နွားနွားလိ တစ်ရှင်းပါ… လူမပါပဲ သူတို့ဘာသာ ထွန်နေတာ အံ့တောင်သြတယ်ဗျာ… ရုပ်သံလေးကြည့်လိုက်ပါအုံး
နွားအကြောင်း နဲ့ ပတ်သက်ပြီးတော့ ဗဟုသုတရစေရန် ရှေးဆိုရိုးမှတ်သားစရာလေးကို ဖော်ပြပေးလိုက်ပါတယ်
၁။ နွားနီ ကွမ်းသွေး ရိုက်နိင် မှပြေး ။၂။ နွားပြာနီ တုတ်မွှေး ရိုက်နိင်မှပြေး ။၃။ နွားပြာ ချိုတုတ် ထမ်းပိုးနှုတ် ။၄။နွားပြာနီ ရှဥ့်မွှေး ရိုက် နိင်မှပြေး ။၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး ။၆။ နွားဝါဖွဲနု သေအောင်ထု။၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း။
၈။ နွားဝါ မျက်ကွင်းဖြူ ကြိမ်မကူ။၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ။၁၀။ နွားညို သံရောင် ကြိမ်မဆောင် ။၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက် ဆုတ် စုံမှဟုတ်။ ၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှပေ ။ ၁၃။ ဗွေဆင့်မျက်ခြား အဝယ် မှား အိမ်ကမယား သေလတ္တံ့။
ကြည့်စမ်းပါအုံးဗျာ ဖေ့သားကြီး တို့လိမ္မာ ချက်က လူတောင်လို က်စရာမလိုဘူးနော်။ ညာဏ်ရည်တု AI နည်းပညာတွေထည့်ထားတာ မဟုတ်ဘူးနော် ဒါကသက်ရှိအမှန်အကန်။သူတို့ဘာသာထွန်နေကြတာ ဒီလိုနွားတစ်ရှဉ်းလောက် မလိုချင်ကြဘူးလား။ သူတို့ကထွန် ကိုယ်က ဖုန်းလေးနဲ့ ဖေ့ဘုတ် ပွတ်နေရုံဘဲ။
ထွန်သွားကြတာများ ထွန်ကြောင်း ကိုဖြောင့် လို့…လူပါတာကမှ လွဲချင် လွဲအုံးမယ်၊ သူတို့ကတော့မလွဲဘူး။တိရိစ္ဆာန်ဆိုပေမယ့် သူတို့အသိ ညာဏ်က ကိုယ့်တာဝန်ကိုသိတယ် မခိုမကပ်ကျေပွန်အောင်ထမ်းတယ်၊ တစ်ချို့လူတွေထက်တောင်သာသေးတယ်နော်။ နွားတွေဆိုတာ မြန်မာပြည်တောင်သူ လယ်သမားတွေအတွက်တော့ ရဲဘော်ရဲဘက်၊ ကျေးဇူးရှင် ဆိုလည်းမမှားပါဘူး။
နွားကောင်းကောင်းလေးများ ရထားရင် ပျော်လို့ မဆုံး တစ်ပြုံးပြုံး၊ သူ့နွား ကိုယ့်နွားအပြိုင် ကြွားရသေးတယ်။
Comments
Post a Comment