အီရန် ခရီးသည်တင် လေယာဉ် ကို အမေရိကန် တိုက်လေယာဉ် တစင်း နောက်ယောင်ခံ လိုက်မှုဖြစ်ပွား ၊ ခရီးသည် အများအပြား ဒဏ်ရာရရှိခဲ့ဒဏ်ရာရရှိခဲ့
အီရန် ခရီးသည်တင် လေယာဉ် ကို အမေရိကန် တိုက်လေယာဉ် တစင်း နောက်ယောင်ခံ လိုက်မှုဖြစ်ပွား ၊ ခရီးသည် အများအပြား ဒဏ်ရာရရှိခဲ့ဒဏ်ရာရရှိခဲ့
=====================================================================
ဆီး ရီးယားနိုင်ငံ ဝေဟင် မှာ ကြာသပတေးနေ့က အီရန်ခရီး သည် တင် လေယာဉ် တစ်စင်း ကို အမေရိကန် တိုက်လေယာ ဉ်က နောက်ယောင် ခံမှု ပြုလုပ်ခဲ့ပြီး တိုက်လေယာဉ်တွေ နဲ့ ဝင်မတိုက် မိစေရေး အတွက် ခရီးသည်တင် လေယာဉ်မှူး က လေယာဉ် အမြင့် ကို ပြောင်းခဲ့ ရတာကြောင့် ခရီးသည်များစွာ ဒဏ်ရာအနာ တရ ဖြစ်ခဲ့ကြောင်း အီရန် မီဒီယာတွေက ဖော်ပြ ပါတယ် ။ သို့ပေမယ့် အမေရိကန်စစ်တပ်က ပြောရာမှာတော့ ၎င်းတို့ ရဲ့ အက်ဖ်၁၅ ဟာ အန္တရာယ်ကင်း တဲ့ အကွာအဝေးကနေ ပျံသန်းခဲ့ တာဖြစ် တယ် လို့ ဆို ပါတယ် ။
Mahan Air လေကြောင်း လိုင်းပိုင် အီရန် ခရီး သည် တင်လေယာဉ် ဟာ တီဟီရန်ကနေ ဘေရွတ် ကို ဦးတည်ထွက်ခွာလာတာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ လေယာဉ်မှူးက လုံခြုံဘေးကင်းရေး အစီအမံဆောင်ရွက်ခဲ့ ရတာဖြစ်တယ် လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆို ခဲ့ပြီး ဖြစ်စဉ် ကို စုံစမ်းစစ်ဆေးသွားမယ် လို့ ဆိုခဲ့ ပါတယ် ။.
ခရီးသည်တင်လေယာဉ် ရဲ့ လမ်းကြောင်း ကို ရုတ်တရက် ပြောင်းလိုက်ချိန်မှာ လေယာဉ်ပေါ်က ခရီးသည်တွေ အထိတ်တလန့်အော်ဟစ်ခဲ့ကြတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အီရန် တရားဝင်ရုပ်သံဌာန IRIB က ဖော်ပြခဲ့ ပါတယ်။ လေယာဉ်ရောက် ရှိနေတဲ့ အမြင့် ကို ပြောင်းလိုက်ချိန် အတွင်း အမိုးနဲ့ ခေါင်းဆောင့်မိကာ မျက်နှာပေါ် သွေးတွေစီးကျသွားတဲ့ အမျိုးသားတစ်ဦးကိုလည်း ယင်းဗီယိုဖိုင်မှာ တွေ့ရသလို သက်ကြီးပိုင်း ခရီးသည်တွေ လေယာဉ်ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်လဲကျသွား ခဲ့တာလည်း တွေ့ရပါတယ်။ ဖုန်းနဲ့ ရိုက်ထားပုံရ တဲ့ အခြား ဗီယိုဖိုင် တစ်ခုမှာတော့ ခရီးသည် တင်လေယာဉ်ဘေး မှာ တိုက်လေယာဉ်နှစ်စင်း ပျံသန်းနေတာ တွေ့ခဲ့ရ ပါတယ် ။
ဘေရွတ် လေဆိပ်ရောက်ချိန် မှာ ခရီးသည်အားလုံး လေယာဉ်ပေါ်က ဆင်းနိုင်ခဲ့ပြီး အချို့က အသေးစားဒဏ်ရာတွေရထားခဲ့တယ်လို့ လေဆိပ်အကြီးအကဲက ပြောဆိုပါတယ်။ ယင်းလေယာဉ် ဟာ သောကြာနေ့ အစောပိုင်းက တီဟီရန်ကို ပြန်ဆိုက်ရောက် ခဲ့တယ် လို့ Fars သတင်းဌာန က ပြောဆို ပါတယ် ။
ယင်းဒေသတွင်းရှိ အမေရိကန်တပ်တွေကို ကြီးကြပ်ရတဲ့ အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲ ရေးဌာနက ပြောဆိုရာ မှာ အီရန် ခရီးသည် တင် လေယာဉ်ဟာ အမေရိကန်တပ်တွေ ရှိနေတဲ့ ဆီးရီးယားရဲ့ Tanf မြို့စောင့်တပ်အနီး ဖြတ်သန်းသွားချိန် အက်ဖ် ၁၅ တိုက်လေယာဉ်က မြင်ကွင်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ တာဖြစ်တယ် လို့ ပြောဆို ပါတယ် ။ ယင်း မှာ တိုက်လေယာဉ်ဟာ အကွာအဝေး ၁၀၀၀ မီတာလောက်ကနေ လုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ ဗဟိုကွပ်ကဲရေးဌာန ပြောရေးဆိုခွင့် ရှိသူ ကပ္ပတိန် ဘီလ်အာဘန် က ပြောဆို ခဲ့ ပါတယ် ။
Comments
Post a Comment