ရေမဆေးကျောက်ရှာဖွေသူ တစ်ဦး မျှောချောင်းအတွင်း ရေစီးနှင့်အတူ မျှောပါသေဆုံး
………………………………………………………
ဖားကန့်၊ ဇူလိုင် ၁၅
ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ယနေ့၊ ဇူလိုင်လ ၁၅ ရက်၊ နံနက်ပိုင်းက ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ရေစီးနှင့်အတူ မျှောပါသေဆုံးခဲ့ကြောင်း ဖားကန့် မြို့မရဲစခန်းမှ သိရသည်။
အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြရာ သေဆုံးသူမှာ ကိုယုမောင်(ခ) ပလောင်၊ (၂၃)နှစ်၊ (ဘ) ဦးတင်ဦး၊ ရပ်ကွက်(ရ) ဆိုင်းအောင်ကျေးရွာ ဆိပ်မူကျေးရွာအုပ်စု ဖားကန့်မြို့နယ် နေသူဖြစ်ပြီး ၎င်းသည် ယနေ့ နံနက် ၁၀နာရီခန့်တွင် ဆိပ်မူကျေးရွာ အုပ်စု၊ နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းပဒေသာ ကုမ္ပဏီလုပ်ကွက် အနီး မြေစာပုံဟောင်း ရေစီးချောင်း (ဒေသအခေါ်မျှောချောင်း) တွင် ရေစီးအတူမျှောပါကာ ဝဲဘက်နောက်စေ့ဖူးရောင်ဒဏ်ရာ၊ ယာဘက် ကျောကုန်း ပွန်းပဲဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား တာဝန်ရှိသူများက ဆိပ်မူ လူမှုကူညီရေးအသင်း အကူအညီဖြင့် ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
မှူးပိုင်(ဖားကန့်)
Crd...............

Comments
Post a Comment