ခေါင်လန်ဖူးတောလား ဘဝမှာ အခက်ခဲဆုံးခရီး

ခေါင်လန်ဖူးတောလား
ဘဝမှာ အခက်ခဲဆုံးခရီး
၂၀၁၁ ဇွန်မှ ၂၀၁၃ ဇန်နဝါရီလထိ မြန်မာပြည်မှာ လမ်းပမ်းဆက်
သွယ် ရေးအခက်ခဲဆုံးဖြစ်သည့်
ခေါင်လန်ဖူးမြို့ အထကသို့
အထက်တန်းကျောင်းအုပ် တာဝန်ဖြင့် တာဝန်ထမ်းဆောင်ခဲ့တယ်

လမ်းကြောင်း(၂)ခုနှင့် သွားခဲ့ရတယ်
မြစ်ကြီးနား မှ ပူတာအို လေယာဥ်စီးပြီး
ပူတာအိုမှ နောင်မွန်းမြို့သို့ ခြေလျင်ခရီး
(၃)ရက် လမ်းလျှာက်ရတယ် လမ်းမှာ ရွာမရှိတဲ့ တောထဲမှာ ၂ ညအိပ်ရတယ်
အလွန်းအေးတဲ့ဆောင်းရာသီမှာ
စောင်မသယ်နိုင်လို့ တောထဲက ​ဗိုလ်တဲ
မှာ မီးဖိုဘေးမှာ အိပ်ရတယ်
နောင်မွန်းကနေ ခေါင်လန်ဖူးထိ (၇)ရက်
လမ်း ခြေလျင် လမ်းလျှာက်ရတယ်
ရွာမရှိတဲ့ တောကြီးမြက်မဲထဲမှာလည်း
(၄)ညအိပ်ရတယ် လမ်းမှာ စျေးဆိုင်မရှိ
ကိုယ့်အထုပ်ကိုယ်ထမ်း ကိုယ်ထမင်းကိုယ်
ချက်စားရတယ် နွေနှင့်မိုးဆို တောင်ပေါ် လမ်းခရီး မိုးရေထဲ လမ်းကပွက်ထဲ သွားရတယ် ခန္ဓာအောက်ပိုင်းကို
ကျွတ်က အကောင်​ပေါင်းများစွာကိုက်တယ်
အပေါ်က သစ်ပင်ခြုံပင်အုပ်ဆိုင်းနေပြီး
၎င်း အပင်များက ဒက် ဆိုတဲ့အကောင်တွေ က ခန္ဓာကိုယ်အပေါ်ပိုင်းကို ကိုက်ခံရတယ်
ဆန်းလွတ်ချက်ဆိုတဲ့ ပေ ၈၀၀၀ ကျော်မြင့် တဲ့ တောင်ကြားကို ကျော်ဖြတ်ရတယ် ဒါအနိမ့်ဆုံးနေရာပါ ရဟတ်ယာဥ်တွေ
တောင်မှ အဲ့ဒီ ဆန်းလွတ်ချက် တောင်ကြား
(V)ရှိတ်နေရာကဘဲ ဖြတ်ရတယ် ကျန်တဲ့ နေရာတွေက ဒီထက်ပိုမြင့်တယ်လေ
ကိုယ့်ဘဝမှာ ဒီတောင်တွေကိုမှ ကျော်နိုင် ပါ့ မလားလို့ စိုးရိမ်ခဲ့ပေမဲ့ ဇွဲနှင့်ကြိုးစားပြီး
ကျော်ဖြတ်နိုင်ခဲ့ပါတယ် လမ်းမှာ ရေ​ဗူးမလို ပါဘူး ရေ​ဗူးဝယ်ဖို့ကလည်း ဝယ်စရာဆိုင် မရှိပါဘူး ဒါပေမဲ့ နေရာတိုင်းမှာ ကျောက်တောင်ကြားကထွက်တဲ့ရေတွေကို
ဝါးလုံးခြမ်းဖြင့် လမ်းဘေးအရောက် သွယ် ပေးထားတယ် ရေခွက်လည်း မလိုပါဘူး
ပါးစပ်ဟပြီး ကျနေတဲ့ရေကို အဆင်သင့် သောက်လိုက်ရုံဘဲ (ပုံမှာကြည့်ပါ)
ဒီဒေသမှာ ကောင်းတာ တစ်ခုကတော့
အဲ့ဒီရေကို သောက်ပေမဲ့လည်း ဘာ ရောဂါ မှမဖြစ်ဘူး ငှက်ဖျားရောဂါလည်း မရှိဘူး
ကောင်းတာပြောရရင် လမ်းမှာ သိပ်လှတဲ့ ရှုခင်းတွေကိုမြင်တွေ့တယ် ရေခဲတောင်တွေကို မြင်တွေ့ရတယ်
ရေတံခွန်းပေါင်း မြောက်များစွာကို မြင်တွေ့ ရတယ် ခေါင်လန်ဖူးမြို့နယ် ဆနန်ဆိုတဲ့ရွာ
နားရှိ ပေ ၈၀၀၀ ခန့်မြင့်တဲ့ တောင်ပေါ်က နေ အောက်ဖက် မေခမြစ်ထဲသို့ တစ်မိုင်ခန့်
အဆင့်ဆင့် စီးကျနေတဲ့ အလွန်ကြီးတဲ့ ရေတံခွန်ကြီးကိုလည်း ၈ မိုင်ခန့်ဝေးတဲ့
ထလားလော်ရွာ မရောက်ခင်ကနေ မြင်ရတဲ့
မြင်ကွင်းဟာ အလွန်အံ့သြစရာ ကောင်းလှ ပါတယ် တိမ်ကြားကနေစီးကျနေတဲ့ ရေတံခွန်ကြီးဟာ အလွန်လှပလို့နေတယ်
အဲ့ဒီရေတံခွန်ရဲ့ ပုံအစ်တ်အပိုင်း တချို့ကို
ပုံထဲမှာမြင်တွေ့ရမှာပါ
ဒါအပြင် ရီဒမ်ဆိုတဲ့ရွာနားမှာလည်း
လူတွေသိပ် မသိတဲ့ လမ်းပမ်းဆက်သွယ်
ရေးခက်လို့ လူမကောင်တဲ့ သဘာဝလှိုဏ်ဂူ ကြီးရှိ ပါတယ် မှောင်မှောင်မဲမဲထဲ အရဲစွန့် ပြီးဝင်ကြည့်တာ လှိုဏ်ဂူက အတော်ရှည် တယ် အထဲမှာ သဘာဝအတိုင်း သိပ်လှတဲ့
ကျောက်စက်ပန်းဆွဲကို တွေ့ရတယ်
လမ်းမှာ ကြိုးတံတားပေါင်းများစွာ ဖြတ်ရတယ်
ဒါက မြစ်ကြီးနား ပူတာအို နောင်မွန်း
ခေါင်လန်ဖူးဘမ်းခရီးမှာ ကြုံတွေ့ခဲ့တာ တွေကို share ပေးတာပါ

