သုခဘုံရဲ့ မင်းသားလေး (သို့) ရွှေတြိဂံ ရဲ့ ပြည့်ရှင်မင်း ခွန်ဆာ ဆိုတာ

သုခဘုံရဲ့ မင်းသားလေး (သို့) ရွှေတြိဂံ ရဲ့ ပြည့်ရှင်မင်း ခွန်ဆာ ဆိုတာ
============================

ခွန်ဆာ ဆိုတဲ့ အဓိပ္ပါယ် က သုခဘုံ မင်းသားလေး တဲ့ ။လှ
လိုက်တဲ့ နာမည် ။နာမည်ရင်း က ချန်စစ်ဖူ ။ရှမ်း တရုတ် ကပြား ။လူသိများ တဲ့ ခွန်ဆာ ရဲ့ စကား တခွန်းကတော့ ဗြိတိန် သတင်းထောက်တစ်ယောက် ကို ပြော ခဲ့ တဲ့ စကား ပါပဲ ။ရွေးကောက်ပွဲ မှာ အနိူင်ရ သွားတဲ့အောင်ဆန်းစု ကြည် ကို ကြည့် ပါလား ။သူ့ မှာ စစ်တပ် မရှိတော့ စစ်အစိုးရ ကအကျယ်ချုပ် ထားတာ ခံနေရ တယ်ဆိုတဲ့ စကား ။ခွန်ဆာ လက်ကိုင် ထားတဲ့ သဘောတရားကတော့ခင်ဗျား မှာ ကိုယ့် တိုင်းပြည် ဆိုတာ ရှိပြီးကိုယ့် အစိုးရ ဆိုတာ မရှိရင် ခင်ဗျား ရဲ့ဘယ်ပိုင် ဆိုင် မှု မှ စိတ်မ ချ ရ တော့ ဘူး ။ခွန်ဆာ ကို အရှေ့တောင် အာရှ ရဲ့ ပါဘလိုအက်စကိုဘာ အဖြစ် တင်စား ကြတယ် ။ဒီ စကား ကြားတော့ ခွန်ဆာ ကြီး က ရယ်တယ် တဲ့ ဗျ ။ဒီကောင် မှာ ငါ့ လို လူ ၄၀၀၀၀ လောက်ရှိပြီး လေယာဉ် ပစ် အမြောက် ပိုင် တဲ့စစ်တပ် မရှိ ပါဘူး ကွ ။ ကိုယ် ပိုင် မြို့ လည်း မရှိ ဘူး ။ အဓိက အချက် ကတော့ဒီကောင် မှာ ငါ့ လ်ု ပါးရည် နပ်ရည် မရှိဘူး တဲ့ ။ခွန်ဆာ ကြွားမယ် ဆိုလည်း ကြွား လောက်တယ် ။သူ့ အသက် ၃ နှစ် အရွယ် မှာ အဖေ မဲ့ ခဲ့ပြီး ပထွေး လက်အောက် မှာ အနှိမ် ခံ ဘဝနဲ့ ကြီး ပြင်း ခဲ့ရတယ် ။ပထွေး ဖက်က ပါလာတဲ့ သား ၃ ယောက် ရဲ့ ခိုင်းဖတ်ဘဝ ရောက်ခဲ့ရတယ် ။ တန်းတူ ကျောင်း မတက် ခဲ့ရ ပဲလွယ်မော် တောင်တန်း က ဘိန်းခင် တွေ မှာအချိန် ကုန်ခဲ့ ရတယ် ။အသက် ၁၆ နှစ် အရွယ် မှာ ခွန်ဆာ သေနတ်စ ကိုင်တယ်။ကျုးကျော် ကွန်မင်တန် တွေ ကိုဗမာ ဖက် က ဝင် တိုက်ပေးရင်း တရား မဝင်ဘိန်း သယ် ခွင့် ရ ခဲ့ တယ် လို့ အဆို ရှိကြပါတယ် ။
