ဂျပန်နိုင်ငံက မော်တော်ကားနဲ့မော်တော် ဆိုင်ကယ်တွေ တစ်ကမ္ဘာလုံးကို တင်ပို့နေတဲ့ ဟွန်းဒါး(Honda)ဆိုတာ
ကြားဖူးကြမှာပါ ။ဟွန်းဒါး ကုမ္ပဏီကို စတင်တည်ထောင်သူက
ဂျပန်လူမျိုး " ဟွန်းဒါးပါ " နာမည် အပြည့်အစုံက
" Soichiro_Honda "(ဆိုချီယို ဟွန်းဒါး )ဖြစ်ပါတယ်။
ဟွန်းဒါးကို အနောက်နိုင်ငံကသတင်းစာ မဂ္ဂဇင်းတွေမှာ အခက်အခဲနဲ့ ဘယ်လောက်ကြုံကြုံ ဘယ်တော့မှ
အရှုံးမပေးတဲ့ လူလို့ ချီးကျူး ရေးသားကြပါတယ်။
ဘာဖြစ်လို့ ဂျပန်လူမျိုးတယောက်ကို …
အနောက်နိုင်ငံတွေက ချီးမွန်းနေရတာလဲဆိုတာ … လေ့လာကြည့်ကြ ရအောင်။
၁၉၃၈ခုနှစ်မှာ .အသက်၂၁နှစ် အရွယ်
လူငယ်လေး ဟွန်းဒါးဟာ မော်တော်ကား အင်ဂျင်မှာသုံးတဲ့. ပစ္စတင်ကွင်း (Piston_Ring )လေးတွေကို
သူ့ရဲ့ကားပြင်တဲ့ အလုပ်ရုံမှာ စမ်းသပ်ထုတ်လုပ်တယ်။ အောင်မြင်ရင် တိုယိုတာမော်တော်ကားကုမ္ပဏီကြီးကို သူ့ပစ္စည်းတွေ သွင်းမယ်ပေါ့။ အလုပ်ရုံထဲမှာ တစ်ယောက်ထဲ နေ့ရောညရော တကုပ်ကုပ်နဲ့ကြိုးစား ပမ်းစားလုပ်တယ်။
ပိုက်ဆံမလောက်လို့ သူ့မိန်းမရဲ့ လက်ဝတ်လက်စားတွေ ရောင်းချပြီး ဆက်လုပ်တယ်။
နောက်ဆုံးအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီ။ ပစ္စည်းနမူနာအချို့ကို ယူပြီး တိုယိုတာ ကုမ္ပဏီကိုသွားပြတယ်။
သူ့ပစ္စတင်ကွင်းတွေဟာ စမ်းသပ်ရင်း တချို့ကျိုးကုန်လို့ Quality အရည်အသွေး မမှီဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။ သူစိတ်ပျက်လက်လျှော့ သွားပြီလား။. 👆 … …
သူဟာ သတ္တုကျိုစပ်နည်း ကိုကောင်းကောင်း
မသိလို့ဖြစ်မှာပဲ ဆိုပြီး…
အင်ဂျင်နီယာကျောင်း သွားတက်တယ်။
ကျောင်းက အင်ဂျင်နီယာတွေက သူ့ရဲ့ ပစ္စတင်ကွင်းကို ကြည့်ပြီးဝိုင်းဟားကြတယ်။
သူရှက်ပြီး. စိတ်ပျက်သွားပြီ
၂ နှစ်ကြာအောင် သူ့ရဲ ပစ္စတင်ကွင်းတွေကို ဆက်လုပ်တယ်။ နောက်ဆုံး အောင်မြင်သွားလို့ …
တိုယိုတာ ကုမ္ပဏီက လက်ခံပြီး ပစ္စည်းတွေသွင်းဖို့
ကန်ထရိုက် စာချုပ်ချုပ်လိုက်တယ်။
အခု ဟွန်ဒါးဟာ ပစ္စည်းထုတ်လုပ်ဖို့
စက်ရုံတခုဆောက်ဖို့ လိုလာ
