၅ လောင်းပြိုင် လူသတ်မှု့

 ၅ လောင်းပြိုင် လူသတ်မှု့

4.7.2020
အသတ်ခံရသောမိသားစုဝင်(၅)ဦးအတွက် အထူးသတိရဆုတောင်းပေးကြပါရန် မေတ္တာရပ်ခံခြင်း

(၅) လောင်းပြိုင်လူသတ်မှူ😱

ဗန်းမော် ( မန်စီခရိုင်) မန်ဂျယ် ဒိန်စီ အင်ဘပါလမ်း၊
ဂိုင်ဒေါ်ကျေးရွာ၌ ဇူလိုင်လ၊ ၂ ရက်နေ့ညက မိသားစုဝင် ၅ ဦး အား
လူမဆန်စွာ ဓားခုတ်သတ်ခံရကြောင်းကြားသိရပါတယ်။

အသတ်ခံရသောသူများမှာ -
၁။ ဒေါ်ယမ်ထု (အသက်(၇၀))
၂။ ဦးယာကုလန်ဇိန်တန်ဂွန်(ဖခင်)
၃။ ဒေါ်မော်ရိန်းဆွမ်လွတ်ထုနန်(မိခင်)
၄။ မောင်လန်ဇိန်ဆန်လီနော်
၅။ မောင်လန်ဇိန်ဒွဲဆန်အောင် တို့ဖြစ်ကြပါတယ်။

အသက်(၁၃) နှစ်အရွယ် သားကြီးဖြစ်သူတစ်ဦးတည်းသာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ထိတ်လန့်ကြောက်ရွံ့
စိတ်ကြောင့် ယခုစကားမပြောနိုင်‌သေးပါ။

ယခု အသတ်ခံရသော မိသားစုဝင်များ၏ နေအိမ်သို့
ဒိန်စီတိုက်နယ်မှ တာဝန်ခံဘုန်းတော်ကြီး
Rev. Fr Sunday Aung, ပန်ခတ်တိုက်နယ် တာဝန်ခံဘုန်းတော်ကြီး Rev. Fr Paul Lahpai Aung Dang.  နှင့် ဓမ္မဆရာများ သွားရောက်ဆုတောင်း‌ပေးနေကြပါတယ်။

မတရားအသတ်ခံရသောမိသားစုဝင်များ၏ဝိညာဉ်အတွက်နှင့် အမှူမှန်တရားခံအမြန်ဆုံးဖော်ထုတ်နိုင်ဖို့ ဝိုင်ဝန်းဆုတောင်းပေးကြပါရန် ခရစ်တော်၏နာမတော်၌ အလေးအနက်မေတ္တာရပ်ခံအပ်ပါတယ်။
crd#

Comments