မန္တလေးကျုံးဘေး မီးပွိုင့်တွင် သမီးရည်းစားစုံတွဲအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို သင်္ကန်းဝတ်ဖြင့် ဖမ်းမိ၊

=============================================================
တိမ်းရှောင်နေစဉ် သင်္ကန်းဝတ်ထားခြင်း ဖြစ်ပြီး သမီးရည်းစားကိစ္စကြောင့် ပစ်ခတ်ခြင်းဖြစ်ဟုဆို
သူရိန်မင်း၊ ဇွန်-၂၈
မန္တလေးကျုံးဘေး လမ်း ၈၀ မီးပွိုင့်တွင် ဆိုင်ကယ်စီးလာသည့် သမီးရည်းစားစုံတွဲမှ အမျိုးသားဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို စစ်ကိုင်းတိုင်းဒေသကြီး ညောင်ပင်ဝန်းဒေသရှိ ဘုန်းကြီးတစ်ကျောင်း၌ သင်္ကန်းစည်းထားစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ အမျိုးသားသည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ အသက်(၁၉)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ယနေ့ ဇွန်(၂၈)ရက် နေ့လည်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါ အမျိုးသားသည် ပြစ်မှုကျုးလွန်ပြီးနောက် တိမ်းရှောင်နေခဲ့ရာ စစ်ကိုင်းတိုင်း ညောင်ပင်ဝန်းနယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ သင်္ကန်းဝတ်ထားကြောင်း သတင်းရသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ကာ လူဝတ်လဲ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
သမီးရည်းစားကိစ္စ မပြေလည်ရာမှ သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ဆေးနေဆဲဖြစ်၍ အတိအကျ မသိရသေးကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ ဇွန်(၂၇)ရက် ည(၈)နာရီခွဲ ဝန်းကျင်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁)နေ အသက်(၁၇)နှစ်အရွယ် အမျိုးသားသည် ရည်းစားဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် ကျုံးဘေးအတိုင်း မောင်းနှင်လာပြီး ၂၆လမ်းနှင့် လမ်း၈၀ မီးပွိုင့်တွင် မီးနီ၍ ရပ်စောင့်နေစဉ် အခြား ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသားနှစ်ဦးက သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်ခံရသဖြင့် အသက်(၁၇)နှစ်အရွယ် အမျိုးသားတွင် နံဘေးဖောက်ဝင် ထိခိုက်ဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအရ အရေးယူပေးပါရန် ဒဏ်ရာရသူ၏ ဖခင်က အမှုဖွင့် တိုင်တန်းသဖြင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၃၀၇/၃၂၆ (လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်း၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှု့ဖွင့် စစ်ဆေးခဲ့သည်။
ထို့နောက် ကျူးလွန်သူကို ဖမ်းဆီးရမိရေး တိုင်း၊ ခရိုင် မှုခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများမှ တာဝန်ရှိသူများက စုံစမ်းခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်သူ အသက်(၁၉)နှစ်အရွယ် အမျိုးသားကို စစ်ကိုင်းတိုင်း ညောင်ပင်ဝန်းဒေသရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ထို့အပြင် ယင်းဖြစ်စဉ်နှင့် ပတ်သက် ဆက်စပ်သည်ဟု ယူဆရသော အမျိုးသား သုံးဦးကိုပါ ဖမ်းဆီးထားပြီး စစ်ဆေးနေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မန္တလေးကျုံးဘေး သေနတ်ပစ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူများ....
Crd.......

Comments
Post a Comment