မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၁၄၁၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၁၄၁၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇူလိုင် ၁၈

ဇူလိုင်လ ၁၆ ရက်နေ့ ၂၃၃၀ အချိန်တွင် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မူဆယ်ဘက်မှ မန္တလေးဘက်သို့ မြစ်သားမြို့နယ်၊ ပေါက်မြိုင်ကျေးရွာနေသူများဖြစ်သည့် ဖိုးလပြည့် ၂၆ နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက် သက်အောင်သူ ၂၇ နှစ်စီးနင်းလိုက်ပါလာသည့် DONGFENG အမျိုးအစား တွဲကားယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် အလေးချိန် ၂၃၅၀၀ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၁၄၁၀ )နှင့် လက်ကိုင် ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။

(Unicode)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၁၄၁၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇူလိုင် ၁၈

ဇူလိုင်လ ၁၆ ရက်နေ့ ၂၃၃၀ အချိန်တွင် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မူဆယ်ဘက်မှ မန္တလေးဘက်သို့ မြစ်သားမြို့နယ်၊ ပေါက်မြိုင်ကျေးရွာနေသူများဖြစ်သည့် ဖိုးလပြည့် ၂၆ နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက် သက်အောင်သူ ၂၇ နှစ်စီးနင်းလိုက်ပါလာသည့် DONGFENG အမျိုးအစား တွဲကားယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် အလေးချိန် ၂၃၅၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၄၁၀ )နှင့် လက်ကိုင် ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။
crd...........

Comments