ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံများ အား ထပ်မံဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံများ အား ထပ်မံဖမ်းဆီးရမိ





နေပြည်တော်။ ဇူလိုင် ၄

ဇူလိုင်လ ၃ ရက်နေ့ ၀၅၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာရဲကင်းမှ တပ်ဖွဲ့၀င်များသည် အောင်မင်္ဂလာအဝေးပြေးကား၀င်းအတွင်း လှည့်ကင်းတာ၀န်ဆောင်ရွက်စဉ် ----- ယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ယာဉ်မောင်းဖြစ်သူ တောင်ကြီးမြို့၊ စဉ့်မယ် ကျေးရွာနေ စောသိန်းလင်းကျော် ၄၆ နှစ် နှင့် ယာဉ်နောက်လိုက်များဖြစ်ကြသည့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ နေ အောင်နိုင်ဦး ၃၅ နှစ်၊တောင်ကြီးမြို့၊ တန်ကွဲကျေးရွာနေ အောင်ဖြိုးဦး ၂၈ နှစ် တို့အားတွေ့ရှိပြီး ယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် စက္ကူဂျပ်ဖာများအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၄၅၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား လာရောက်ယူဆောင်ရွေးယူသူ မြောက်ဥက္က လာပမြို့နယ်၊ (ဌ)ရပ်ကွက်နေသူများဖြစ်သည့်  ၀င်းလွင် ၃၉ နှစ်နှင့် ဒေါ်နိုင်နိုင် ၄၁ နှစ်တို့အား ၀၈၄၅ အချိန် အောင်မင်္ဂလာကား၀င်းတွင် မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် များဖော်ထုတ် စစ်ဆေးခဲ့ပါသည်။
ယင်းသို့ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအားပို့ဆောင်သူများဖြစ်သည့်  ရှမ်းပြည် နယ်၊ ဆီဆိုင်မြို့နယ်၊ မင်္ဂလာရပ်ကွက်နေ ပိုင်ဦး ၃၈ နှစ်၊ ဆီဆိုင်မြို့နယ်၊ အောင်သိန္ဒိရပ်ကွက်နေ မမြတ်မွန်ဦး ၃၁ နှစ် နှင့် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာ၊ မင်္ဂလာရပ်ကွက်နေ ခွန်သိန်းထူးလေး ၃၂ နှစ် တို့အား ၂၁၀၀ အချိန်တွင် ၎င်းတို့နေအိမ်အသီးသီးမှ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့်  မင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

(Unicode)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံများ အား ထပ်မံဖမ်းဆီးရမိ

နေပြည်တော်။ ဇူလိုင် ၄

ဇူလိုင်လ ၃ ရက်နေ့ ဝ၅၀ဝ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာရဲကင်းမှ တပ်ဖွဲ့ဝင်များသည် အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် ----- ယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ယာဉ်မောင်းဖြစ်သူ တောင်ကြီးမြို့၊ စဉ့်မယ် ကျေးရွာနေ စောသိန်းလင်းကျော် ၄၆ နှစ် နှင့် ယာဉ်နောက်လိုက်များဖြစ်ကြသည့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ နေ အောင်နိုင်ဦး ၃၅ နှစ်၊တောင်ကြီးမြို့၊ တန်ကွဲကျေးရွာနေ အောင်ဖြိုးဦး ၂၈ နှစ် တို့အားတွေ့ရှိပြီး ယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် စက္ကူဂျပ်ဖာများအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀ဝ၀ဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၅၀ဝ)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား လာရောက်ယူဆောင်ရွေးယူသူ မြောက်ဥက္က လာပမြို့နယ်၊ (ဌ)ရပ်ကွက်နေသူများဖြစ်သည့်  ဝင်းလွင် ၃၉ နှစ်နှင့် ဒေါ်နိုင်နိုင် ၄၁ နှစ်တို့အား ဝ၈၄၅ အချိန် အောင်မင်္ဂလာကားဝင်းတွင် မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် များဖော်ထုတ် စစ်ဆေးခဲ့ပါသည်။
ယင်းသို့ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအားပို့ဆောင်သူများဖြစ်သည့်  ရှမ်းပြည် နယ်၊ ဆီဆိုင်မြို့နယ်၊ မင်္ဂလာရပ်ကွက်နေ ပိုင်ဦး ၃၈ နှစ်၊ ဆီဆိုင်မြို့နယ်၊ အောင်သိန္ဒိရပ်ကွက်နေ မမြတ်မွန်ဦး ၃၁ နှစ် နှင့် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာ၊ မင်္ဂလာရပ်ကွက်နေ ခွန်သိန်းထူးလေး ၃၂ နှစ် တို့အား ၂၁၀ဝ အချိန်တွင် ၎င်းတို့နေအိမ်အသီးသီးမှ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့်  မင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

crd...

Comments