ပြည်သူပေးတဲ့သရဖူကို လုယူလို့မရဘူး
=================================
ဒီသရဖူကို
ပြည်သူတွေ
တံတွေးနဲ့ ဝိုင်းထွေးနေကြမယ်ဆိုရင်
အဲ့ဒီ..သရဖူမျိုး
မင်း....မရယူချင်ပါနဲ ့
ပြည်သူတွေရဲ ့
ဦးခေါင်းတွေကို ခုတ်ဖြတ်
အစီအရီ ထပ်လို့
မြို့ရိုးတံတိုင်း ခတ်ရမယ်ဆိုရင်
အဲ့ဒီမှာ
မင်း...မြို့မတည်ပါနဲ့
ပြည်သူတွေရဲ ့အရိုးတွေ ဖြတ်ချိုးဆက်
နန်းတော် ဆောက်ရမယ်ဆိုရင်
ဒီနန်းတော်ထဲ...
မင်း...မစံမြန်းချင်ပါနဲ့
ပြည်သူတွေရဲ ့"အလောင်း" တွေပေါ်
မင်းရဲ ့ပလ္လင်ကို ချခင်းရမယ်ဆိုရင်
ဒီပလ္လင်ပေါ်
မင်း..... တက်မထိုင်ချင်ပါနဲ့
ပြည်သူတွေရဲ ့သွေးစီးကြောင်း
ကော်ဇောနီ
ခင်းထားတာမှ ဟုတ်ဘဲ
ပြည်သူတွေရဲ ့ငိုသံရှည်
ခရုသင်းမှုတ်သံမှ မဟုတ်ဘဲ
ပြည်သူတွေရဲ့မျက်ရည်နဲ့
ဘိသိက်ရေစင်
အသွန်းလောင်း မခံချင်လေနဲ့
ပြည်သူတွေရဲ ့"နာကျင်မှု"ကို
ပန်းကုံးလုပ် အစွပ်မခံချင်နဲ့
ပြည်သူတွေရဲ့
အသွေးအသားကို
ပွဲတော် "မတည်ခင်း"ပါနဲ့
ပြည်သူတွေရဲ့ဘဝကို "ဝေါယာဉ်"လုပ်ပြီး
မင်း...မစီးနင်းလေနဲ့
ပြည်သူတွေရဲ့
"ယုံကြည်ကိုးစားမှု"နဲ့
မြိုးရိုးတံတိုင်းခတ်ပါ
ပြည်သူတွေရဲ ့ရင်ခွင်ထီးနန်းမှာ
မင်း...စံမြန်းပါ
ပြည်သူတွေရဲ့အသည်းပလ္လင်ပေါ်
လိပ်ပြာလှလှနဲ့
မင်း..ထိုင်ပါ
ပြည်သူတွေရဲ့
"နှလုံးသား"သရဖူကို
မင်းဦးခေါင်းပေါ်ဆောင်းပါ
ပြည်သူတွေရဲ ့"လိုလားမှု" မကိုဋ်စလွယ် ကို
မင်း...ဆင်မြန်းပါ
ပြည်သူက
"ချစ်ခြင်း" ပန်းရောင်စုံ
မင်းအပေါ် ကြဲပက်ကြိုဆိုမယ်
မင်း...သွားလေရာမှာ
လက်ခုပ်သံ ကော်ဇောတွေ
ဖြန့်ခင်းပေးထားကြမယ်
မင်း..ဟာ
ပြည်သူ့"အသည်းပလ္လင်"ပေါ်က
ဘယ်တော့မှ နန်းမကျတဲ့
"မင်းဧကရာဇ်" ဖြစ်တယ်မင်းဟာ
သမိုင်းမှာ
သေခြင်းမရှိတဲ့"ဘုရင်"
ထာဝရ ရှင်သန်နေမှာ အမှန်ပဲ။
#မောင်နန်းဝေ# ဗန်းမော်#
crd.....
