်တန်းကျောင်းသူ ညီအစ်မနှစ်ဦးကို  ဓားဖြင့်အချက်‌ပေါင်းများစွာထိုးသတ်ထိုးသတ်ကာတိမ်းရှောင်နေခြင်းဖြစ်သည်။

ကသာခရိုင်ရဲတပ်ဖွဲ့မှ တရားခံဖမ်းဆီးရမိရေး ပူးပေါင်းရှာဖွေရာအခင်းဖြစ်နေရာ၌ နံပါတ် ၁၀ အဝါရောင်သဲကြိုးဖိနပ်တစ်ဖက် ကျန်ရစ်ခဲ့ရာမှ သဲလွန်ရှာတွေ့ခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည် ။

၎င်းအား စစ်ဆေးရာ ညီမနှစ်ဦး နှင့်စကားများရာ မကြားဝံ့မနာသာ ညစ်ညမ်းစွာဆဲဆိုသဖြင့်  မူးယစ်ဆေးဝါးသုံးစွဲထားချိန်စိတ်မထိန်းနိုင်ဘဲ ညာဘက်နားယင်အား ညာလက်ဖြင့်ရိုက်ချခဲ့ပြီးလွယ်ထားသော ဓါးဦးချွန် တစ်လက်မခန့်ဓါးဖြင့်ဝမ်းဗိုက်အားထိုးသွင်းချိန် အကြီးမဖြစ်သူအနားကပ်လာ၍ ဓါးဖြင့် တစ်လှည့်စီ ဘယ်ညာ အဆက်
မပြတ်အကြိမ်ရေမမှတ်မိသည်အထိ ဓါးဖြင့်လိုက်လံထိုးခဲ့သည်ဟုထွက်ဆိုသည်။

တရားခံဖြစ်သူ နတ်မဟုတ်ကလေးကျေးရွာနေ သန်းထွန်း(ခ)အံထော် ကိုယ်တိုင် ယနေ့ အင်းတော်မြို့နယ် တရားရုံးရှိမြို့နယ်တရားသူကြီးရှေ့မှောက်တွင်ဝန်ခံဖြောင့်ချက်ပေးခဲ့ကြောင်း နှင့် အင်းတော်မြို့မရဲစခန်းတွင် (ပ)၅၆/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားအရေးယူထားရှိကြောင်းသိရှိရသည် ။
Crd...........

Comments