ကန့်ဘလူမြို့အမှတ်(၃)ရပ် ကွက် လူသတ်မှု

ကန့်ဘလူမြို့အမှတ်(၃)ရပ် ကွက် လူသတ်မှု
==================================


၂၀၂၀-ခုနှစ် ဇူလိုင်လ(၂၀) ရက် စစ်ကိုင်းတိုင်ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့  အမှတ်(၃)ရပ်ကွက် ရွှေကျွန်းတော(၃)လမ်းနေ ဦးအုန်းမောင်(မိ)(ဒေါ်သောင်းစိန်) နေအိမ်တွင် သားအငယ်ဆုံး မောင်စုပ်ချွန်း(ခ)အောင်မြတ်လင်းသည် စိတ်ဖောက်ပြန်ကာ ဖခင်အား"အုန်းမောင်ဘယ်သွားလဲ သတ်မည်"ဟုပြောဆိုပြီး နေအိမ်ရှိပစ္စည်းများး ဖျက်ဆီးရန်မူခဲ့သဖြင့် ဖခင်ဖြစ်သူသည် နံနက်(၈) နာရီခန့်တွင် သမီးကြီး မဝိုင်းတင်နှင့်အတူ နေအိမ်အရှေ့ဘက် (၁)မိုင်ခန့်ဝေးသည့် ဝါးတောမြောင်းတောတိုက်တွင်နေထိုင်သော သားလတ်ဖြစ်သူမောင်အောင်မြင့်သန်း၏ တဲတိုက်သို့သွားရောက်ခဲ့ပါ သည်။၎င်းတဲသို့ရောက်သော အခါ မောင်အောင်မြင့်သန်းသည် အရက်သောက်စား မှုးယစ်နေပြီး "ဘာဖြစ်လို့လာကြတာလဲ"ဟုမေးသဖြင့်ဖခင် ဖြစ်သူဦးအုန်းမောင်မှ မောင်စုပ်ချွန်း(ခ)အောင်မြတ်လင်းသည်စိတ်ဖောက်ပြန်ကာ အိမ်ရှိပစ္စည်းများဖျက်ဆီးနေ၍ ဖခင်းအားသတ်မည်စိုးရိမ်သဖြင့် အိမ်မှာမနေရဲပဲ လာခဲ့ခြင်းဖြစ်ကြောင်း ပြောပြရာ သားကြီးမောင်အောင်မြင့်သန်းသည် "အဲဒီကောင်ကို ခင်များသတ်မှာလား ၊ ကျုပ်သတ်ရမှာလား"ဟုပြောပြီး ၎င်းတဲရှိ အရိုးအသွား(၂)ပေခန့်ရှိ ဓါးမ(၁)ချောင်းကိုင်ကာ အမှတ် (၃)ရပ်ကွက်ရှိနေအိမ်သို့ထွက် သွားပြီး နာရီဝက်အကြာတွင် မောင်အောင်မြင့်သန်းသည် တဲတိုက်ပြန်ရောက်လာပြီး ညီဖြစ်သူ၏လည်ပင်းအား ဓါးနှင့်လှီးထားခဲ့ကြောင်းဖခင်အားပြောပြခဲ့ပါသည်။

ဦးအုန်းမောင်သည်အမှတ်(၃) ရပ်ကွက်နေအိမ်သို့ ပြန်၍ကြည့်ရာ သားငယ်မောင်အောင်မြတ်လင်း အသက်(၃၂)နှစ်သည် နေအိမ်ရှေ့ခန်းတွင် လည်ပင်း(၃)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်နှင့်အတူ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။(ဘ)ဦးအုန်းမောင် ၏သားကြီး မောင်အောင်မြင့်သန်း၊
အသက်(၄၄)နှစ်၊ ၅/ကဘလ(နိုင်)၀၈၃၆၉၁အား ဥပဒေအရအရေးယူထားကြောင်းသိရပါသည်။
Crd........

Comments