နဘားရွာအတွင်းတွင်_လူသတ်မှုဖြစ်ပွား
လူသတ်တရားခံမှ_နဘားရဲကင်းတွင်အဖမ်းခံ
==============================
၂၈ ၇ ၂၀၂၀ရက်နေ့
၀၉ ၁၀ အချိန်ခန့်
အင်းတော်မြို့နယ် နဘားကျေးရွာ ဘူတာစုရပ်ကွက်အတွင်း၌
အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးမှ ဒါးဖြင့် ရက်စက်စွာ ခုတ်သတ်ခဲ့မှုဖြစ်ပွားခဲ့သည်။
တရားခံအမျိုးသားမှ နဘားရဲကင်းစခန်းသို့ ခုတ်သည့်ဒါးဖြင့် သွားရောက်အဖမ်းခံခဲ့ပါသည်။
အခင်းဖြစ်ပွားရာသို့
အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ၊
ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ၊
အင်းတော်မြို့မစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များမှ လာရောက် အသေးစိပ်ဆောင်ရွက်ခဲ့ကြပါသည်။
သေဆုံးသူ အမျိုးသမီး အလောင်းအား မြတ်စေတနာ နာရေးကားဖြင့် အင်းတော်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
Credit
=================+========================
သတင်းအပြည့်အစုံ
======***======
ချေးငွေပြန်မဆပ်ပဲ"ကြိုက်တဲ့နေရာတိုင်။"ဇ"ရှိရင်လုပ်ကြည့်"ပြောသူကိုဓားနှင့်ခုတ်သတ်လိုက်ပြီ
အမှုဖြစ်စဉ်မှာ၂၈.၇.၂၀၂၀ရက်မွန်းလွဲ၁၂နာရီ၅၅မ်နစ်အချိန်စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့မရဲစခန်းတွင်ဒုရဲမှုးမြင့်အောင်စခန်းမှုးတာ၀န်ထမ်းဆောင်နေစဉ်ဦးဇင်ယော်မောင်မောင်(၂၀)နှစ်၊ကျဘမ်း၊ဘူတာစုရပ်ကွက်၊နဘားကျေးရွာ၊အင်းတော်မြို့နေသူက၎င်းသည်၂၈.၇.၂၀၂၀ရက်နံနက်၈နာရီအချိန်ခန့်ကတရားလိုသည်၎င်းနှင့်တစ်အိမ်ထဲအတူနေအမဖြစ်သူမဇင်မာနှင့်အတူဆိုင်ကယ်ဖြင့်နဘားဘူတာစျေးအနီးရှိ၎င်းတို့၏စျေးဆိုင်သို့ထွက်လာခဲ့ရာလမ်းဆုံကွေ့အရောက်တစ်ရွာထဲနေမြင့်အောင်ဆိုသူကမျက်နှာချင်းဆိုင်တည့်တည့်မှဆိုင်ကယ်ဖြင့်၀င်ရောက်တိုက်မည်ပြုရာရှောင်၍စျေးဆိုင်သို့သွားရောက်ခဲ့ကြောင်း၊၎င်းတို့မောင်နှမစျေးဆိုင်သို့ရောက်ရှိချိန်တွင်ဦးမြင့်အောင်ကဆိုင်ကယ်ကိုပြန်ကွေ့လာပြီး၎င်းတို့စျေးဆိုင်၏တစ်ဆိုင်ကျော်ရှိသူ၏စျေးဆိုင်သို့ရောက်ရှိနေကြောင်း၊တရားလိုနှင့်အမဖြစ်သူမဇင်မာတို့သည်အင်းတော်မြို့တွင်ရောင်းချမည့်အထည်ပစ္စည်းများထည့်နေကာမောင်နှမနှစ်ယောက်အထည်ထုပ်တင်ကာထွက်လာချိန်တွင်ဦးမြင့်အောင်သည်၎င်း၏စျေးဆိုင်ခေါင်မိုးတွင်ထိုးထားသောဓားရှည်ကိုယူကာတရားလိုတို့ဆိုင်ကယ်နောက်သို့လိုက်လာသည်ကိုတွေ့မြင်ရသဖြင့်၎င်းတို့သည်အင်းတော်မြို့ဘက်သို့မသွားတော့ပဲဘူတာစုရပ်ကွက်ရှိနေအိမ်သို့ပြန်လာခဲ့ရာဒေါ်မေသူအောင်၏အိမ်အနီးလမ်းဆုံအရောက်တွင်ဦးမြင