လာဘ်ပိတ်စေသော အကျင့်ဆိုးများ

လာဘ်ပိတ်စေသော အကျင့်ဆိုးများ

၁။ ဘုရားခန်းတွင် လင်မယား (၂)ယောက် မအိပ်ရ။

၂။ ယောကျာ်း၏ ညာဘက်တွင် မိန်းမ မအိပ်ရ။

၃။ နံနက် (၄) နာရီခွဲမှ (၆) နာရီအတွင်းတွင် သာသနာစောင့် နတ်မင်းကြီး (၄) ပါးတို့သည် လူအများစု၏ ကောင်းမှု့ ၊ မကောင်းမှု့တို့ကို ကြည့်ရူသော အချိန်ဖြစ်ပါသည်။ထိုအခ်ျိန်တွင် မေထုန်မှီဝဲမှု့ကို အထူးရှောင်ကြဉ်ရမည်။

၄။ မိမိအိပ်စက်သော ကုတင်ထက် (သို့)  အိပ်ယာထက် မြင့်သောနေရာတွင် ထဘီတန်း မပြုလုပ်ရ။

၅။ သားသမီး ခေါင်းရင်း၊ မိဘခြေရင်းတွင် မနေရ မအိပ်ရ။

၆။ မိမိအိပ်ယာခင်းနှင့် ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍ မထားရ။

၇။ မိမိနေထိုင်ရာထက် မြင့်သောနေရာတွင် ဖျာ၊မွေ့ယာစောင်များ လှမ်းခြင်းမပြုလုပ်ရ။

၈။ မိမိအိမ်ရှေ့  အပေါက်ဝတွင် မေးကို လက်ထောက်ပြီး မထိုင်ရ ၊မမှိုင်ရ။

၉။ မိမိအိမ်ရှေ့ တံခါးအပေါက်ဝတွင် ဆံပင်ကို ဖြန့်ချ၍ သန်းဥ မဆွဲရ။

၁၀။ မိမိအိမ်ရှေ့ တံခါးအပေါက်ဝတွင် ကလေးများ မစင် မစွန့်ရ။

၁၁။ မိမိအိပ်ယာထ မင်္ဂလာယူသော အခါ၌ အော်ဟစ် ဆဲရေးတိုင်းထွာခြင်း မပြုလုပ်ရ။

၁၂။ နံနက်စောစောအိပ်ယာထ မျက်နှာသစ်ရာတွင် လည်ချောင်ထဲမှ သလိပ်များကို မရ ရအောင် အသံကျယ်လောင်စွာ ပြု၍ မလုပ်ရ။

၁၃။ ကျွဲခတ်ထားသော အဝတ်၊ မီးလောင်ထားပြီးသော အဝတ်၊ လေပွေဖြင့် လွှင့်ပါလာသော အဝတ်၊ ကြွက်ကိုက်ထားသော အဝတ်၊ လည်းကောင်း အဝတ်များကို လူတို့ မဝတ်ကောင်းပေ။

၁၄။ အိမ်ပေါ်တွင် လမ်းလျှောက်လျှ င် ခြေသံပြင်းပြင်း မလျှေ ာက်ရ။အိုးခွက် ၊ပန်းကန် ပစ္စည်းများကို အသံမြည်အောင် ကြမ်းတမ်းစွာ မပြုလုပ်ရ။

၁၅။ ထမင်းစားလျှ င် ထမင်းပန်းကန်များကို လှည့်၍ ၊လူပ်၍ မစားရ။ငြိမ်သက်စွာ ညီညာစွာထားပြီးမှ စားရမည်။ထမင်းစာပွဲကိုလည်း လက်ထောက်၍ မစားရ။

၁၆။ ထမင်းစား၍သော် လည်းကောင်း၊ တခြားအစားအစာများ စား၍သော်လည်းကောင်း၊ အစာစားရာတွင် ပါးစပ်မှ ပလပ်.…ပလပ် မြည်အောင် ခွေးများ ထမင်းရည်သောက်သကဲ့သို့ အသံမထွက်စေရပါ။

၁၇။ လမ်းလျှေ ာက်စဉ်အတွင်း ထမင်းနှင့် တခြားအစားအစာများကို မစားရ။

၁၈။ မိမိအိမ်ရှေ့ အပေါက်ဝကို ကျောပေး၍ မထိုင်ရ။

၁၉။ နံနက်စောစောနှင့် ညဘက်များတွင် ခြေဆစ်၊လက်ဆစ်များ မချ ု ိးရ။

၂၀။ နံနက်စောစောနှင့် ညဘက်တို့တွင် လေမချွန်ရ

CRD......
#k.K

Comments