ဆံပင်အရမ်းပါးပြီး အရမ်းကျွတ်တဲ့သူတွေအရမ်း အကောင်းဆုံး

ဆံပင်အရမ်းပါးပြီး အရမ်းကျွတ်တဲ့သူတွေအရမ်း အကောင်းဆုံးနည်း
ဆံပင်အရမ်းကျွတ်နေသူများအတွက်ကြက်ဥတစ်လုံး၊ငှက်ပျောသီးတစ်လုံး၊လိမ္မော်သီး (သို့မဟုတ်)သံပရာမျိုးနွယ်တစ်လုံး၊သံလွင်ဆီ (သို့မဟုတ်)အုံးဆီ နှစ်စက်ခန့် အားလုံးကိုကြေညက်အောင်ခြေပြီး ဦးရေအနှံ့လိမ်းပေးပါ။ရေနွေးငွေ့ပေးထားသော တဘက်လေးနဲ့ နာရီဝက်(သို့မဟုတ်)45မိနစ်ခန့် ပေါင်းထားပါ။ပြီးလျှင် ကြိုက်နှစ်သက်ရာ Shampooနဲ့ စင်အောင်ခေါင်းလျှော်လိုက်ပါ။လေး ငါးကြိမ်ပြုလုပ်ပေးရင် အဆင်ပြေပါပြီ။ Kyel Kyelဆံပင်အရမ်းပါးနေလို့ စိတ်ညစ်နေလား။

ဆံပင်ပါးလို့ ဈေးကြီးတဲ့ စပါးတွေ၊ ဆံပင်သန်စေတဲ့ ဆေးတွေသုံးပေမဲ့ ကိုယ့်အတွက် အသုံးမဝင်ဘူးဖြစ်နေလား။ ဒါဆိုရင်တော့ အခုလို စိတ်မကျေနပ်မှုတွေဖြစ်စေတဲ့အရာတွေ မေ့လိုက်ပြီး သဘာဝနည်းလမ်းလေးကို ပြောင်းသုံးကြည့်ပါ။( အာလူး – အာလူးမှာ တောက်ပြောင် စိုပြေစေပါတယ်။ ဒီတော့ မီးဖိုချောင်ကနေပဲ အလှအပ ပစ္စည်းတွေကို ရှာဖွေလိုက်ပါ။
ပြုလုပ်နည်း
အာလူးအသေး ၂ လုံး (သို့) အကြီး ၁ လုံး
၁။ အာလူးကို အခွံနွှာပြီး အတုံးလိုက်လှီးလိုက်ပါ။
၂။ အဲဒီနောက် ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ ရေအနည်းငယ်ထည့်ပါ။
၃။ ရေဆစ်တဲ့ ဇကာကို သုံးပြီး ရေစစ်ချပါ။
၄။ ပုံမှာပြထားတဲ့ ဝါဂွမ်းဖတ်ကို အာလူးရည်နဲ့ စိမ်ပြီး ဦးရေပြားပေါ်မှာလိမ်းပေးပါ။ အရင်ဆုံး ဦးရေပြားပေါ်မှာ နှံ့အောင်လိမ်းပေးရမှာဖြစ်ပါတယ်။
၅။ ဆံနွယ်အဖျားကိုလည်း အားလူးရည် စွတ်ပေးပါ။
၆။ ပြီးရင် ဆံပင်ကို မိနစ် ၂၀ လောက်ပေါင်းပေးထားရမှာဖြစ်ပါတယ်။
တစ်လလောက်ဆိုရင်တော့ ထူးထူးခြားခြား သိသာလာမှာဖြစ်ပြီး ဆံပင်တွေ ထူကာ တောက်ပြောင်လာပါလိမ့်မယ်။

Crd....
#k.k

Comments