့်အောင်ကဓားကိုင်ကာကြိုတင်ရောက်ရှိနေပြီး"ဆိုင်ကယ်ရပ်စမ်း"ဟုပြောဆိုပြီးအမမဇင်မာကိုဓားနှင့်ပြေးခုတ်သောကြောင့်တရားလိုကထွက်ပြေးခဲ့ရာဦးမြင့်အောင်ကမဇင်မာကိုဓားနှင့်ခုတ်ခဲ့သဖြင့်မဇင်မာသည်ဒေါ်မေသူအောင်၏ခြံ၀တွင်လဲကျစဉ်ဦးမြင့်အောင်ကဓားနှင့်ဆက်လက်ခုတ်ရာမဇင်မာတွင်ယာပါးပြင်နှင့်ယာနားရွက်တွင်(၅)လက္မခန့်ပြတ်ရှဒဏ်ရာ၊ယာတံတောင်ဆစ်မှယာ
လက်ကောက်၀တ်အထိပြတ်ရှစုပ်ပြဲဒဏ်ရာ၊ဝဲတံတောင်ဆစ်ပြတ်ရှဒဏ်ရာ၊ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာများရရှိကာအခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်းသိရသောကြောင့်အမဖြစ်သူမဇင်မာကိုဓားနှင့်ခုတ်သတ်သူမြင့်အောင်ကိုဥပဒေအရဖမ်းဆီးအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာအင်းတော်မြို့မရဲစခန်းအမှုကြီးအမှတ်စဉ်(၃/၂၀၂၀)၊(ပ)၆၃/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်ကာအမှုစစ်စခန်းမှုးဒုရဲမှုးမြင့်အောင်ကရဲစခန်းမြောက်ဘက်(၆)မိုင်ခန့်အကွာအင်းတော်မြို့နယ်၊နဘားကျေးရွာ၊ဘူတာစု၊ရပ်ကွက်(၈)သို့သက်သေများလိုက်ပါလျက်အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊မှတ်တမ်းပုံရိုက်ကူးခြင်း၊သေဆုံးသူအလောင်းကိုရဲဆေးစာနှင့်အတူပြည်သူ့ဆေးရုံသို့ပို့ဆောင်ခြင်း၊တရားလိုနှင့်သက်သေအချို့ကိုစစ်မေးခြင်း၊ပြစ်မှုကျူးလွန်သူမြင့်အောင်(၄၆)နှစ်၊စျေးရောင်း၊ရပ်ကွက်(၈)၊ဘူတာစု၊နဘားကျေးရွာနေသူကိုအမှုနှင့်ဖမ်းဆီးပြီးသက်သေခံအရိုး(၆)လက္မခန့်၊အသွား(၂၀လက္မခွဲ)ခန့်၊အရိုးအသွား(၂၆လက္မခွဲ)ခန့်သတ္တုရိုးတပ်ဓားဦးချွန်ကင်ဒိုဓား(၁)ချောင်း၊သေဆုံးသူမဇင်မာဆောင်းသည့်ရုံးခမောက်(၁)လုံး၊သေဆုံးသူမဇင်မာစီးသည့်နီညိုရောင်စပ်ကြား.မ.စီးနံပါတ်(၃၈)၁ရံတို့ကိုသိမ်းဆည်းကာရဲစခန်းသို့ခေါ်ဆောင်လာပြီးအမှုနှင့်စစ်မေးရာ၎င်းကသေဆုံးသူမဇင်မာသည်လွန်ခဲ့သော(၂)လခန့်ကဦးမြင့်အောင်ထံကငွေကျပ်(၈)သိန်းကိုချေးယူထားခဲ့ကြောင်း၊၎င်းကအကြိမ်ကြိမ်ပြန်လည်ဆပ်ရန်တောင်းခံခဲ့သော်လည်းချေးငွေကိုပြန်မဆပ်ပဲ"ကြိုက်တဲ့နေရာမှာရှင်းလို့ရတယ်၊ဇရှိရင်လုပ်ကြည့်လိုက်"ဟုမဇင်မာကပြန်ပြောသောကြောင့်စိတ်ဆိုးဒေါသထွက်ကာ၎င်းစျေးဆိုင်ကပစ္စည်းသယ်ပြီးထွက်လာစဉ်ဆိုင်ကဓားကိုယူဆောင်ကာမဇင်မာကိုအိမ်အပြန်လမ်းဆုံတွင်ဓားနှင့်ခုတ်ခဲ့ကြောင်းပေါ်ပေါက်ချက်အရအသေးစိပ်စစ်မေးကာတရးစွဲတင်ပို့မည်ဖြစ်ကြောင်းသိရသည်။
အောင်ကျော်ဦး(ပြည်မျက်လုံး)S.H
ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်
Crd....

Comments
Post a Comment