တရုတ်မှ ရွှေတုံးအတုများဝင်လာနိုင်၍ အရောင်းအဝယ် သတိထားရန် ရွှေလုပ်ငန်းရှင်များအသင်းချုပ် သတိပေး
===================
တရုတ်နိုင်ငံတွင် ရွှေ တုံးအတုများ ပျံ့နှံ့နေ၍ မြန်မာ နိုင်
ငံတွင်လည်း ဝယ်ယူသူများအ နေဖြင့် ပုံမှန်မဟုတ်သည့် ရောင်း ဝယ်မှုများကို သတိထားကြရန်မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က သတိပေးသည်။
ငံတွင်လည်း ဝယ်ယူသူများအ နေဖြင့် ပုံမှန်မဟုတ်သည့် ရောင်း ဝယ်မှုများကို သတိထားကြရန်မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က သတိပေးသည်။
လက်ရှိတွင် တရုတ်နိုင်ငံ၌ ကြေးနီတုံးကို ရွှေအုပ်ထားသည့် ရွှေအတုများ ပေါင်နှံ၊ ရောင်းချ ခြင်းများ ဖြစ်ပေါ်နေသဖြင့် နယ် စပ်ကုန်သွယ်ရေးဆောင်ရွက်နေ ပြီး အိမ်နီးချင်းနိုင်ငံဖြစ်၍ မြန်မာ နိုင်ငံသို့ ရွှေတုံးအတုများ ဝင် ရောက်လာနိုင်ခြင်းကြောင့် သတိ ပေးခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။
‘‘သက်ရောက်မှုရှိနိုင်တယ်၊ အိမ်နီးချင်းနိုင်ငံ ဖြစ်နေတယ်။ နယ်စပ်ကုန်သွယ်ရေးက ရှိနေ တယ်။ ဂရုစိုက်ဖို့ လိုအပ်တယ်။ သဘာဝမဟုတ်တဲ့၊ ဒီကထုတ်တဲ့ ပုံစံနဲ့ မတူတဲ့ပုံစံဝင်လာရင် စစ် ဆေးဖို့လိုအပ်တယ်’’ ဟု ဦးကျော် ဝင်းက ပြောသည်။
သဘာဝမဟုတ်သည့်ပုံစံဆို သည်မှာ မြန်မာထုတ်မဟုတ်ဘဲ အင်္ဂလိပ်အက္ခရာ၊ အခြားတံဆိပ် များဖြင့် ရောင်းချခြင်းနှင့် နိုင်ငံ ခြားမှဝင်လာသည့် ပုံစံဖြစ်ပါက စစ်ဆေးပြီးမှ ဝယ်ယူသင့်သည်ဟု ဦးကျော်ဝင်းကဆိုသည်။
စစ်ဆေးသည့်အခါ မြန်မာ နိုင်ငံတွင် အရည်အသွေးအပြင် ရွှေတုံး၏အလယ်ကိုဖြတ်၍ စစ် ဆေးရသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦး မျိုးမြင့်ကဆိုသည်။
မြန်မာနိုင်ငံတွင် ရွှေတုံးအ တုများမဝင်ရန်အတွက်လည်း ဝယ်ယူမှုကို စစ်ဆေးသင့်ပြီး လက်ရှိတွင် ရွှေတုံးအတုပြဿ နာမရှိသေးကြောင်း ၎င်းကဆို သည်။
ထိုင်းနိုင်ငံ ဘန်ကောက် တွင်လည်း ထိုသို့ ရွှေတုံးအတု ရောင်းချမှုများ မကြာမီက ဖြစ် ပွားခဲ့သေးသည်ဟု ဦးမျိုးမြင့်က ဆိုသည်။
၂၀၁၅ ခုနှစ်တွင် တရုတ် နိုင်ငံသားများသည် ရန်ကုန်မြို့ အလုံမြို့နယ်အတွင်း ရွှေတုံးအ တု ၂၀၀ ကျော်ကို လိမ်ညာရောင်း ချခဲ့ဖူးသည်။
၂၀၁၆ မေလတွင်လည်း မန္တလေးတိုင်း ချမ်းအေးသာစံမြို့ နယ် ရတနာပုံစူပါစင်တာရှိ ဖက် ရှင်ဆိုင်တစ်ဆိုင်တွင် တရုတ် နိုင်ငံသားသုံးဦးက ရွှေတုံးအတု များကို ကျပ်သိန်း ၃၀၀ ဖြင့် လိမ်လည်ရောင်းချမှုဖြစ်ပွားခဲ့သည်။
Crd......
Comments
Post a Comment