တရုတ် တို့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်နေတဲ့ အိန္ဒိယ နဲ့ ဟိမဝန္တာနယ်စပ်
တရုတ် ကွန်မြူနစ် ပါတီထိန်း ချုပ်ထား သော မီဒီယာ တွင် လွတ်လပ် သောပညာရှင် တစ်ဦးကို ကိုးကား ဖော်ပြခြင်း သည် ထိပ်တန်း ခေါင်းဆောင် များက ၎င်းတို့ အမြင်များ ကို လူသိ ရှင်ကြား ဖော်ပြခြင်း မပြုဘဲ ၎င်းတို့ အား ယုံကြည် လာစေ ရန် ကျယ် ကျယ်ပြန့်ပြန့် အသုံးပြု သော နည်းဗျူ ဟာဖြစ် သည် ။ Global Times ၏ ဇွန် လ (၁၇) ထုတ် သတင်း စာတွင် အနောက် ဟိမဝန္တာ နယ်စပ် ၌ တရုတ်နှင့် အိန္ဒိယ စစ်တပ် အကြား ကျောက်တုံး ကျောက်ခဲ များ၊ သံချောင်း ရိုက်ထား သော တုတ် များဖြင့် ခိုက် ရန်ဖြစ်ပွား မှုတွင် အိန္ဒိယ စစ်သား (၂၀) ဦးသေဆုံး မှုအပေါ်လက် တုံ့ပြန်လျှင် အိန္ဒိယ အနေဖြင့် ကြီးကြီး မားမားပြန်လည် ပေးဆပ်ရ မည်ဖြစ်ပြီး တပ်ဘက် ဆိုင်ရာဖိအားပေး မှုများရင်ဆိုင် ရမည်ဟူသော ရေးသားချက် သည် ပေကျင်း ၏စိတ်သဘောထား ကို ဖော်ပြနေခြင်း ပင်ဖြစ် သည် ။
အမျိုးသားရေး စိတ် ဓာတ်ပြင်းထန် သော သတင်းစာ က ပါကစ္စတန် သည် တရုတ်၏ ယုံကြည် စိတ်ချရသော မဟာဗျူ ဟာမြောက်မိတ် ဖက်ဖြစ်ပြီး နီပေါသည် လည်း တရုတ်နှင့် ရင်းနှီး ဆက်နွယ် မှုရှိကြောင်း၊ နှစ် နိုင်ငံ စလုံးသည် တရုတ် အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အောက် ရှိ အဓိက မိတ်ဖက် များဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပြီး တင်းမာမှုမြင့် တက် လာပါ က အိန္ဒိယနိုင်ငံ ၏အိမ်နီးချင်း နိုင်ငံများ သည် ၎င်းကို ဆန့်ကျင် သော ပဋိပက္ခ အတွင်းသို့ ပါဝင်ပတ် သက် လာနိုင်ကြောင်း ဆောင်းပါး ရိပ်ခြည်ပြော လိုက်ခြင်း ပင်ဖြစ် သည် ။ တရုတ် – အိန္ဒိယ ဆက်ဆံ ရေးဆိုးရွား လာခြင်းသည် တရုတ် ကိုစိန် ခေါ်ရန် အခွင့်အ ရေးဖြစ် လိမ့် မည် ဟု အိန္ဒိယ အနေဖြင့် မယုံကြည် သင့်ကြောင်းနှင့် အဆင် အခြင်မဲ့လုပ်ရပ် များသည် အိန္ဒိယ အတွက် ဆိုးရွားသော အကျိုးဆက် များကို ဖြစ်ပေါ်လာနိုင် စေသည်ဟု ရှန်ဟိုင်းအခြေစိုက် ပညာရှင် တစ်ဦး၏ရေးသားချက်ကို Global Times က ဖော်ပြခဲ့သည်။
