အိန္ဒိယနိုင်ငံတစ်ဝန်း ရေဘေးကြောင့် သေဆုံးသူ ၇၀၀ အထိ ရှိလာ

အိန္ဒိယနိုင်ငံတစ်ဝန်း ရေဘေးကြောင့် သေဆုံးသူ ၇၀၀ အထိ ရှိလာ
်


- လက်ရှိ မုတ်သုံရာသီက ယမန်နှစ်ကထက် ပိုမိုဆိုးရွားပြီး အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၁၃ ခုတွင် ရေ ဘေးနှင့်ဆက်စပ်၍ သေဆုံးသူ ၇၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။

ပြည်နယ်အများစုက နောက်ဆုံးအခြေအနေများ အစီရင်ခံခြင်းမရှိသေးသောကြောင့် သေဆုံးသူမြင့်တက် လာဖွယ်ရှိသည်။

သေဆုံးမှု ၂၀၀ ကျော်မှာ ပြီးခဲ့သောတစ်ပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရက အမျိုးသားဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့မှ ၁၂၇ ဖွဲ့ စေလွှတ်ကာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိသည်။

အနောက်ဘင်္ဂလားပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၁၈၂ ဦးဖြင့် လူသေဆုံးမှုအများဆုံးပြည်နယ် ဖြစ်လာသည်။

ပြည်နယ်အားလုံးက ဘေးအန္တရာယ်တုံ့ပြန်ရေးဗဟိုဌာနသို့ နေ့စဉ်အစီရင်ခံစာ တင်ပြလျက်ရှိသည်။

ချတ်တစ်ဂါပြည်နယ်တွင် ရေဘေးကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး မီဂါလာရာပြည်နယ်တွင် ၁၂ ဦး သေဆုံး ခဲ့သည်။

အစိုးရက အမျိုးသားဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ သုံးဖွဲ့စေလွှတ်ခဲ့ရာ ပန်ဂျပ်ပြည်နယ်တွင် ရေဘေး ကြောင့် လူခြောက်ဦး သေဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံရှိ ပြည်နယ်အများအပြားတွင် ရေကြီးရေလျှံမှုများကြောင့် လူ ၄၇၀ ဦး သေဆုံးခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုက ကယ်ဆယ်ရေးလုပ်ငန်းများကို စိန်ခေါ်မှုဖြစ်စေကြောင်း မီဒီယာများက ပြီးခဲ့သည့်အ ပတ်တွင် ဖော်ပြခဲ့သည်။

ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့သူများက ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရန် အသုံးပြုရသော ခပ်ခွာခွာနေစည်းမျဉ်းကြောင့် အခက်အခဲများ ရင်ဆိုင်နေရသည်။

အာသံပြည်နယ်တွင် ပြည်သူ ၁ ဒသမ ၅ သန်းမှာ ရေဘေးရှောင်စခန်း ၅၆၀ ၌ ခိုလှုံနေရပြီး ဥတာပရာဒက်ရှ် ပြည်နယ်၌ ရေဘေးရှောင်စခန်း ၇၈ ခု ရှိသည်။


Comments