ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာဂြိုလ်ကြီးဟာတော့ ထူးဆန်းသော

ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာဂြိုလ်ကြီးဟာတော့ ထူးဆန်းသောအရာတွေနဲ့ ပြည့်နှက်နေပြီး ယခု ထိတိုင်သိပ္ပံ ပညာနဲ့ မဖြေရှင်းနိုင်သေးတဲ့ အရာတွေ များစွာတည်ရှိလို့နေပါတယ်။ရှေးခေတ်လူသားမျိုးနွယ်တွေရဲ့ ရှေးဟောင်းပစ္စည်းတွေကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့ပြီးသော နှစ်ပေါင်း ၁၅၀၀၀၀ တစ်လျောက်လုံးတွင် ကျွန်တော်တို့ လူသားမျိုးနွယ်တွေရဲ့ ဉာဏ်ရည်ထက်မြက်မှုတွေနဲ့ ဆန်းသစ်တီထွင်ခဲ့မှုတွေကို တွေ့ရှိခဲ့ရပါတယ်။ဒါပေမယ့်လို အချို့ရှေးဟောင်းပစ္စည်းတွေရဲ့ မူလအစဖြစ်တည်ရာနဲ့ ရည်ရွဘ်ချက်တွေကိုတော့ ယခုထိတိုင် အငြင်းပွားနေကြဆဲဖြစ်ပါတယ်။
(၁)ဆန်းကြယ်လွန်းလှသော ပင်လယ်ရေအောက် ကြမ်းပြင်က အန်တာနာတိုင်

စစ်အေးတိုက်ပွဲကာလအတွင်းမှာ USNS Eltanin အမည်ရှိ သမုဒ္ဒရာကိုသုတေသနပြုလုပ်နေတဲ့ သင်္ဘောတစ်စင်းဟာ အာတိတ်သမုဒ္ဒရာကြမ်းပြင်ကိုလေ့လာမှုတွေပြုလုပ်နေစဉ်မှာ ထူးဆန်းသောအရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ထိုထူးဆန်းတဲ့ ရှေးဟောင်းပစ္စည်းဟာ အင်တာနာတိုင်နဲ့ ဆင်တူနေပါတယ်။၎င်းဟာရှည်လျားပြီး ဖြောင့်တန်းစွာတည်ရှိကာ သူရဲ့ လက်တံတွေဟာလည်း တိုင်ကနေ ၉၀ ဒီဂရီထောင့်ကျစွာနဲ့ ပိုင်းခြားထားတာကိုတွေ့ရပါတယ်။ထိုအရာနဲ့ပက်သက်ပြီး တုန့်ပြန်မှုတွေများစွာရှိ လာခဲ့ကာ အချို့ကလည်းဒါဟာ ဆိုဗီယက်ကလူတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။

အချို့တွေကလည်း ဒါဟာဂြိုလ်သားတွေဆောက်လုပ်ခဲ့တာပါလို့ ဆိုကြပြန်ပါတယ်။ဒါပေမယ့် ဒီအရာဟာ မည်သည့်ဆောက်လုပ်ရေးလုပ်ငန်းတွေကမှ ဆောက်လုပ်မနိုင်သေးတဲ့ ပင်လယ်ရေအောက်အနက်ပေ ၁၃၅၀၀ မှာတည်ရှိနေတာဘဲဖြစ်ပါတယ်။ဒီအချက်ကြောင့် ဒီအရာကိုပြုလုပ်ခဲ့တဲ့ ဇစ်မြစ်ဟာလူသားတွေဖြစ်နိုင်ဖို့အတွက် အခွင့်အလမ်း အလွန်ကိုနည်းပါးတယ်လို့ ယူဆနေကြတာဘဲဖြစ်ပါတယ်။