ခွန်ဆာ ဟာ သေနတ် နဲ့ လမိုင်း သိပ်ကပ်တယ်။သူ သဘောကျ တာ က မင်းသားကြီး ဂျွန်ဝိန်း။သူ ကိုင် တာ က နီလာ နဲ့စိန် ခြယ် ထားတဲ့ သေနတ်။ဂျွန်ဝိန်း လို သေနတ်အမြန်ဆွဲထုတ် တာသိပ်မြန်တယ်။ဂျွန်ဝိန်း ထက် သာတာ ကသူ က တကယ် လက်ဖြောင့် တယ် ။ သူ့ပစ်မှတ် ဟာ သက်မဲ့ စက်ဝိုင်း မဟုတ် ဘူး။သက်ရှိ ။ရှမ်း တရုတ် ကပြား ခွန်ဆာ ဟာ ရုပ်ဖြောင့် တယ် ။ပိန်ပိန် ပါးပါး ကိုယ်ဟန် ဖြောင့်ဖြောင့် ။တခေတ်က မင်းသား ကျော်ဆွေ လို စတိုင် ။အက်စကို ဘာ လို နှုတ်ခမ်း မွှေး နဲ့ လူကြမ်းရုပ် မဟုတ် ဘူး ။ အပြော သိပ် ကောင်းတယ် ။အဆို ပိုင်တယ် ။ အသံ ကောင်းတယ် ။အထူး သဖြင့် မ ကျမ်း ကျေ တာ ပါ ပဲ ။ဒါတွေ ကြောင့် ခွန် ဆာ ကို မိန်းမ တွေအသေ ကြွေ ကြတာ ။ ဆေးလိပ် သိပ် ကြိုက်တဲ့ ခွန်ဆာ ရဲ့ စီးကရက် သောက် ဟန် ဟာအနောက် တိုင်း က ကောင်းဘွိုင် စတိုင်အတိုင်း ပဲ လို့ ပြော စ မှတ် ပြု ရ တယ် ။မယား လေး ယောက် ကို တပြိုင် နက်ပေါင်း ခဲ့ ပြီး အငယ် ဆုံး မယား က အသက် ၁၅ နှစ် တူမ အရင်း ။
ဒါတွေ ရေးပြ လို့ ခွန်ဆာ ဟာ မင်းသားလေး လို လွမ်းပြမယ် မထင်နဲ့ ဗျ ။မျက်နှာ ၂ ဖက် နဲ့ လူ ။သူ နဲ့ ပြိုင်ဘက် ကွန်မင်တန် ဗိုလ်ချုပ်ကြီးလီ ရဲ့ ချင်းမိုင် က စံအိမ် ကို TNT ယမ်း ၂တန် သယ်လာ တဲ့ကား နဲ့ ဖောက်ခွဲ ဖျက်စီးလိုက်တာ အခန်း ၄၀ ပါစံအိမ်တော် ကြီးဟာ မြေပေါ် ဗုန်းဗုန်း လဲ ရော ။ရွာ လုံး ကျွတ် လူ ရာချီ ပြီး ကျင်းတူး ဗြင်းပစ် တာတွေ ။ လူ ကို ခွေးစာ ကျွေး ပစ်တာတွေ ။ လည်ပင်း ကို အပေါက် ဖောက် ။အဲ့ ဒီ အပေါက် ကနေ လျှာ ကို ဆွဲ ထုတ်ထား ပြီး လျှာ နက်ကတိုင်လုပ်တမ်း ကစားတာတွေ ။ ဒါတွေ သာ အက်စ်ကိုဘာကြားရင် ရှုရှုး တောင် ထွက်ကျ သွား နိူင်တယ် ။ ၁၉၆၉ မှာ ခွန်ဆာ အဖမ်း ခံရ တယ် ။မန္တလေး ထောင်မှာ သီးသန့် အကျဉ်းချထား ပြီး နိူင်ငံ တော် သစ္စာ ဖောက်မှု နဲ့သေဒဏ် အပေး ခံရ တယ် ။အဲ့ဒီ ခေတ်ကတကယ် သတ် တဲ့ ခေတ် ။ထောင် ထဲမှာ ဘာ အခွင့် အရေး မှ မရ ပဲတိုက် ပိတ် ထား လိုက်တာ ။ သေဖို့ကသေခြာ နေပြီ ။ မြော်လင့် ချက် မရှိတော့ဘူး ။၁၉၇၃ မှာ ခွန်ဆာ့ လူရုံတော် တွေ ကတောင်ကြီး မှာ ဆေးရုံလာ စစ် တဲ့ ရုရှားဆရာဝန် ၂ ယောက် ကို နေ့ခင်း ဘက်ကြီးဗြောင် ဝင်ဆွဲ သွား တယ် ။