ယခုလအစောပိုင်း က နှစ်နိုင်ငံ နယ်စပ် လိပ်ခဲ တည်းလည်း အခြေအနေ ပေါ်ထွက် လာချိန်၌ တရုတ် သည် လေထီးတပ် ဖွဲ့ဝင်ထောင်ပေါင်း များစွာနှင့် သံချပ်ကာယာဉ်များပါဝင်သော စစ်ရေးလေ့ကျင့်မှုကြီးကို စီစဉ်ထားကြောင်း တရုတ်၏ လက်နက်ကိုင် ပဋိပက္ခခြိမ်းခြောက်မှုကို ဇွန် ၇ ရက်က Global Times က ဖော်ပြခဲ့သည်။တရုတ် သည် ဟိမဝန္တာဒေသ တွင် ရန်သူများ ကို ထိခိုက် စေပြီး ၎င်း၏အနေအ ထားခိုင်မြဲစေရန်ရည်ရွယ်၍ အာဏာပြခြင်းနှင့် ပြီးခဲ့ သည့်လ များအတွင်း ရန်လိုသောမူဝါဒများကြောင့် မိတ်ဆွေထက် ရန်သူပိုများ လာဖွယ်ရှိသည်။ ဧပြီလက တောင်တရုတ်ပင်လယ်၌ တရုတ်ရေ ယာဉ်ကြောင့် ဗီယက်နမ်ငါးဖမ်းလှေနစ်မြုပ်ခဲ့ရမှုသည် ဖိလစ်ပိုင်သမ္မတဒူတာဒေးလက်ထက်တွင် ဖိလစ်ပိုင်ကို ဗီယက်နမ်နှင့် တစ်ဖက်တည်းဖြစ်သွားစေခဲ့ သည်။ ပြီးခဲ့သည့်နှစ် ဇွန်လကလည်း Reed Bank ဧရိယာတွင် ဖိလစ်ပိုင် ငါးဖမ်းလှေတစ်စီး တရုတ်ရေယာဉ်တစ် စီးကြောင့် နစ်မြုပ်ခဲ့သည်။
ဇွန် လ (၄) ရက်ကပြုလုပ်ခဲ့သော အွန်လိုင်း ဗီဒီယို အစည်း အဝေး၌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsud က တ ရုတ် ၏ပိုင်နက် တောင်းဆိုမှု သည် အင်ဒိုနီးရှား ၏သီးသန့်စီးပွားရေးဇုန်ကို သက်ရောက်သည် ဟု ဝေဖန်ခဲ့သည်။ တရုတ်က ၎င်း၏ရေပိုင်နက် အဖြစ် တစ်ဖက်သတ် သတ်မှတ်ထား သောမျဉ်း (nine-dash-line) ဧရိယာသည် အပြည်ပြည်ဆိုင်ရာ ဥပဒေအခြေခံများ ကင်းမဲ့နေ ကြောင်း ဂျကာတာ အစိုးရက မေ ၂၆ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တောင်တရုတ်ပင်လယ်၌ တရုတ်၏ပိုင်နက်ကျူးကျော်မှုကို ဆန့်ကျင်သ ည့် ဖိလစ်ပိုင် ၏တိုင်ကြားချက်ကို မျက်နှာသာပေးခဲ့သော ၂၀၁၆ ခုနှစ် အငြင်းပွားမှုဆိုင်ရာအမြဲတမ်းခုံရုံးဆုံးဖြတ်ချက်ကို ဂျကာတာက ကိုးကား ပြောဆို ခဲ့သည်။
ယခုနှစ်မေလတွင်လည်း တရုတ်ပိုင်စူးစမ်းရေးသင်္ဘောတစ်စီး သည် တောင်တရုတ်ပင်လယ်ရှိ မလေးရှားရေနံရှာဖွေရေးရေ ယာဉ်နှင့် အတူ နီးနီးကပ်ကပ်လှုပ်ရှားနေခဲ့သည်။ မလေးရှားပိုင် West Capella ရေနံရှာဖွေရေး သင်္ဘောသည် ၎င်း၏အစီအစဉ်များ ပြီးမြောက် သွားသည့်အခါ အဆိုပါရေပိုင်နက်မှ ထွက်ခွါသွားစဉ် တရုတ် ဘူမိ တိုင်းတာရေး သုတေသနသင်္ဘော Haiyang Dizhi 8 သည်လည်း အစောင့်အကြပ် တရုတ်သင်္ဘော နှစ်စီးနှင့်အတူ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။အရပ် ဖက် လူ့ အဖွဲ့အစည်းများမှ လူမှု မီဒီယာများ