(၂) Nazca မျဉ်းကြောင်းများ
Nazca မျဉ်းကြောင်းတွေကိုတော့ ပီရူးနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Nazca သဲကန္တာရထဲမှာတည်ရှိနေပြီး ကမ္ဘာပေါ်က လျှိဝှက်ဆန်းကြယ်သော အရာတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ဒီအရာ ကိုတော့ ကမ္ဘာမျက်နှာပြင်ပေါ်မှာ ဘူမိပုံရိပ်တစ်ခုအနေနဲ့ ထွင်းထုထားခဲ့တာဖြစ်ပြီး ကောင်းကင်ပေါ်ကကြည့်မှသာ ရုပ်ပုံတစ်ခုလုံးကို သေချာစွာမြင်ရမှာဖြစ်ပါတယ်။Nazca လိုင်းများဟာ ရှေးခေတ်လူယဉ်ကျေးမှုရဲ့ အံဩစရာအလွန်ကောင်းလှတဲ့ ပြုလုပ်မှုတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုင်းတွေဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ခန့်လောက်ကတည်းကတည်ရှိခဲ့တယ်လို့ ယူဆရပါတယ်။Nazca မျဉ်းကြောင်းတွေဟာ အရမ်းကိုရှုပ်ထွေးလွန်းပြီး ထိုထဲကမှ မျဉ်းကြောင်း ၃၀လောက်ဟာ သဲကန္တာရကိုဖြတ်ကာ အခြားနေရာတွေကို ချိတ်ဆက်သွားတာကို တွေ့ရပါတယ်။
ထို Nazca ဘူမိပုံရိပ်တွေဟာ ‌ရှေးခေတ်လူများက ကမ္ဘာမြေပေါ်ကိုမိုးရွှာသွန်းစေဖို့အတွက် နတ်ဘုရားတွေကို ဆုတောင်းချိတ်ဆက်ဖို့အတွက် ရေးဆွဲခဲ့တာဖြစ်တယ်လို့ ယူဆကြပါတယ်။ဒီအရာတွေ ဟာ ဂြိုလ်သားတွေနဲ့ ဆက်ဆက်မှုရှိနိုင်တဲ့ သီအိုရီများစွာကလည်း ရှိနေပြန်ပါတယ်။ဒီအရာကို Nazca ဒေသမှာနေထိုင်ခဲ့သူများက ရိုးရှင်းသောအရာတွေနဲ့ ဖန်တီးခဲ့သည့်အချက်မှာ ဖြစ်နိုင်ခြေရှိသော်လည်း အာကာသမှသေချာကြည့်မှ ရုပ်လုံးသေချာမြင်ရနိုင်တဲ့ ပုံသဏ္ဍာန်တွေနဲ့ မျဉ်းကွေးတွေကိုသေချာစွာရေးဆွဲခဲ့တာကတော့ ထိုခေတ်အခါကနည်းပညာတွေကတော့ဆန်းကြယ်လှသောအရာတွေအဖြစ်ဆက်လက်တည်ရှိနေတာဘဲဖြစ်ပါတယ်။
(၃)Atacama အရိုးစု
Atacama အရိုးစုကိုတော့ ပီရူးနိုင်ငံတောင်ပိုင်းမှာတွေ့ရှိခဲ့တာဖြစ်ပြီးတောင်အမေရိကတိုက်ရဲ့ နောက်ထပ်ထူးဆန်းလှတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ထိုအရိုးစုဟာလူပုံစံနဲ့ တူတဲ့ အရိုးစုတစ်ခုဖြစ်ပြီး သေးငယ်ကာ အရှည်အားဖြင့်လည်း ၁၅စင်တီတာခန့်လောက်ဘဲ ရှိကာ ဘောပင်တစ်ချောင်းရဲ့ အရွယ်စားလောက်သာရှိပါတယ်။သူ့ရဲ့ အရွယ်အစားကိုကြည့်ပြီး ထိုအရိုးစုဟာ သန္ဓေသားလို့ထင်ရပေမယ့်လည်း အမှန်တကယ်တော့ ထိုအရိုးစုဟာ သန္ဒေသားမဟုတ်ဘဲသူ့ဆီမှာ ဖွံဖြိုးနေတဲ့ ကိုယ်လက်အင်္ဂါနဲ့ မာကျောသောသွားတွေရှိနေပါတယ်။သူ့ရဲ့ ထူးခြားလွန်းလှတဲ့ အချက်ကတော့သူ့ရဲ့ ခန္ဒာကိုယ်ပုံသဏ္ဍာန်ဘဲဖြစ်ပြီး ၎င်းကိုကြည့်ရတာဟာ ဂြိုလ်သားနဲ့ အလွန်တူပါတယ်။
