ကလေးမြို့တွင် အသက် (၉၁)နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး (၅)နာရီအက
ကလေးမြို့ အင်ဒိုင်းကုန်းရပ်ကွက်(ယခင် မြို့လှကျေးရွာ)တွင် လေဖြတ်နေတဲ့ (၉၁)နှစ်အရွယ်အမျိုးသမီးဟာ အဓမ္မပြုကျင့်ခံရပြီး (၅)နာရီအကြာတွင် ကလေးမြို့ပြည်သူ့ဆေးရုံ၌ သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။
အဓမ္မပြုကျင့်သူဟာ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာနေထိုင်တဲ့ ဇော်မင်းထွန်း (၄၅ နှစ်)ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ ဇွန်လ (၁၉)ရက် နေ့ (၅)နှစ်ကြာလေဖြတ်လို့အိပ်နေတဲ့ ဒေါ်…. (၉၁နှစ်) ဟာ နေအိမ်အတွင်းအိပ်နေစဉ် ဇော်မင်းထွန်းက လာရောက်အဓမ္မပြုကျင့်ခဲ့ပါတယ်။ ယင်းဒဏ်ရာကြောင့် ညတွင်းချင်းကလေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ယင်းည (၁၁)နာရီတွင် သေဆုံးသွားတယ်လို့သိရပါတယ်။
အမှုကိုသွားရောက်ကူညီခဲ့တဲ့ ဒိန်းဒီအမျိုးသမီးရေးရာအဖွဲ့ က တာဝန်ရှိသူ ဒေါ်မာလ်စောမ် “ဆရာဝန်ကတော့ အတွင်းကြေသွားတယ်လို့ပြောတယ်။ ပြီးတော့ ခန္ဓာကိုယ်မှာညိုမဲရောင်ဖြစ်လာတာက သူ့နှလုံးကိုလည်းထိတယ်လို့ပြောတယ်။ သူက ခြေထောက်ကွေးလို့မရတဲ့ဟာကို ကားခိုင်းတော့ ဆီခုံတွေလည်းသွားထိတယ်လို့ပြောတယ်။ ” လို့ပြောပါတယ်။
လက်ရှိတွင် အမေအိုရဲ့အလောင်းဟာ ပြည်သူ့ဆေးရုံရင်ခွဲရုံတွင် စစ်ဆေးနေဆဲဖြစ်ပါတယ်။ အလောင်းကို ဒီနေ့ညတွင် သဂြိုလ်မယ်လို့သိရပါတယ်။
ကလေးမြို့မရဲစခန်းမှတ်တမ်းမှာတော့ မိခင်ဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်ခဲ့ရာမအောင်မြင်၍ အမျိုးသမီးအင်္ဂါအားလက်ဖြစ်ထိုးခဲ့ကြောင်းလို့ ရေးသားထားသည်
Crd......k.k
Comments
Post a Comment