ဒါပေမဲ့ အဲဒီအချိန်မှာ ဒုတိယက မ္ဘာစစ်ကြီးစတင်တော့မှာမို့ ဂျပန်စစ်တပ်က ဘိလပ်မြေတွေ အကုန် သိမ်းထားတယ်။ ဟွန်းဒါးဟာ ဘိလပ်မြေကို ဘယ်မှာမှ ဝယ်လို့မရတော့ဘူး။ ဟွန်းဒါး စိတ်ပျက် သွားပြီလား။
သူဟာ ရတဲ့ ပစ္စည်းနဲ့ ဘိလပ်မြေ ထုတ်လုပ်နည်းကို
တီထွင် လိုက်တယ်။
သူကိုယ်တိုင် ထုတ်တဲ့ ဘိလပ်မြေနဲ့ စက်ရုံကိုကွန်ကရစ်လောင်းပြီး အပြီးတည်ဆောက် လိုက်တယ်။
စက်ရုံဆောက်တာ ပြီးသွားပြီ။
ပစ္စတင်ကွင်းတွေ စထုတ်တော့မယ်။
ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်နေတုံးမို့ …
သူ့စက်ရုံဟာ အမေရိကန်စစ်လေယဉ်တွေ့ရဲ့ ဗုံးကြဲချခြင်းကို -၂ ကြိမ်တိုင်တိုင် ခံလိုက်ရတယ်။
စက်ရုံဟာ အတော်ပျက်စီးသွားတယ်။
ပိုဆိုးတာက ပစ္စတင်ကွင်းလုပ်ဖို့ သံထည် ပစ္စည်းတွေ ရှာမရတော့ဘူး။
ဂျပန်စစ်တပ်က သံပစ္စည်းတွေ အကုန်သိမ်းထားလိုက်ပြီ။ သူစိတ်ဓါတ်ကျပြီး လက်လျှော့ လိုက်ပြီလား။
သူဟာ အမေရိကန် စစ်လေယဉ်တွေက
ပစ်ချလိုက်တဲ့ ဓါတ်ဆီပုံး အလွတ်တွေကို ကောက်ထားတဲ့ သူတွေ ဆီကနေလိုက်ဝယ်တယ်။
အဲဒါတွေနဲ့ ဓါတ်ဆီပုံးခွံတွေကို သံရည်ကြိုချက်ပြီး
ပစ္စတင်ကွင်း စတင်ထုတ်လုပ်တယ်။ သိပ်မကြာခင်မှာပဲ မြေငလျင်လှုပ်လို့ သူစက်ရုံပြိုကျပျက်စီးသွားတယ်။
ငါ ဒီလောက်တောင် ကံဆိုးလှချည်လားကွာ ဆိုပြီး. စိတ်ဓါတ်ကျအရှုံးပေး လိုက်ပြီလား။ 👆
_ ၁၉၄၅ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားပြီ။
အဲဒီအချိန်မှာ ဓါတ်ဆီ အရမ်းရှားသွားလို့ ဂျပန်လူမျိုတွေဟာ ကုန်းကြောင်းလျှောက်ရင်လျှောက် မဟုတ်ရင်
စက်ဘီးစီးပြီး သွားလာနေရတယ်။
ဟွန်းဒါးက ဓါတ်ဆီအစား သက်သာတဲ့
အင်ဂျင်အသေးလေး တစ်လုံးကို ကိုယ်တိုင်ထုတ်လုပ်ပြီး သူ့စက်ဘီးမှာ တပ်ကာ တစ်နေရာနဲ့တစ်နေရာကို သွားလာတယ်။
အိမ်နီးချင်းတွေက သဘောကျပြီး
သူတို့ကိုအဲဒီလို အင်ဂျင်အသေးလေး တပ်ထားတဲ့ စက်ဘီးတွေလုပ်ပြီး ရောင်းပေးဖို့ပြောကြတယ်။
သူလဲ အဲဒီစက်ဘီးလေး
(နောက်တော့.ဆိုက်ကယ်လို့ခေါ်တယ်)တွေရောင်းပေးတယ်။ တဖြည်းဖြည်းနဲ့ လူသိများလာပြီ အော်ဒါတွေ မှာကြတယ်။ အင်ဂျင်လုပ်ဖို့ သံထည် ရှားပါးတာရယ် …
သူ့မှာငွေကြေး မလောက်တာရယ်ကြောင့်
ဆိုင်ကယ်လေးတွေ ထပ်မထုတ်နိုင်တော့ဘူး။ ပစ္စည်းအော်ဒါမှာ သူတွေကို ပစ္စည်းမထုတ်နိုင်တော့ ကြောင်း တောင်းပန်ရတယ်။ သူစိတ်ပျက်သွားပြီလား 👆