Stanford တက္ကသိုလ်မှ ပါမောက္ခများက DNA နည်းနဲ့ စမ်းသပ်လိုက်တဲ့အခါမှာတော့ ထိုအရိုးစုဟာ ထိုဒေသက လူးသားတွေကနေမွေးဖွားခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။ထိုအရိုးစုဟာ သေဆုံးတဲ့ အချိန်မှာ အသက် ၆နှစ်ကနေ ၈နှစ်အကြားမှာရှိမယ်လို့ ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ထိုအရိုးစုဟာ သေးငယ်သောအရွယ်အစားရှိတဲ့ လူသားတစ်ဦးဖြစ်နေတာကြောင့် အလွန်ထူးဆန်းနေပြီး ထိုအရိုးစုဟာ ဘယ်လူသားမျိုးနွယ်စုကနေ ဆင်းသက်လာလဲဆိုတာကိုတော့ အတိအကျ မသိရှိရသေးပါဘူး။
(၄)ဘဂ္ဂဒက်ဘက်ထရီ
ဒီရှေးဟောင်းပစ္စည်းကိုတော့ အပိုင်းသုံးပိုင်းနဲ့ တည်ဆောက်ထားပြီး အီရတ်မှာ တွေ့ရှိခဲ့ပါတယ်။ထို‌ရှေးဟောင်းပစ္စည်းမှာတော့ ကြွေအိုးတစ်လုံးပါဝင်ကာ အထဲမှာတော့ ကြေးနီချောင်းတစ်ချောင်းနဲ့ သံငုတ်တစ်ခုပါဝင်ပြီး ၎င်းပစွစည်းဟာ ဘီစီ ၁၅၀
ကနေ အေဒီ ၆၅၀ ကြားမှာ ပြုလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။သူ့ရဲ့ ရည်ရွယ် ချက်ကိုတော့ အတိအကျမသိရှိကြပေမယ့် ရှေးခေတ်လူများကတော့ ဘက်ထရီအဖြစ်အသုံးပြုခဲ့ကြတာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ဒီဘက်ထရီပုံစံကလည်း အက်ဆစ်အရည်ကိုအသုံးပြုထားတာဖြစ်ပြီး သံပုရာရည်သို့မဟုတ် စပျစ်သီးအရည်ကို အသုံးပြုထားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ထိုအက်ဆစ်အရည်ကိုအိုးအတွင်းသို့ထည့်ကာ ကြေးနီနဲ့ သံကိုလျှပ်ကူးစေခြင်းဖြင့် ဘက်ထရီကို အလုပ်လုပ်စေတယ်လို့ဆိုပါတယ်။
ထို့သို့လျှပ်ကူးစေတဲ့ နည်းစနစ်ကိုအသုံးပြုထားတာကြောင့် ထိုဘက်ထရီဟာထူးဆန်းမှုတွေပြည့်နေရတာပါ။ ဘာကြောင့်ဆို Benjamin Franklin က ၁၇၀၀ခုနှစ် မှ မိုးကြိုးကနေတစ်ဆင့် လျှပ်စစ်ကိုစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင့်ရှေးခေတ်လူတွေက ဒီဘက်ထရီကိုဘယ်နေရာမှာအသုံးချခဲ့တာလည်းဆိုတဲ့အချက်ကလည်း စိတ်ဝင်စားစရာပါ။ပညာရှင်တွေရဲ့ ခန့်မှန်းမှုတွေအရတော့ ဒီဘက်ထရီကို လျှပ်စစ်ဓာတ်တွေနဲ့ ဆေးကုသတဲ့နေရာတွေနဲ့ ရုပ်ထုတွေကိုငွေရည်စိမ်တဲ့နေရာတွေမှာ အသုံးပြုခဲ့ကြတာလို့ဆိုပါတယ်။ဒီအချက်ကို သိပ္ပံပညာရှင်များစွာကထောက်ခံပေးကြသော်လည်း အဖြေအတိအကျကိုတော့ ဘယ်သူမှ အတိအကျမသိကြပါဘူး။
Crd..  .
#kk

Comments