တွင် တင် သည့်အ ကြောင်းအရာ များနှင့် နိုင်ငံတကာမှ လေ့လာ သုံးသပ်သူနှင့် ဒေသခံတစ်ဦးချင်းစီမှတင်ပြသော သက်သေများကို ချင့်ချိန်ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်သည် မြင့်တက် လျက်ရှိသည်ကို တွေ့နိုင်သည်။
တရုတ် သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလက ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆိုင်းငံ့ထားခဲ့သော အငြင်းပွားဖွယ် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ဆက်လက်လုပ်ဆောင်ချင်နေသည်။ ယခုနှစ် ဇန်နဝါရီလက တရုတ် သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံ လာရောက်စဉ် တွင် မြစ်ဆုံစီမံကိန်းပြန်စရန် ဘယ်သောအခါမှ သဘောတူမည် မဟုတ်ကြောင်း ကချင်ပြည်နယ်မှ အိတ်ဖွင့်ပေးစာ တစ်စောင် ထုတ်ပြန်ခဲ့ သည်။ သမ္မတရှီ သည် ခရီးစဉ်အတွင်း ကိုဗစ်-၁၉ အကြောင်း တစ်လုံးမျှ မဖွင့်ဟခဲ့သည့်အချက်အပေါ် မြန်မာ့လူမှုမီဒီယာ၌ ဝေဖန်ချက် များရေးသားခဲ့ကြသည်။
တရုတ် နိုင်ငံဝူဟန် ၌ ရောဂါ တင်ဖြစ် ပွားခြင်း ကို တရုတ် ခေါင်းဆောင် များ ကောင်းကောင်း သိထားသော် လည်း ကျန်ကမ္ဘာ့ နိုင်ငံ များ ကို အသိမပေးခဲ့ ပေ။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ စီးပွားရေးစြင်္ကတည်ဆောက်မည့် တရုတ်၏အစီအစဉ်များအပေါ်လည်း မြန်မာလူမျိုးအေ တ်ာများများက အခဲမကျေဖြစ် နေကြသည်။ ပေကျင်းသည် နိုင်ငံတကာနှင့်လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်များနှင့် ကမ္ဘာ့အမြင်ကို လျစ်လျူရှုခြင်းများစွာပြုလုပ်လာခဲ့ပြီး ယခုနှစ်အစောပိုင်းက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာ န်းရေးကြေညာခဲ့သည်။ ထို့ကြောင့် ဟောင်ကောင်ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဗြိတိန်ကလည်း ဟောင်ကောင်အရေးကို ထိုသို့ဝ င်ရောက်စွက်ဖက်ခြင်းသည် ၁၉၈၄ ခုနှစ် တရုတ်-ဗြိတိန်သဘောတူညီချက် ကို ချိုးဖောက်ရာရောက်ကြောင်း ဝေဖန်ခဲ့သည်။
ဩစတြေးလျ ဝန်ကြီးချုပ် စကော့ေ မ်ာရစ်ဆင်က အိန္ဒိယ ကို ယုံကြည်ရသောမိတ်ဆွေဟု မကြာသေးမီက ညွှန်းဆိုခဲ့ပြီး ဇွန် ၅ ရက်ထုတ် The Economic Times သတင်းစာတွင်လည်း အိန္ဒိယ-တရုတ် နယ်စပ်ထိန်းချုပ်မျဉ်း၌ လိပ်ခဲတည်းလည်းအခြေအနေအကြား အင်ဒို-ဩစတြေးလျ မဟာဗျူဟာမြောက် ဆက်ဆံရေးကျယ်ပြန့်လာခြင်းသည် ပိုမိုထင်ရှားလာကြောင်း ဖော်ပြခဲ့သည်။