K.k မှာ ပြန်လည်မျှဝေပေးသည်
=================================
ဒီသရဖူကို
ပြည်သူတွေ
တံတွေးနဲ့ ဝိုင်းထွေးနေကြမယ်ဆိုရင်
အဲ့ဒီ..သရဖူမျိုး
မင်း....မရယူချင်ပါနဲ ့
ပြည်သူတွေရဲ ့
ဦးခေါင်းတွေကို ခုတ်ဖြတ်
အစီအရီ ထပ်လို့
မြို့ရိုးတံတိုင်း ခတ်ရမယ်ဆိုရင်
အဲ့ဒီမှာ
မင်း...မြို့မတည်ပါနဲ့
ပြည်သူတွေရဲ ့အရိုးတွေ ဖြတ်ချိုးဆက်
နန်းတော် ဆောက်ရမယ်ဆိုရင်
ဒီနန်းတော်ထဲ...
မင်း...မစံမြန်းချင်ပါနဲ့
ပြည်သူတွေရဲ ့"အလောင်း" တွေပေါ်
မင်းရဲ ့ပလ္လင်ကို ချခင်းရမယ်ဆိုရင်
ဒီပလ္လင်ပေါ်
မင်း..... တက်မထိုင်ချင်ပါနဲ့
ပြည်သူတွေရဲ ့သွေးစီးကြောင်း
ကော်ဇောနီ
ခင်းထားတာမှ ဟုတ်ဘဲ
ပြည်သူတွေရဲ ့ငိုသံရှည်
ခရုသင်းမှုတ်သံမှ မဟုတ်ဘဲ
ပြည်သူတွေရဲ့မျက်ရည်နဲ့
ဘိသိက်ရေစင်
အသွန်းလောင်း မခံချင်လေနဲ့
ပြည်သူတွေရဲ ့"နာကျင်မှု"ကို
ပန်းကုံးလုပ် အစွပ်မခံချင်နဲ့
ပြည်သူတွေရဲ့
အသွေးအသားကို
ပွဲတော် "မတည်ခင်း"ပါနဲ့
ပြည်သူတွေရဲ့ဘဝကို "ဝေါယာဉ်"လုပ်ပြီး
မင်း...မစီးနင်းလေနဲ့
ပြည်သူတွေရဲ့
"ယုံကြည်ကိုးစားမှု"နဲ့
မြိုးရိုးတံတိုင်းခတ်ပါ
ပြည်သူတွေရဲ ့ရင်ခွင်ထီးနန်းမှာ
မင်း...စံမြန်းပါ
ပြည်သူတွေရဲ့အသည်းပလ္လင်ပေါ်
လိပ်ပြာလှလှနဲ့
မင်း..ထိုင်ပါ
ပြည်သူတွေရဲ့
"နှလုံးသား"သရဖူကို
မင်းဦးခေါင်းပေါ်ဆောင်းပါ
ပြည်သူတွေရဲ ့"လိုလားမှု" မကိုဋ်စလွယ် ကို
မင်း...ဆင်မြန်းပါ
ပြည်သူက
"ချစ်ခြင်း" ပန်းရောင်စုံ
မင်းအပေါ် ကြဲပက်ကြိုဆိုမယ်
မင်း...သွားလေရာမှာ
လက်ခုပ်သံ ကော်ဇောတွေ
ဖြန့်ခင်းပေးထားကြမယ်
မင်း..ဟာ
ပြည်သူ့"အသည်းပလ္လင်"ပေါ်က
ဘယ်တော့မှ နန်းမကျတဲ့
"မင်းဧကရာဇ်" ဖြစ်တယ်မင်းဟာ
သမိုင်းမှာ
သေခြင်းမရှိတဲ့"ဘုရင်"
ထာဝရ ရှင်သန်နေမှာ အမှန်ပဲ။
#မောင်နန်းဝေ# ဗန်းမော်#
crd.....
K.k မှာ ပြန်လည်မျှဝေပေးသည်
Comments
Post a Comment