ကားနှစ်စီးတိုက်မှုဖြစ်ပွား
ေတာင်တွင်းကြီး ဇူလိုင် (၂)
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ ၊ မြို့လယ်လမ်းဆုံတွင် ယနေ့ ဇူလိုင် (၂) ရက် ၊ နံနက် (၅) နာရီခွဲ အချိန်ခန့်က မော်တော်ယာဥ်နှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့သည် ။
တောင်တွင်းကြီး - မကွေး ကားလမ်းအတိုင်း အနောက်ဘက်မှ အရှေ့ဘက်သို့ ယာဥ်မောင်း (အကူ) ကိုသုဝေချစ် (သ) ၂၁ နှစ်မောင်းနှင်လာသော ဒိုင်နာယာဥ်အား တောင်တွင်းကြီး - မြို့သစ်ကားလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ယာဥ်မောင်း ကိုထိုက်လှိုင်မင်း (သ) ၃၆ နှစ် မောင်းနှင်လာသော မော်တော်ယာဥ် အသေး ( ရင်ကွဲ) မှ ဒိုင်နာယာဥ်၏ နောက်ပိုင်းအား ဝင်ရောက် တိုက်မိပြီး ဒိုင်နာယာဥ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ဒိုင်နာယာဥ်ပေါ်တွင် ပါရှိလာသည့် အမျိုးသား (၂) ဦး အနက် တစ်ဦး မှာ ဦးခေါင်းနောက်စေ့ ထိခိုက်ဒဏ်ရာ ၊ တစ်ဦးမှာ ပေါင်ကျိုးဒဏ်ရာ တို့ရရှိခဲ့ကြပြီး တောင်တွင်းကြီး ပြည်သူ့ဆေးရုံသို့ စိတ္တသုခလူမှုကူညီရေးအသင်း အရေးပေါ် လူနာတင်ယာဥ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးခဲ့ကြသည် ။
အခင်းဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေး နှင့် မီးသတ် တပ်ဖွဲ့ဝင်များ ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ ၊ ဒေသခံပြည်သူများရောက်ရှိလာကြပြီး လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ေပါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့ကြသည် ။

Comments
Post a Comment