ကိုဗစ် ထိန်းချုပ်ရေး ညွှန်ကြားချက် တွေကို ဇူလိုင်လ (၁၅) ရက်နေ့အထိ ထပ်မံတိုးမြှင့်

ကိုဗစ် ထိန်းချုပ်ရေး ညွှန်ကြားချက် တွေကို ဇူလိုင်လ (၁၅) ရက်နေ့အထိ ထပ်မံတိုးမြှင့်
=========================================================================ယခုတစ်ကြိမ်က ငါးကြိမ်မြောက် အဖြစ် ထပ်မံ တိုးမြှင့် လိုက်တာပါ။COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဇွန်လ (၃၀)ရက်နေ့ အထိ ထုတ်ပြန်ထားတဲ့အမိန့် ညွန်ကြားချက် တွေကို ဇူလိုင်လ(၁၅)ရက်နေ့အထိ ထပ်မံတိုးမြှင့် လိုက်ပြီဖြစ်ကြောင်း COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ကြေညာ လိုက်ပါတယ်။
ရောဂါပိုးကူးစက်ပျံ့နှံမှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ဖို လိုအပ်တာကြောင့် ဖြေလျှော့ပေးတဲ့ကိစ္စရပ်တွေက လွဲပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာန တွေက ထုတ်ပြန်ထားတဲ့ ပြည်သူ့သို့ ပန်ကြားချက်၊ အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက်တွေကို ထပ်မံတိုးမြှင့် သတ်မှတ် ဆောင်ရွက် ထားတယ်လို့ ဒီနေ့ ဇွန်လ ၂၇ရက်နေ့ည ၈ နာရီမှာ COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ကြေညာ လိုက်ပါတယ်။ဒီကန့်သတ်ချက်တွေကို ပထမအကြိမ် အဖြစ်ဧပြီလ ၃၀ ရက်ကနေ မေလ ၁၅ ရက်အထိ၊ ဒုတိယအကြိမ် အဖြစ် မေလ ၃၁ ရက်အထိ၊ တတိယအကြိမ် အဖြစ် ဇွန်လ ၁၅ ရက်နေ့အထိ၊ စတုတ္ထအကြိမ်အဖြစ် ဇွန်လ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့် လာရာမှာ ယခုဆိုရင်တော့ ပ ဉ္စမအကြိမ်မြောက်အဖြစ် ဇူလိုင်လ ၁၅ရက်နေ့အထိ ဆက်လက် တိုးမြှင့် ဆောင်ရွက် လိုက်တာပါ။

အဆိုပါ တိုးမြှင့်သတ်မှတ်ချက်တွေ မှာ လူစုလူဝေး နဲ့ပြုလုပ်ရတဲ့ ပွဲလမ်းဘသင်၊ အခမ်းအနားတွေ ကျင်းပခွင့် မရ သေးတာ၊ လူစည်ကားနိုင်တဲ့ ရုပ်ရှင်ရုံ တွေ ပြန်ဖွင့်ခွင့်မရသေးတာ၊ ပြည်ပလေကြောင်း လိုင်းတွေ ရပ်နားထားတာ၊ ပြည်ဝင်ခွင့်ဗီဇာတွေ ယာယီရပ်နားထားတာ စတဲ့ ကန့်သတ်ချက်တွေ ပါဝင်နေတာဖြစ်ပါတယ်။ ဇွန်လဆန်းပိုင်းလောက်က စပြီး အဝေးပြေး ယာဉ်လိုင်းတွေ၊ စားသောက်ဆိုင်တွေ ကို ကိုဗစ် ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့ အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေး လိုက်ပြီး လာမယ့် ဇူလိုင်လအတွင်း မှာလည်း အခြေခံပညာ ကျောင်းတွေကို အထက်တန်းက စတင်ကာ ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက် နဲ့ အညီ ပြန်လည် ဖွင့်လှစ် ပေးသွား တော့မှာလည်း ဖြစ်ပါတယ်။.
Crd....

Comments