မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း ကျပ်သိန်း ၃ဝဝဝ ကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း  ကျပ်သိန်း ၃ဝဝဝ ကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
==================================================-



မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းဝင်း တစ်ခုအတွင်း၌ ငွေကျပ်သိန်း ၃ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

အဆိုပါ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ လုံခြုံရေးပူးပေါင်း အဖွဲ့သည် မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက် ရှိ မဟာဝိဇိတာရာမ ကျောင်းတိုက်၊ နယ်ဦးကျောင်းဝင်းအတွင်း၌ မူးယစ် ဆေးဝါးများရှိနေကြောင်း သတင်း အရ သွားရှောက်ရှာဖွေ စစ်ဆေးရာ ကျောင်းဝင်းအတွင်း ရပ်ထားသည့် ံငနြအ အမျိုးအစား မော်တော်ယာဉ် အမှတ်၊MDY 1K/..... မော်တော်ယာဉ် ၏ နောက်ခန်းအတွင်းမှ ဘိန်းဖြူဆပ် ပြာခွက် ၁၁ဝဝ ခွက် (၁၁ ကီလို) (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂ဝဝဝ ကျော်)နှင့်အတူ ဝင်းဗိုလ်နှင့် ခွန်ဌေး တို့ ၂ ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိသူများ အား စစ်ဆေးမေးမြန်းချက်အရ မူး ယစ်ဆေးဝါးများသည် အောင်မြေ သာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ် ကွက်၊ ၁၄ လမ်း၊ ၈၆/၈၇ လမ်း ကြားရှိ စိုးပေနှင့်ညီများကားဝပ်ရှော့ မှ ယူဆောင်လာခြင်းဖြစ်ကြောင်း  သိရှိရသဖြင့် ဆက်လက်၍ ပူးပေါင်း တပ်ဖွဲ့ဝင်များက ညနေ ၅ နာရီခွဲခန့် တွင် အဆိုပါဝပ်ရှော့သို့ သွားရောက် စစ်ဆေးရာ ဝပ်ရှော့ပိုင်ရှင်ဖြစ်သူ  စိုးကျော်သူအား တွေ့ရှိဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ထို့နောက် စိုးကျော်သူအား စိစစ်မေးမြန်းချက်အရ မူးယစ်ဆေး ဝါးများသည် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်နေ ကျော်ဝေသက် ၏ ပစ္စည်းများဖြစ်ကြောင်းသိရှိရသ ဖြင့် ၎င်း၏နေအိမ်သို့ သွားရောက် ရှာဖွေရာ ကျော်ဝေသက်မှာ ထွက် ပြေးတိမ်းရှောင်လျက်ရှိပြီး မူးယစ် ဆေးဝါး ဆာလာအိတ် ၄ အိတ်ကို ၎င်း၏ အစ်ကိုဝမ်းကွဲတော်စပ်သူ မျိုးသိန်း၏နေအိမ်သို့ ရွေ့ပြောင်းထားကြောင်းသိရှိရသဖြင့် သွားရောက် ရှာဖွေရာ မျိုးသိန်းကို ၎င်း၏နေအိမ် ၌ဖမ်းဆီးခဲ့ပြီး မျိုးသိန်း၏ပြောပြ ချက်အရ မူးယစ်ဆေးဝါးများကို ၎င်း၏တပည့်ဖြစ်သူ ဦးအောင်မင်းနှင့် ဦးထွန်းဝေဝပ်ရှော့သို့ ပို့ဆောင်ထား ကြောင်း သိရှိရသဖြင့် ၎င်းဝပ်ရှော့သို့ သွားရောက်စစ်ဆေးခဲ့ရာ Mark II ယာဉ်ပေါ်မှ ဆာလာအိတ် ၄ အိတ် ဖြင့်ထည့်ထားသည့် ဘိန်းဖြူဆပ်ပြာ ခွက် ၇၇ဝခွက်(၇ ဒသမ ၇ ကီလို) (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၅ဝဝ ကျော်)ကို ဦးအောင်မင်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

အဆိုပါ မူးယစ်ဆေးဝါး များ၊ မော်တော်ယာဉ်များနှင့်အတူ  ဖမ်းဆီးရမိသူများအား ပြည်ကြီး တံခွန်မြို့နယ်ရှိ မူးယစ်တပ်ဖွဲ့စုသို့  လွဲပြောင်းအပ်နှံသွားမည်ဖြစ် ကြောင်း သိရသည်။
Crd......

Comments