နောက်တလမ်းကတော့ တရုတ်ပြည်ထဲက နေသွားရတာပါ
မြစ်ကြီးနားကနေ တရုတ်နယ်စပ် ကန်ပိုက်
တီး မြို့ကို ကားနှင့် သွားပြီး ကန်ပိုက်တီးမှာ passpost လုပ်ပြီး ကန်ပိုက်တီးကနေ တရုတ်ပြည်(ယူနန်ပြည်နယ်) ကူရုံမြို့ထိ ကားနဲ့သွား ကူရုံမြို့ကနေ တိုင်းမြို့တော်
ထိန်ချုန်းမြမို့ထိ ကားနှင့်သွားပြီး ထိန်ချုန်း မြို့ကနေ နူကျန်းမြစ်(သံလွင်မြစ်ဖြား) ဘေးအတိုင်းသွားရတယ် နောက်တိုင်းမြို့ တော် တစ်ခုဖြစ်တဲ့ လိုခူးတိုင်းမြို့တော်ကို ဖြတ်ပြီး ခရိုင်မြို့တော် ဖူကုန်းမြို့ထိ ကားဖြင့် မိုင်ပေါင်းများစွာ အဆင့်ဆင့် သွား
ရတယ် ဖူကုန်း(ရှားဖား)မြို့ကနေ
တရုတ်မြန်မာနယ်စပ် ကျောက်တိုင်(၃၁) ရှိ
ပေ ၁၀၀၀၀ ကျော်အမြင့်ရှိတဲ့ ဂီဂီတောင်ကြားကိုဖြတ်ပြီး နယ်စပ်ရှိ ရဝမ် ပြည်သူ့စစ်ဌာနချုပ်ရှိရာ ရှိန်းခေါင်မြို့ကို
ကား​ဖြင့်သွားရတယ် မိုးရာသီဆို ကားသွား
လို့ရပေမဲ့ ဆောင်းရာသီဆို လမ်းတွေ ရေခဲ သွားလို့ ကားမောင်းလို့မရတော့ ပါဘူး.
ရေခဲပြင်ပေါ် လမ်းဘဲလျှာက်ရတယ်
ရှိန်းခေါင် နယ်စပ်မြို့ကနေ ခေါင်လန်ဖူးမြို့ ထိ (၃)ရက်ခရီး တောင်တွေကျော် မြစ်ချောင်းတွေဖြတ်ပြီး လမ်းလျှာက်ရ တယ်
ဒါက ဝန်းထမ်းတွေ ပညာရေးဝန်ထမ်းတွေ
ခက်ခက်ခဲခဲ သွားရောက်တာဝန် ထမ်း ဆောင်ရတာကို သိစေချင်လို့ပါ
ဒီလောက်ခက်ခဲတဲ့ ဒေသကို ခုဆို ဆရာမအငယ်တွေတောင် စွန့်စားပြီးသွား
ရောက်တာဝန် ထမ်းဆောင်နေ ကြပါတယ်



 Crd..........

Comments