စစ်ကိုင်း-မင်းကွန်းကားလမ်း ဧရာ၀တီမြစ်ရေ စတင်ကျော်

စစ်ကိုင်း-မင်းကွန်းကားလမ်း ဧရာ၀တီမြစ်ရေ စတင်ကျော်

စစ်ကိုင်း၊ဇူလိုင် ၂၇

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းယဉ်ကျေးမှုဒေသသို့သွားရာ စစ်ကိုင်း-မင်းကွန်းကားလမ်း ဆွမ်းဦးပုည‌ရှင် ရေစက်အနီး ကားလမ်းပေါ်သို့ ဇူလိုင် ၂၇ ရက်နေ့တွင် ဧရာ၀တီမြစ်ရေ စတင်ကျော်မှုဖြစ်ပွားနေပါသည်။
S
ကားလမ်းပေါ်ရေကျော်နေပြီဖြစ်သော်လည်း ကား၊ဆိုင်ကယ်များ သွားလာ၍ ရပါသည်။ ယနေ့နံနက်ပိုင်း မြစ်ရေတိုင်းထွာချက်အရ ဧရာ၀တီမြစ်ရေသည် ၁၁၄၂စင်တီမီတာသို့ရောက်ရှိနေပြီး စစ်ကိုင်းမြို့၏စိုးရိမ်ရေအမှတ် ၁၁၅၀စင်တီမီတာသို့ ရောက်ရန် ၈ စင်တီမီတာသာလိုပါတော့သည်။

စောရန်ပိုင်
ဇေယျာတိုင်းမ်

crd.........

Comments