လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ဖုန်းခိုးမှုကျူးလွန်သူ(၄)ဦးကို ဖမ်းဆီးရမိ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ဖုန်းခိုးမှုကျူးလွန်သူ(၄)ဦးကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁၇

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ၁၁.၇.၂၀၂၀ ရက်နေ့ ၁၆၃၀ အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက် နေစဉ် ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ အောင်အောင်ထွန်း(ခ)အောင်ထွန်း နှင့် စိုးသီဟ(ခ)ဂျပု တို့(၂)ဦးကို (၆)ရပ်ကွက်၊ အောင်မြေသာယာဘုရားလမ်းမပေါ်၌ တွေ့ရှိစစ်ဆေးရာ ၎င်းတို့ လက်အတွင်းကိုင်ဆောင်ထားသော VISTOR အမျိုးအစား လက်ကိုင်ဖုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ နေ့ရက် မမှတ်မိနေ့က အဆိုပါလမ်းမဘေးရှိ နေအိမ်(၁)အိမ်အတွင်းမှ ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ပါသည်။

 ဖမ်းဆီးရမိသူ အောင်အောင်ထွန်း(ခ)အောင်ထွန်း ပါ (၂)ဦးကို အခြားခိုးမှုများကျူးလွန်ထားခြင်း ရှိ/မရှိ အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ ဇွန်လအထိ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ဆိုင်ကယ်ဖြင့်လှည့်လည်သွားလာ၍ နေအိမ်အသီးသီးမှ လက်ကိုင် ဖုန်းအမျိုးမျိုး(၈)လုံးကို ခိုးယူခဲ့ ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ပါသည်။

 အလားတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ထိုနေ့ ၁၇၃၀ အချိန်တွင် (၇)ရပ်ကွက်၊ အောင်မင်းခေါင်လမ်းမပေါ်၌ အငယ်ကောင် နှင့် စိုင်းသူ တို့(၂)ဦးကို တွေ့ရှိ စစ်ဆေးရာ ၎င်းတို့လက်အတွင်းကိုင်ဆောင်ထားသော OPPO အမျိုးအစား ဖုန်း(၁)လုံးနှင့်ပတ်သက်၍ ၎င်းတို့ ပိုင်ဆိုင်ကြောင်းတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် ဖမ်ဆီးခဲ့ပါသည်။

 ဖမ်းဆီးရမိသူ အငယ်ကောင် ပါ (၂)ဦးကို အခြားခိုးမှုများကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ အထိ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ နေအိမ်အသီးသီးမှ လက်ကိုင်ဖုန်းအမျိုးမျိုး(၆)လုံးကို ခိုးယူခဲ့ကြ ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း လက်ကိုင်ဖုန်းများကို ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ အောင်အောင်ထွန်း(ခ)အောင်ထွန်း၊ စိုးသီဟ(ခ)ဂျပု၊ အငယ်ကောင်နှင့် စိုင်းသူ တို့(၄)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Crd

Comments