လှည်းကူးမြို့နယ်တွင် အမည်မသိ အပြင်းအထန်ရောဂါဖြင့် ဝက်များ သေဆုံးလျှက်ရှိဟု သိရ

လှည်းကူးမြို့နယ်တွင် အမည်မသိ အပြင်းအထန်ရောဂါဖြင့် ဝက်များ သေဆုံးလျှက်ရှိဟု သိရ
--------------------------------------------
လှည်းကူး၊ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ယခုနှစ်မိုးရာသီ၌ အမည်မသိ
အပြင်းအထန်ရောဂါတစ်ခုကြောင့် ဝက်အကောင်ရေမျာစွာသေဆုံးမှု့ ဖြစ်ပွားလျှက်ရှိနေတယ်လို့ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူ သူများထံက သိရပါတယ်။

သေဆုံးမှု့ဖြစ်ပွားလျှက်ရှိတဲ့ ဝက်များမှာ ဆေးကုသချိန်မရရှိပဲ မြန်ဆန်စွာ သေဆုံးနေခြင်းကြောင့် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများအနေနဲ့ စီးပွားရေးအရိုက်စေခဲ့တယ်လို့လည်း သိရပါတယ်။

"ကျွန်တော် တစ်လအတွင်းမှာ ဝက်အကောင်ရေ(၇၀)ကျော် သေဆုံးခဲ့ပါတယ်၊ ဆုံးရှုံးတန်ဖိုးငွေ သိန်း(၈၀)ခန့်လောက်ရှိပါမယ်၊ အခုခြံထဲမှာ ရှိနေသေးတဲ့ဝက်တွေကလည်း စိတ်မချရသေးပါဘူး၊
ဘာရောဂါမှန်းတော့ မသိပါဘူး ရောဂါကတော့ တော်တော်ပြင်းထန်ပုံရပါတယ်၊ ဆေးကုသချိန်ကို မရတာပါ၊ သေဆုံးခဲ့တဲ့ဝက်တွေ အကုန်လုံး မြေမြုပ်ပစ်ရပါတယ်၊"လို့ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်သူ
လှည်းကူးမြို့နယ်၊ ဒါးပိန်မြောက်ကျေးရွာအုပ်စု၊ တောရကျောင်းရွာသားတစ်ဦးက ပြောပါတယ်။

"နေမကောင်းဘူးထင်ရတဲ့ ဝက်တွေကို ဆေးထိုးတယ်၊ ဝက်ခြံတွေ သန့်ရှင်းရေးလုပ်တယ်၊ ကောင်းတဲ့ဝက်နဲ့ မကောင်းတဲ့ဝက်တွေကို  နေရာခွဲထားတယ်၊ လေကောင်းလေသန့်ရအောင်လုပ်ပေးတယ်၊ ဒါပေမယ့်မရပါဘူး၊ နေမကောင်းဖြစ်ပြီး အစားမစာတော့ဘူးဆိုတာနဲ့ နှစ်ရက်ပဲခံတယ်၊ ဆေးထိုးလည်း မရဘူး သေတာပဲ"လို့ ၎င်းရွာသားက ဆက်လက်ပြောဆိုခဲ့ပါသေးတယ်။

သေဆုံးမှု့ဖြစ်ပွားခဲ့တဲ့ ဝက်တွေရဲ့သားများမှာ ညို ခြင်း၊မဲခြင်း၊စသဖြင့် အရောင်းအသွေးပြောင်းလဲခြင်းမရှိပဲ
ဝက်အကောင်းများ လတ်ဆတ်သောဝက်သားများကဲ့သို့သာ ပုံမှန်အတိုင်း တွေ့မြင်ကြရတယ်လို့လည်း သိရပါတယ်။

ယင်းကဲ့သို့ သေဆုံးခဲ့တဲ့ ဝက်များကို
မြေမြုပ်နှံသူများ ရှိနေသလို စျေးကွက်အတွင်းသို့ ရောင်းချနေမှု့များလည်း ရှိနေတယ်လို့ အမည်မဖော်လိုသူ ဝက်ပွဲစားတစ်ဦးက စုံစမ်းသိရှိရပါတယ်။

"ကျွန်တော်ကတော့ နေမကောင်းတဲ့ ဝက်တွေဆိုရင် လုံးဝမဝယ်ပါဘူး ကျွန်တော့ကို ခေါ်ရောင်းတာတွေ ရှိပါတယ် စျေးပေါပေါနဲ့ကိုရောင်းတာပါ၊ ကိုယ့်စီးပွားအတွက်တစ်ခုတည်းနဲ့ အများဒုက္ခရောက်မယ့် အလုပ်ကိုမလုပ်ချင်ဘူး၊ ကယ်ရီဆွဲလည်း ထမင်းစားရတာပဲ၊"လို့ ၎င်းဝက်ပွဲစားက ဆိုပါတယ်။

Crd.........

Comments