ဧရာဝတီလင်းပိုင် ဘတ္ထရီရှော့ခ်တိုက်ဖမ်းဆီးမှု

ပြီးခဲ့တဲ့ ဇူလိုင်(၁၁)ရက်၊ စနေနေ့ညနေပိုင်း ခြောက်နာရီခွဲ အချိန်လောက်မှာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆည်သည်(မ) ကျေးရွာဆိပ်ကမ်းမှာ သေဆုံးနေတဲ့ ဧရာဝတီလင်းပိုင်ငယ်တစ်ကောင်ကို ထပ်မံပြီး ဆယ်ယူရရှိခဲ့ပါတယ်။ ဘတ္ထရီရှော့ခ်တိုက်ဖမ်းဆီးမှုကြောင့် သေဆုံးရတယ်လို့ ယူဆရပြီး လွန်ခဲ့တဲ့ ဇွန်လ(၂၉)ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှာ (၁) လသားတောင်မပြည့်သေးတဲ့ ဧရာဝတီလင်းပိုင်ငယ်တစ်ကောင် ဘတ္ထရီရှော့ခ်တိုက်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ပါသေးတယ်။

ဒါဟာ တစ်လတောင်မပြည့်သေးတဲ့အချိန်မှာပဲ ဧရာဝတီလင်းပိုင်ငယ်(၂)ကောင်သေဆုံးခဲ့တာဖြစ်ပြီး ဘတ္ထရီရှော့ခ်တိုက်ဖမ်းဆီးသူတွေကို ထိရောက်တဲ့အရေးယူမှု တွေပြုလုပ်ဖို့လိုလာပြီဖြစ်ပါတယ်။ ဒါ့အပြင် အခုလင်းပိုင်ငယ်သေဆုံးခဲ့တဲ့နေရာက ရဲကင်းနဲ့နီးစပ်တဲ့နေရာဖြစ်တယ်လို့ စုံစမ်းမေးမြန်းမှုတွေအရသိရပြီး ဖမ်းဆီးသူတွေအနေနဲ့ ရဲတွေကင်းလှည့်တဲ့အချိန်ကို မှတ်သားထားတာဖြစ်လို့ ရဲတပ်ဖွဲ့တွေအနေနဲ့ ပုံမှန်ကင်းလှည့်တာထက် ကင်းပုန်း နဲ့ ရှောင်တခင်ဖမ်းဆီးမှုတွေပြုလုပ်တာက ပိုပြီးထိရောက်နိုင်တယ်လို့ အကြံပြုထားပါတယ်။



#WeNews #ဧရာဝတီလင်းပိုင် #ဘတ္ထရီရှော့ခ်တိုက်ဖမ်းဆီးမှု

Photos Crd......

Comments