လားရှိုးမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ရာမှ အမျိုးသား တစ်ဦး သေဆုံး

လားရှိုးမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ရာမှ အမျိုးသား တစ်ဦး သေဆုံး
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
..
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်ဆန်ရေကျကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်၊ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ကျွမ်းရာမှ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
.
“ သူတို့ မီးငြိမ်းပြီးမှ ရောက်သွားတာပါ၊ မီးလောင်မှု ဖြစ်စဉ်နဲ့ ဆုံးရှုံးတန်ဖိုးကိုပဲ လုပ်ဆောင်ခဲ့ပါတယ်။ လမ်းကလည်း မီးသတ်ကား ဝင်ရောက်ဖို့ မကောင်းတော့ ဒီလို ဖြစ်စဉ် ဖြစ်ရင် သွားရောက်ရတာ ခက်ခဲပါတယ်။” ဟု လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.
လားရှိုးမြို့နှင့် ၂၄ မိုင်ခန့် ကွာဝေးသည့် မန်ဆန်ရေကျကျေးရွာတွင် ဇူလိုင်လ ၂၅ ရက် ၊ နံနက် ၂ နာရီခန့်က နေအိမ်တစ်လုံး မီးလောင်ပြီး လူတစ်ဦး ပိတ်မိနေကြောင်းနှင့် နံနက် ၃ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သတင်းအရ မီးလောင် ကျွမ်းရာသို့ မီးသတ်တပ်ဖွဲ့ဝင် ၇ ဦးမှ မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်ခဲ့သော်လည်း  ပိတ်မိနေသူအား ကယ်တင်ချိန် မရခဲ့ဘဲ မီးလောင် သေဆုံးသွားခြင်း ဖြစ်ပြီး သေဆုံးသူမှာ နေအိမ်ပိုင်ရှင် ဦးစိုင်းမျိုးမြင့် (ခ) အိုက်ဗြဲ၊ အသက် ၂၈ နှစ် ဖြစ်ကြောင်း သိရသည်။
.
“ အိမ် အတွင်းမှာ ပိပြီး မီးလောင်သေဆုံးနေတဲ့ အလောင်းကို မီးစတွေ ဖယ်ပြီး ဆေးရုံကြီး ရင်ခွဲရုံကို (PR-003)နဲ့ သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။” ဟု လားရှိုးလူငယ် လူမှုကူညီရေးအသင်းမှ စိုင်းဝသုန်ထွန်းက ပြောသည်။
.
နေအိမ်ရှေ့ မီးဖိုရှိ မီးကျွင်းမီးကျန်မှ တဆင့် အိမ်ထရံကို မီးစွဲလောင်ခြင်း ဖြစ်ကာ တန်ဖိုးငွေကျပ် ၁၃၅၀၀၀၀ ပျက်ဆီး ဆုံးရှုံးခဲ့ပြီး မီးလောင် သေဆုံးသူ၏ ရုပ်အလောင်းကို လားရှိုးလူငယ် လူမှုကူညီရေးအသင်း ယာဉ်ဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
crd#

Comments