မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၂၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၈ ရက်နေ့ ၂၁၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်ရှိ ---- စားသောက်ဆိုင်သို့ရောက်ရှိနေသူ မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာနေသူများဖြစ်သည့် ဒေါ်အေးငွေ ၄၁ နှစ်၊ ဌေးဝင်း ၄၀ နှစ်နှင့် မြစ်ကြီးနားမြို့၊ ရွှေပြည်သာရပ်ကွက်နေ မတင်နှင်းယု(ခ)မိထက် ၃၀ နှစ်တို့အား စစ်ဆေးရှာဖွေရာ  ဒေါ်အေးငွေ လွယ်ထားသော လည်သာအိတ်အတွင်းမှ ဆပ်ပြာခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၀ ဂရမ်(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၈ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ပြားနှင့် မြန်မာငွေ ၁၃၅၀၀၀ ကျပ်တို့အားလည်းကောင်း၊ မတင်နှင်းယု(ခ)မိထက် ကိုင်ထားသော ပလတ်စတစ်ကပ်ခွာအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ ပြားအားလည်းကောင်း၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၀ ပြား(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၉.၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Crd...........

Comments