ယာဉ်တိုက်မှုကြောင့်လူအသက်အန္တရာယ်ထိခိုက်မှုမရှိဘဲ၊ငါးရှည့်သေတ္တာများပွင့်ထွက်ကာငါးရှည့်များလမ်းမအပေါ်ပြန့်ကြဲလျှက်ရှိကြောင်းကနဦးသိရသည်။

ဇူလှိုင်လ(၈)ရက်၂၀၂၀

လားရိူးမြို့၊မြို့ရှောင်လမ်း၌
၈.၇.၂၀၂၀ခုနှစ်ရက်နေ့မနက်(၅)နာရီအချိန်ခန့်ကမန္တလေး၊လားရိူး၊မူဆယ်လမ်းပိုင်း၊အိုရီယမ်တယ်ဟိုင်းဝေးတိုးဂိတ်အနီးမန္တလေးမှမူဆယ်သို့ပို့ဆောင်မည့်
ငါးရှည့်သေတ္တာများတင်ဆောင်လာသောယာဉ်မောင်း..........၏(၆)ဘီးအမျိုးအစားယာဉ်အမှတ်  /..........သည်၊မြို့ရှောင်လမ်းပေါ်၌ရပ်တန့်ထားသော(၂၂)ဘီးဆီဘောင်ဆာတင်ယာဉ်အားနောက်မှဝင်တိုက်မှုဖြစ်ခဲ့သည်။
ယာဉ်တိုက်မှုကြောင့်လူအသက်အန္တရာယ်ထိခိုက်မှုမရှိဘဲ၊ငါးရှည့်သေတ္တာများပွင့်ထွက်ကာငါးရှည့်များလမ်းမအပေါ်ပြန့်ကြဲလျှက်ရှိကြောင်းကနဦးသိရသည်။



သတင်းဓာတ်ပုံ။  ။ပြည်နယ်SHရုံး(လားရိူးမြို့)
8.7.2020
Crd......

Comments