_ ဟွန်းဒါးဟာ စက်ဘီးဆိုင်ပေါင်း (၁၈,၀၀၀)က ဆိုင်ပိုင်ရှင်တွေဆီကို စာပို့လိုက်ပါတယ်။
စာထဲမှာ ဒုတိယ ကမ္ဘာစစ်ရှုံးသွားတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ကောင်းလာဖို့ …
သူကြိုးစားနေတာမို့ သူ့ကိုကူညီပြီး အစုငွေထည့်ဝင်ကြဖို့့ရေးထားပါတယ်။
ဆိုင်ရှင်ပေါင်း (၅,၀၀၀)ဆီက စာပြန်လာတယ်။
သူ့ကို ကူညီမယ်ပေါ့။
သူ့ဆီမှာ အစုငွေထည့်မယ်ပေါ့။
အစုငွေတွေနဲ့ အသေးစား အင်ဂျင်တပ် ဆိုင်ကယ်လေးတွေ ထုတ်တယ်။ ရောင်းရလွန်းလို့..
SuperCub စူပါကပ် ဆိုင်ကယ်ဆိုပြီး နာမည်ကျော်သွားတယ်။ စူပါကပ်တွေကို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို အမြောက်အများ တင်ပို့နေရတယ်။
_ ၁၉၇၀ခုနှစ်မှာ တစ်ကမ္ဘာလုံးရေနံ ရှားပါးသွားတယ်။. အကွက်မြင်တဲ့ ဟွန်းဒါးဟာ သူ့ဟွန်းဒါး ကားကုမ္ပဏီကနေ ဆီစားသက်သာတဲ့ ကားသေးသေးလေးတွေ စတင်ထုတ်လုပ်ပြီး
အနောက်နိုင်ငံတွေကို တင်ပို့တော့တယ်။ အနောက်နိုင်ငံတွေကလဲ ဆီစားသက်သာပြီး ဒီဇိုင်းလှလှလေးတွေနဲ့ ထုတ်လုပ်ထားတဲ့ ဟွန်းဒါးကားလေးတွေကို
ကြိုက်ကြလွန်းလို့ အလုအယက်မှာကြတယ် … ဝယ်ကြတယ်။
ယနေ့… ဟွန်းဒါးမော်တော်ကားကုမ္ပဏီကြီဟာ ဂျပန်နိုင်ငံသာမကပဲ အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာပါ ကားထုတ်လုပ်တဲ့ စက်ရုံပေါင်း များစွာထောင်ပြီး … အဲဒီစက်ရုံတွေမှာ အလုပ်သမား သိန်းချီလုပ်ကိုင် နေကြပါတယ်။
_ မိတ်ဆွေတို့ လုပ်ငန်းတခုခုလုပ်တာ
မအောင်မြင်လို့. လက်မြောက်အရှုံးပေးချင်လာရင် ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ " ဆိုချီယိုဟွန်းဒါး "ကို သတိရ လိုက်ကြပါ။
_ ဟွန်းဒါးရဲ့ မှတ်သားစရာစကား တခုကတော့ …
"#အောင်မြင်မှုတစ်ခုမှာရှုံးနိမ့့်မှု့က_၉၉_ရာခိုင်နူန်းပါတယ်"တဲ့။
_ ဆိုချီယိုဟွန်းဒါးဟာ အသက်၈၅နှစ် အရွယ်
" ၁၉၉၁ခုနှစ် သြဂုတ်လ ၅ရက်နေ့မှာ" … ကွယ်လွန်သွားတယ်လို့ …
" ဗန်းမော် သိန်းဖေရဲ့ မျှဝေပေးချင်သော အတွေးအမြင်များ "
မှ လေ့လာမှတ်သား သိရှိခဲ့ရပါတယ်.... ။
Crd..........
#k.k
Comments
Post a Comment