သူခိုးကိုလေးဂွနဲ့လိုက်ပစ်တဲ့အိမ်ရှင်ကို သူခိုးကလက်ပစ်ဗုံးနဲ့ပြန်ပစ်
================
ဇူလိုင်(၃၀)ရက်၊ ၂၀၂၀။
ခြံထဲဝင်လာတဲ့သူခိုးကို လေးဂွနဲ့လိုက်ပစ်ခတ်တဲ့အိမ်ရှင် လက်ပစ်ဗုံးနဲ့ပြန်အပစ်ခံရမှု ရှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ကွန်းချောင်းရွာမှာ ဇူလိုင်လ(၂၉)ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခြံထဲကိုလူရိပ်ကပ်လာတဲ့အတွက် အိမ်ရှင်ဖြစ်သူကသူခိုးလို့အော်ပြီး လေးဂွနဲ့လိုက်ပစ်ချိန်မှာ သူခိုးလို့ယူဆရတဲ့သူက လက်ပစ်ဗုံးနဲ့ပြန်ပစ်သွားတာလို့ ကွန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းညွန့်အောင်က O Media ကို ပြောပါတယ်။
"အိမ်တစ်အိမ်ကို ပြေးလာပြီးဝင်တာပေါ့။ ဝင်ပြီးတော့မှ သူကမှောင်ရိပ်ခိုတဲ့သဘောပါ။ အိမ်ရှင်က လူမှန်းသိလို့ လေးဂွနဲ့ပစ်လိုက်တယ်ပေါ့။ လူကလည်းလိုက်တော့ သူခိုးကပြေးတာပေါ့။ အဲဒီမှာ တစ်ခုခုလှမ်းပစ်လိုက်တာကို ကြားလိုက်ရတယ်။ နောက်မှကြည့်လိုက်တော့ ဗုံးသီးဟောင်းဖြစ်နေတာပေါ့။"လို့ ဦးဆန်းညွန့်အောင်က ပြောပါတယ်။
လက်ပစ်ဗုံးနဲ့ပစ်တဲ့သူကတော့ လွတ်မြောက်သွားခဲ့ပြီး ဗုံးပေါက်ကွဲမှုမဖြစ်ခဲ့ဘူးလို့လည်း သိရပါတယ်။
အဲဒီလက်ပစ်ဗုံးကို ဇူလိုင်(၂၉)ရက်၊ မနက်ပိုင်းမှာပဲ ရပ်ရွာတာဝန်ရှိသူတွေကို အကြောင်းကြားပြီး အဲဒီကနေ တဆင့် တပ်မတော်(၁၂၁)တပ်ရင်းက လာရောက်သိမ်းဆည်းခဲ့ပြီး ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
(Zawgyi)

credit
Comments
Post a Comment