အသက် ၁၄နှစ်အရွယ် အမျိုး သမီးငယ်ကိုသားမယား အ ကြိမ်ကြိမ်ပြုကျင့်သူအားဖမ်း ဆီး

အသက် ၁၄နှစ်အရွယ် အမျိုး သမီးငယ်ကိုသားမယား အ ကြိမ်ကြိမ်ပြုကျင့်သူအားဖမ်း ဆီး
==========================================================-=========



ဇူလိုင် 2.2020

မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ် (၃)ရပ်ကွက်တွင် အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ကာမလိမ်လည်ကာ သားမယားအဖြစ် ပြုကျင့်သူအား ဖမ်းဆီးရမိကြောင်း မလှိုင်မြို့မရဲစခန်းမှ သိရသည်။

မလှိုင်မြို့၊ မြို့သစ်ရှိပြန်ကျဈေးမှာ ဇူလိုင် ၁ရက်နေ့ ကုန်စိမ်းဈေးရောင်းရန် သွားနေချိန် နေအိမ်တွင် အသက် ၁၄နှစ် အရွယ် သမီးဖြစ်သူ ကျန်နေခဲ့တယ်။ နေ့လည်ပိုင်း ၁၂နာရီခန့်၌ မောင်ဖြစ်သူက ဖုန်းဆက်ကာ သမီးဖြစ်သူ သားမယား ပြုကျင့်ခံရကြောင်း ဖုန်းဆက် ပြောဆို၍ နေအိမ်ပြန်လာခဲ့ကြောင်း ဆိုသည်။

နေအိမ်ပြန်ရောက်၍ သမီးဖြစ်သူအား မေးမြန်းရာ တစ်ရပ်ကွက်တည်းနေ ထင်ကျော်က တောင်းရမ်း လက်ထပ်ယူမည်ဟု လိမ်လည်ပြောဆိုကာ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်တယ်။ ယနေ့ နေ့အိမ်တွင် တစ်ယောက်တည်း ရှိနေချိန် ထပ်မံ၍ ပါးစပ်ပိတ်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသိရတယ်ဟု ဆိုသည်။

အဆိုပါ အသက် ၁၄နှစ်အရွယ် သမီးဖြစ်သူကို သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင်သည့် ထင်ကျော် (၃၄ နှစ်)ကို အရေးယူပေးပါရန် မိခင်ဖြစ်သူက တရားလို ပြုလုပ် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ထင်ကျော် (၃၄ နှစ်)အား လိုက်လံရှာဖွေ ဖမ်းဆီး၍ မလှိုင်မြို့မရဲစခန်းမှ (ပ)၂၁၆/၂၀၂၀၊ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/၃၆၃ တို့ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်း သိရှိရသည်။
Crd...... 

Comments