ဇွန်လ ပထမပတ်က အမေရိက န်ရေတပ်ပိုင် ပဲ့ထိန်း ဒုံးကျည် တပ်ဖျက်သင်္ဘော Russell သည် ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်း သွား စဉ် အမေရိကန်က တရုတ်ခေါင်းဆောင်များသို့ ပြင်းထန်သောသတင်းစကား တစ်ခုပါးခဲ့သည်။ လွတ်လပ်၍ပွင့်လင်းသော အင်ဒို-ပစိ ဖိတ် ဒေသ အပေါ်ထားရှိသော ကတိကဝတ်ကို ပြသခြင်းဖြစ်ကြောင်းနှင့်အမေရိကန်ရေတပ်သည် နိုင်ငံဥပဒေကခွင့်ပြုထားသော မည် သည့်နေရာ ၌မဆို ပျံသန်းခြင်း၊ ရွက်လွှင့်ခြင်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်ပစိဖိတ်ေ ရယာဉ်စုပြောရေးဆိုခွင့်ရှိ သူ Rachel Maul က ပြောသည်။ ထိုသို့ရေတပ် ကင်းလှည့်ခြင်းသည် ထိုင်ဝမ်အပေါ် တရုတ်က စစ်အင်အားပြခြိမ်း ခြောက်ခြင်းကို တုံ့ပြန် ခြင်းဖြစ်ပြီး အမေရိကန်သည် ကိုဗစ်-၁၉ ကြောင့် အာရှ-ပစိဖိတ်ဒေသအတွင်း ၎င်း၏ကာကွယ်ရေးတာဝန်များကို မပျက်ကွက်ကြောင်း ပြသ လိုက်ခြင်းဖြစ်သည်။
တရုတ်၏ မူဝါဒများကြောင့် ထိုင်ဝမ်နှင့် ဂျပန်အကြား အလွတ်သဘော မဟာမိတ်ဆက်ဆံရေးကိုလည်း တိုးတက်စေခဲ့ကာ ဂျပန်၏ နှစ် ပတ် လည် နိုင်ငံခြားရေး မူဝါဒအစီရင်ခံစာတွင် ထိုင်ဝမ်ကို အလွန်အရေးပါသော မိတ်ဖက်အဖြစ် ပြောဆိုခဲ့သည်။ ထိုင်ဝမ်၌ သမ္မတ ဆိုင် အင် ဝမ် ဒုတိယသမ္မတသက်တမ်းစတင်ထမ်းဆောင်စဉ် ဂျပန် အစိုးရပြောရေးဆိုခွင့်ရှိသူ Yoshihide Sug က ဂျပန်သည် ထိုင်ဝမ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန် စိတ်အားထက်သန်နေကြောင်း မေလ ၂၀ ရက်က ပြောခဲ့သည်။
ဟိမဝန္တာ တောင်တန်းမှ သည် တောင်တရုတ်ပင်လယ်အထိ တရုတ်၏ လက်တလော လုပ်ရပ်များသည် ပေကျင်းအပေါ် ကြိုတင် မ သိမြင်နိုင် သောနည်းများဖြင့် တုံ့ပြန်မှုများရှိလာနေပြီး ရန်သူပတ်လည်ဝိုင်းနေသောနယ် ပယ်အတွင်းသို့ တွန်းပို့ခြင်းခံရနိုင်ပေသည်။ အိန္ဒိယ စစ် သား ၂၀ အသတ် ခံရမှုကိစ္စအပါအဝင် မကြာသေးမီက တရုတ် တို့၏လုပ်ရပ်များနှင့်ပတ်သက်၍ နိုင်ငံအများက ပိုမိုရှင်းလင်းသော အစီအမံတစ်ရပ်ချမှတ်ပြီး ကိုဗစ်-၁၉ အကျပ်အတည်းပြီးဆုံးသွားချိန်တွင် အဆိုပါပြောင်းလဲမှုအသစ် မည်သို့ဖြစ်ပေါ် လာမည်ဆိုသည့်အချက် မှာလည်း ပိုမို ရှင်းလင်းထင်ရှားလာပေလိမ့် မည်။

Crd.....
#k.k#.
Comments
Post a Comment