အစိုးရက တပ်မ တစ်မ နဲ့ လိုက်တာ မမှီတော့ ဘူး ။ ၁၉၇၄ မှာ အလဲ အလှယ် နဲ့ ခွန်ဆာ လွတ်သွား တယ် ။ တော ထဲ တန်းသွား တယ် ။ ဘာမှ လုပ်မရ ဘူး ။လက် ပိုက် ကြည့်နေရ တဲ့ ဘဝ ဖြစ်သွားတယ် ။အဲ့ဒီ မှာတင် ခွန်ဆာ တပ် ထောင်တာ ပါပဲ ။Shan United Army SUA ရှမ်းပြည်သွေးစည်း ညီညွတ်ရေး တပ် ဆိုတာ ပေါ်လာတယ် ။ ဟိုမိန်း မှာ မြို့တည် တယ် ။ ရေအား လျှပ်စစ်နဲ့ မီး ပေး တယ် ။ ဆေးရုံ စာသင် ကျောင်း ရှိတယ် ။ ကိုယ်ပိုင် ဂေါက်ကွင်း ရှိတယ် ။ကျနော်တို့ က သာ တော ထဲ ထင် နေတာ ။ကမ္ဘာ က တော့ ဟိုမိန်းဟာ မြန်မာပြည် ကဟောင်ကောင် ပဲ ။ ကမ္ဘာ လှည့် ခရီး သွား လုပ်ငန်း ရှိတယ် ။ခွန်ဆာ ကျင်းပ တဲ့ ဂေါက်ပြိုင်ပွဲ ဟာ နအဖဂေါက်ပွဲထက် ကမ္ဘာ ကျော်တယ် ။ ထိုင်ဝမ်စင်္ကာပူ ဂျပန် အမေရိကား က လာ ရိုကိကြ တယ် ။ ကမ္ဘာကျော်အဆိုတော်တွေ လာတယ် ။ဗြိတိန် တော်ဝင် တွေlady တွေ lord တွေတောင် လာတယ် ။ဒီ သတင်းသာ အက်စ်ကိုဘာ ကြားရင် တက်သေ သွား နိူင်လောက်တယ် ။ခွန်ဆာ ဟာ ရွှေတြိဂံ ရဲ့ အရှင် သခင် ဖြစ်လာတယ် ။သူ ထုတ်တဲ့ ဟီးရိုးအင်း ဟာကမ္ဘာ ကျော်တယ် ။သန့်စင် မှု 90 % လောက်ရှိတော့ အမေရိကား ရောက်ရင် ကြိုက် သလောက် ရောအာနိသင် မလျော့ ဘူး ။အက်စကိုဘာ ရဲ့ ကုတ်ကင်း တောင် မြောင်းထဲ ရောက်မတတ် ဖြစ်ကုန်တယ် ။ဆယ်စု နှစ် လေးခု လောက် ပြိုင်ဖက် စစ်ဘုရင်တွေ မြန်မာ အစိုးရ ထိုင်း လာအိုအစိုးရ အမေရိကန် CIA DEA တွေ နဲ့ထွေ ပစ်တမ်း ကစား လာတဲ့ ခွန်ဆာ ဟာကိုလံဘီယာ က အက်စ်ကို ဘာ ကျဆုံးသွားတာ နဲ့ သူ့ အလှည့် ဆိုတာ ရိပ်မိတယ် ။
သူ ဟာ ၁၉၈၉ ထဲ က ဒေါ်လာ ၂ သန်းဆုငွေ ထုတ်ခံ ထားရ သူ ။ သူ ကျား ကွက်ရွေ့ လိုက် တယ် ။၁၉၉၆ တမနက် မှာ အမေရိကန် DEA ရုံးကို သတင်းတခု ဝင်လာတယ် ။ ခွန်ဆာနဝတ ဆီ လက်နက် ချ သွား ပြီတဲ့ ။တရုံး လုံး အောင် ပွဲ ခံ အော်ဟစ် ခဲ့ ကြတာ ပေါ့ ။ ၁၉၉၆ မတ် လ ရောက် တော့ခွန်ဆာ ကို လွှဲ ပြောင်း ပေးရေး ဟာ ရေပေါ် အရုပ် ရေး သလို ဖြစ်သွား ပြီ ဆိုတာသူတို့ သိရ တော့ နောက်ကျ သွားပြီ ။(ခွန်ဆာ လက်နက်ချ ပြီး သူ့စခန်း ဟိုမိန်းကို နအဖ ထံမှာ အကြွင်းမဲ့ အပ်နှံ လိုက်တယ် ။ တောင်ပုံ ရာပုံ လက်နက်တွေလေယာဉ်ပစ် အမြောက်တွေ ဆေးရုံတရုံ နဲ့ ဆေးရုံ သုံး ပစ္စည်းတွေ ဆိုတာအများကြီး ။အဲ့ဒီခေတ်က ရှားပါတယ် ဆိုတဲ့ လက်ကိုင် စကားပြောစက် အိုင်ကွန် တွေ ဆိုတာ တောင်ပုံ ရာပုံ ၊ ကြိုက်သလောက်ယူ ၊ ကျိုင်းတုံ ပြနိရောက်ရင် တလုံးတသိန်း ၊ ဝယ်မယ့် သူက အဆင်သင့် ။ဟိုမိန်း စခန်းသိမ်း သွားမယ့် အရာရှိတွေ က အလုအယက် ပဲ ။အဲ့ဒီ အချိန်ကျိုင်းတုံ ဆေးတပ် မှာ ကျနော် တာဝန်ကျနေတယ် ။ ရှေ့တန်းဆို အမြဲ မဲ ပေါက်တတ်တဲ့ ကျနော်တော့ ဒီတခါ ဟိုမိန်းသိမ်းပွဲ မှာ မဲ မပေါက်ခဲ့ပါဘူး ။ ဒါကကိုယ်တွေ့ လေး ထဲ့ရေးတာ )ဆွစ်ဇာလန် နဲ့ ထိုင်း က ခွန်ဆာ ငွေ ဒေါ်လာတစ်ဘီလျံ ကျော် ဟာ ပြည်တွင်း ပြန် ဝင်သွား ပြီးသယ်ယူ ပို့ ဆောင် ရေး တွေ ဟိုတယ်တွေ အပြင် အမေရိကန် က Unocal နဲ့ပြင်သစ် Total တို့ မှာမြုပ်နှံ လိုက် ပါပြီ ။ခွန်ဆာ ကတော့ ရှမ်းမိန်းကလေး ၄ ယောက် ။သမီး ၃ ယောက် သား ၅ ယောက် နဲ့ အတူရန်ကုန် မှာပေါ့လေ ။ခွန်ဆာ ဇာတ်သိမ်း ဟာ happy ending ဗျ ။
သူ နဲ့ ခေတ် ပြိုင်အက်စ်ကိုဘာ လို လမ်းကြို လမ်းကြား မှာ ဝရမ်း ပြေးဘဝနဲ့ဇာတ် မသိမ်းသွား ဘူး ။အရိုး ပြာ ကို လည်းသေခါနီးမှာ သွား လို့ ပါ ဆိုပြီးပင်လယ် ထဲအမျော မခံရဘူး။ဘယ်မှာ မြုပ်နှံထားတယ် ဆိုတာ လည်း မသိရ ဘူး ။သေခြာတာ တခုတော့ ရှိတယ် ။သူ့ ဇာတိ မြေ မှာ ခွန်ဆာ ပြတိုက် ရှိတယ် ။သူ့ ရဲ့ အမှတ်တရ မြင်းစီး ကြေးရုပ် ရှိတယ် ။ပြခန်းတွေအသုံး အဆောင် တွေ ပြသထားတယ် ။၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၆ ရက် နေ့မှာ ဦးခွန်ဆာဟာ သွေးတိုး ဆီးချိုလူကြီးရောဂါ နဲ့ ကွယ်လွန် သွား ပါ တယ် ။ခွန်ဆာ အကြောင်း သာ ရုပ်ရှင် ရိုက် လိုက်ရင် ကမ္ဘာ ကျော်ပါတယ် ဆို တဲ့ အက်စကိုဘာဘဝ အကြောင်းရုပ်ရှင် ဟာ မြောင်း ထဲရောက် သွား နိူင် ကြောင်း မြန်မာ ရုပ်ရှင်ပညာ ရှင် များ ကို လက်တို့ အသိ ပေးလိုက် ပါတယ် နော် ။ဗုံ တွေ မောင်း တွေ လို မကျင့် ကြနဲ့ ။သူတို့ က တီး မှမြည်တာ ။နာရီ လို ပြုမှု ကြ ပါ ။ လိုအပ် ချိန် တိုင်းအသံ ထွက် ပေး ပါ ။ဆရာ အောင် အေး (ရန်ကုန် တက္ကသိုလ် )ရဲ့ ဘိန်းဘုရင် ခွန်ဆာ ကို ခြေရာ ခံ ခြင်းဘာသာပြန် စာအုပ် မှ ဓါတ်ပုံ နဲ့ အကြောင်းအရာ များ မှီငြမ်း ထား ပါကြောင်း ဝန်ခံပါတယ် ။မဖတ်ရသေးသူများအတွက် ပြန်တင် ပေးတာပါ ။
Crd..

Comments