ဆိုင်ကယ်ခိုးသူ စုံတွဲ ကသာ ရဲ နဲ့ တည့်တည့်တိုး

ဆိုင်ကယ်ခိုးသူ စုံတွဲ ကသာ ရဲ နဲ့ တည့်တည့်တိုး
---------------------------------

ကသာ - ဇူလှိုင် (၁၀)

ကောလင်း မြို့ကနေ ကသာမြို့သို့
လာပြီး ဆိုင်ကယ်ခိုးယူကာ လှစ်ပြေးဖို့ လုပ်နေတဲ့ စုံတွဲကို ကသာ မြို့မ ရဲ စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းထွန်း ဦးဆောင်ပြီး ခိုးထုတ် ခိုးထည်နဲ့ အတူ လက်ပူး လက်ကြပ် ဖမ်းဆီးလိုက်ပါတယ် ။

၉.၇.၂၀၂၀ ရက်နေ့ ညနေပိုင်း အချိန်
က ကသာမြို့ ကမ်းနားလမ်း လေးထပ်
ကျောင်း အနီး ဗျ ူ းပွိုင့်မှာ လမ်းဘေးရပ်ထားတဲ့ YINXING 125 အမျ ိုးအစား ဆိုင်ကယ်ကို ခိုးယူသွားခဲ့တာပါ ။
CC -TV မှတ်တမ်းအရ နယ်ထိန်း
အဖွဲ့က လိုက်လံရှာဖွေရာမှာ ကသာမြို့ တောင်ပိုင်းရက်ကွက် လမ်းမတော်လမ်း မင်းမင်း ထမင်ဆိုင်အနီးမှာ နာရီပိုင်း
အတွင်း ဖမ်းမိခဲ့တာ ဖြစ်ပါတယ် ။

ဆိုင်ကယ်ခိုးယူမှု ကျ ူ းလွန်သူများမှာ
အောင်နိုင်လင်း အသက် ၃၅ နှစ် ကန့်ဘလူမြို့နယ် အင်းငုတ္တို ကျေးရွာ ( လက်ရှိကောလင်းမြို့) နေသူနဲ့
မနွယ် (ခ) မမိုးမိုးနွယ် အသက် ၄၀ နှစ် ကောလင်းမြို့နယ် မြောက်အင်း အုပ်စု အောင်သပြေရပ် နေသူတို့ ဖြစ်ကြောင်း သိရပါတယ် ။

မနွယ် (ခ) မမိုးမိုးနွယ် ဆိုသူမှာ ကသာအကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမ
ှုဖြင့် ထောင်ဒဏ်ကျခံနေရသော ၄င်း၏
ခင်ပွန်းဖြစ်သူကို ထောင်ဝင်စာတွေ့ရန်  အောင်နိုင်လင်း ဆိုသူနဲ့ အတူလာခဲ့ရာ က အခုလို ပြစ်မှုကျ ူ းလွန်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုထားပါတယ် ။


ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကောလင်းမြို့ကနေ နယ်ကျော်ပြီး ဆိုင်ကယ်ခိုးယူ ထွက်ပြေးဖို့ လုပ်နေတဲ့ အဆိုပါ စုံတွဲကို ကသာမြို့မရဲစခန်း က အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ် ။
မြင့်လွင်

Comments