ရေနံချက်ဖို ဆီကန်အတွင်း ပြုတ်ကျသွားသော သမီးဖြစ်သူအား ဆင်းကယ်ရာမှ နှစ်ယောက်စလုံးသေ
==============================
မုံရွာ၊ ဇွန် ၂၄
မုံရွာမြို့နယ် ကျောက္ကာရေနံချက်ဖိုဆီကန်အတွင်း ပြုတ်ကျသွားသော သမီးအားဆင်းကယ်ရာမှ သားအဖနှစ်ဦးစလုံး သေဆုံးသွားကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။
ယနေ့နံနက်ပိုင်း ၁၀ ခွဲခန့်က ကျောက္ကာရေနံချက်ဖိုတစ်ခုတွင် ချက်ဖိုမန်နေဂျာ၏ ၂ နှစ်အရွယ်ရှိ လမ်းလျှောက်တတ်စ သမီးဖြစ်သူမှာ ဒုတိယအဆင့် ချက်ပြီးသား ရေနံကန်အတွင်း ပြုတ်ကျသွားသဖြင့် ဖအေဖြစ်သူကိုယ်တိုင် ဆင်းကယ်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာနယ်မြေစခန်းမှူး ရဲအုပ်ခင်သန်းက ပြောသည်။
"ရေနံစိမ်းကို သုံးဆင့်ချက်တဲ့ကန်တွေထဲမှာ ဒုတိယအဆင့်ချက်ပြီးသားကန်ထဲ ကလေးက ပြုတ်ကျသွားတာ။ အဲဒီမှာ သူ့အဖေက ဆင်းကယ်ပေမယ့် ရေနံဆိုတော့ နှစ်ယောက်စလုံး အသက်ပါသွားတယ်" ဟု ရဲအုပ်ခင်သန်းက ဆက်ပြောသည်။
အဆိုပါ သေဆုံးသွားသည့် သားအဖ နှစ်ဦးမှာ မြိုင်မြို့နယ် လင်းကတောရွာဇာတိများဖြစ်ကာ အမျိုးနီးစပ်တော်သည့် ကျောက္ကာရေနံချက်ဖိုတွင် မန်နေဂျာအလုပ်လာလုပ်စဉ် ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
၎င်းဖြစ်စဉ်အား မုံရွာနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၉/၂၀၂၀ ဖြင့်ဖွင့်လှစ် စစ်ဆေးလျက်ရှိသည်။
Crd
#kk

Comments
Post a Comment