ဆေးပြားရောင်းချနေသည်ဟုဆိုကာ ဝေါ မြို့ အလက ခွဲကျောင်းအုပ်ဆရာအားဖမ်းဆီး

ဆေးပြားရောင်းချနေသည်ဟုဆိုကာ ဝေါ မြို့ အလက ခွဲကျောင်းအုပ်ဆရာအားဖမ်းဆီး

ဝေါ ဇူလိုင် ၆ ။

ယမန့်နေ့က ဇူလိုင် လ ၅ ရက်နေ့ မွန်းလွှဲ ၂ နာရီခန့်က ဝေါမြို့နယ် အေးချမ်းသာယာရပ်ကွက်တွင်းရှိ အ -လ -က( ခွဲ)အလယ်တန်းကျောင်းခွဲရုံးခန်းတွင် ကျောင်းအုပ်ဆရာ ဦးမောင်မောင်စီုးအားမူးယစ်ဆေးပြား (၁၃၀၀) ခန့်ဖမ်းဆီးရမိနှင့်အတူဖမ်းဆီးခြင်းဖြစ်သည်။

ကျောင်းအုပ်ဆရာ ဦးမောင်မောင်စိုး ထံမှကျောင်းအုပ်ဆရာကြီး  ဝတ်ဆင်ထားသော အင်္ကျီ ဝဲဘက်အိပ်ကပ်အတွင်းမှပလပ်စတစ်ဖြင့်ထည့်ထားသည့် WY စာတမ်းပါစိတ်ကြွရူးသွတ်ဆေးပြား(၂၀၀) ပါ(၁)ထုပ်
ကျောင်းရုံးခန်းစားပွဲပေါ်တင်ထားသော အစိမ်းရောင်
လက်စွဲအိတ်အတွင်းမှ အပြာရောင်ကပ်ခွာပလပ်စတစ်
ဖြင့်ထုတ်ထားသောဆေးပြား (၂၀၀)ပါအထုတ်(၃)ထုပ် နှင့် ဆေးပြား(၁၀၀)ပါအထုတ်
(၁)ထုပ် အပြာနုရောင်
ကော်ဗူးအတွင်းထည့်ထားသည့် WY စာတမ်းပါ
ဆေးပြား(၄၀၀)ပြား စုစုပေါင်း ဆေးပြားအရေအတွက်
(၁၃၀၀)ပြား အလေးချိန်(၁၃၀)ဂရမ်ခန့်နှင့်အကြည်ရောင်ပလပ်စတစ်ဖြင့်ထုတ်ထားသည့် (ICE)ဟုယူဆရသော
အဖြူရောင်ပုံဆောင်ခဲအလေးချိန်(၁)ဂရမ်ခန့်အား ဖမ်းဆီး
သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟုရဲမှတ်တမ်းများအရသိရသည်။

ဇူလိုင်  ၅ ရက်နေ့  မွန်လွှဲ၂နာရီအချိန်ခန့်၌ဝေါမြို့ အေးချမ်းသာယာရပ်ကွက်ဇီဇဝါလမ်းထိပ်တွင် သတင်းအရ ပဲခူး မူးယစ်တပ်ဖွဲ့စု (၃၆)မှအရာရှိများနှင့်ရဲတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်အမှတ်တပ်ထားခြင်းမရှိ HONDA WAVE အမျိုးအစား အရောင်ဖြူ နက်ကြားမောင်းနှင်လာသူ ဘိုဘိုဇင်(ခ)ဆင်ကြီး သစ်စက်ရပ်ကွက် ဝေါမြို့ နေသူအား ရပ်တန့်စစ်ဆးရာ ဘိုဘိုဇင်(ခ)ဆင်ကြီး၏ ဝဲဘက်လက်အတွင်းအဖြူရောင်အအေးပိုက်ထဲမှ WY စာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား(၈)ပြား သိမ်းဆည်းရမိခဲ့ပြီး၎င်းမှ
ဆေးပြားများမှာကျောင်းအုပ်ဆရာဦး‌ မောင်မောင်စီုးထံက ဝယ်ယူခဲ့သည်ဟု ထွက်ဆိုသဖြင့်ယခုကဲ့သို့ရှာ‌ေ
ဖွဖမ်းဆီးခြင်းဖြစ်သည်ဟုဝေါမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

မူးယစ်ဆေးပြားလက်ဝယ်တွေ့ရှိသူ ဘိုဘိုဇင်(ခ)ဆင်ကြီးနှင့်မူးယစ်ဆေးပြားရောင်းချခဲ့သူ  ကျောင်းအုပ်ဆရာဦးမောင်မောင်စိုး
တို့အား ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန်ဒုရဲအုပ် တင်ကိုကိုလတ် မှ တရားလိုပြုလုပ်၍ တိုင်
တန်းခဲ့သဖြင့် ဝေါမြို့မရဲစခန်းမှ
မယ(ပ)၁/၂၀၂၀ မူးယစ်ဆေးဝါးနှင့်စိတ်ကို
ပြောင်းလဲစေတတ်သောဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ
၁၆(ဂ)/၁၉ က/၂၀(က)ဖြင့် အမှုဖွင့်လှစ်ထားသည်။

Crd......

Comments