မြန်မာနိုင်ငံကို အင်္ဂလိပ် အုပ်ချုခေတ်ကအင်္ဂလိပ် ရေးပိုင်မင်း တယောက်က...

❝ သူ့နေရာနဲ့ သူ့တန်ဖိုး ❞

 မြန်မာပြည်ကို အင်္ဂလိပ် အုပ်ချုပ်တဲ့ခေတ်က 
 အင်္ဂလိပ် အရေးပိုင်မင်းတစ်ယောက်ဟာ 
 မီးရထားလမ်းဖောက်လုပ်ဖို့အတွက် 
 မာန်လည်ဆရာတော်ဘုရားကြီးကို
 လျှောက်ထားခဲ့ဖူးပါတယ် …။

 ဖောက်လုပ်မယ့် မီးရထားလမ်းဟာ
 ကျောင်းဝင်းနဲ့ မလွတ်တဲ့အတွက် 
 ဆရာတော်ကြီးရဲ့ ကျောင်းတော်ကို
 ရွှေ့ပေးဖို့ ကိစ္စပါ။

 ဆရာတော်ကြီးက ရွှေ့မပေးနိုင်ကြောင်း
 မိန့်တော်မူတဲ့အခါမှာ… အရေးပိုင်မင်းက 
 ဒီနိုင်ငံဟာ အင်္ဂလိပ် အုပ်ချုပ်နေတဲ့
 နိုင်ငံ ဖြစ်တဲ့အတွက် ရွှေ့ပေးရမယ်လို့
 ဆိုပါတယ် …။

 အဲဒီတော့ ဆရာတော်ဘုရားကြီးက -

 "တကာတော်ရဲ့ မိခင်က
 တကာတော်ရဲ့ ဖခင်ကို
 မချစ်မနှစ်သက်တော့လို့
 တရုတ်ကို ယူလိုက်တယ် ဆိုပါစို့"

 "တကာတော့် မိခင်ဟာ 
 တရုတ်ဖြစ်သွားပါသလား ?"

 "မဖြစ်ပါဘူး ဆရာတော်
 အမေကတော့ အမေပါပဲ"

 "ဒါဆိုရင် တရုတ်ကလည်း
 ဝက်သားစားလွန်းလို့ ဆိုပြီး 
 ကုလားကိုပြောင်းယူလိုက်တော့ ရော
 တကာတော့်မိခင်ဟာ
 ကုလားဖြစ်သွားရောလား ?"

 "မဖြစ်ပါဘူး ဆရာတော်
 အမေကတော့ အမေပါပဲ"

 "အေး… အဲဒီလိုပဲ တကာတော်
 ဘယ်မင်းတက်တက် 
 ဘယ်အစိုးရတက်တက်
 သာသနာ့ နယ်မြေဟာ
 သာသနာ့ နယ်မြေသာ ဖြစ်တယ်"

 ကျောင်းကပြန်အဆင်းမှာ
 စိတ်ထဲ မကြည်လင်တဲ့ အရေးပိုင်မင်းက
 ဆရာတော်ကြီးကို လျှောက်တယ် …။

 "အရှင်ဘုရား …
 ဒီအုတ်လှေကားထစ်တွေကိုလည်း
 အုတ်နဲ့ လုပ်တာပါပဲ,
 ဟိုမှာမြင်နေရတဲ့ အိမ်သာကိုလည်း 
 အုတ်နဲ့ လုပ်တာပါပဲ,
 ဘုရားဆင်းတုတော်တွေကိုလည်း 
 အုတ်နဲ့ လုပ်တာပဲဖြစ်လို့…
 အုတ်နဲ့ လုပ်ထားတဲ့
 လှေကားထစ်တွေ အိမ်သာတွေကို
 ရှိခိုးကန်တော့ရင်ရော
 အတူတူပဲ မဟုတ်ဘူးလား ဘုရား"

 "အေး… တကာတော်
 တကာတော့်မှာ အမေရှိလား"

 "ရှိပါတယ် ဆရာတော်"

 "အမ နှမတွေရော ရှိလား"

 "ရှိပါတယ် ဆရာတော်"

 "ဇနီးမယားရော ရှိလား"

" ရှိပါတယ် ဆရာတော် "

 "အေး… ဒါဆိုရင် အားလုံးဟာ
 မိန်းမ အမျိုးအစားချည်းပဲ ဖြစ်တဲ့အတွက် 
 ဇနီးမယားအပေါ် ဆက်ဆံပြုကျင့်သကဲ့သို့
 အမေ အမနဲ့ နှမတွေကိုပါ တစ်တန်းထားပြီး 
 ဆက်ဆံပြုကျင့်လို့ ရနိုင်ပါ့မလား"

 "အဲဒီလိုတော့ မရပါဘူး ဆရာတော်"

 "အမေကို အမေလို, အမကို အမလို
 နှမကို နှမလို သူ့နေရာနဲ့ သူ 
 ဆက်ဆံရပါတယ်"

 "အေး… အဲဒီလိုပါပဲ တကာတော် 
 အုတ်ချင်းတူပေမယ့်…
 ဘုရားအုတ် သိမ်အုတ်နဲ့ 
 အိမ်သာအုတ် လှေကားအုတ်တို့ဟာလည်း 
 သူ့နေရာနဲ့သူ တန်ဖိုးချင်းကွာတယ်
 တကာတော်" …



မာန်လည်ဆရာတော်ကြီး
Crd 
#k.kမှပြန်လည်မျှဝေသည်

Comments