ရေတိမ်ရောဂါဖြစ်ပွားလျှင် အ မြင်အာရုံဆုံးရှုံးမှု မဖြစ်စေရန် စောစီးစွာကုသမှုခံယူရန် လိုအပ် ကြောင်း ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက အသိပေးနှိုး ဆော်သည်။
===============================================================
ရေတိမ်ရောဂါသည် မျက်စိ အတွင်းပိုင်း ရေဖိအားပုံမှန်ထက် များလာခြင်းကြောင့် မျက်စိအာရုံ ကြော ထိခိုက်ပျက်စီးရခြင်းဖြစ် သည်။ အစောပိုင်းတွင် ရောဂါ လက္ခဏာများကို သတိမထားမိ ဘဲနေထိုင်မိရာမှ ကုစား၍မရနိုင် သော အမြင်အာရုံဆုံးရှုံးသည်အ ထိ ဆိုးရွားသွားနိုင်သဖြင့် စောစီး စွာကုသရန် လိုအပ်ခြင်းဖြစ် သည်။
ယင်းရောဂါသည် အသက် အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် (၄၀) နှစ်အထက်တွင်ပိုမို ဖြစ်ပွားလေ့ရှိသည်။
ထို့အပြင် မိဘမျိုးရိုးတွင် ရေတိမ်ဖြစ်ဖူးသူများ၊ မျက်စိအ တွင်းပိုင်း ရောင်ရမ်းခြင်း ရာဇဝင် ရှိသူများ၊ မျက်စိ ထိခိုက်ဒဏ်ရာ ရဖူးသူများ၊ စတီးရွိက်ပါသော ဆေးများ ကြာရှည်စွာသုံးစွဲနေရ သူများ၊ ဆီးချိုရောဂါရှိသူများနှင့် အတွင်းတိမ်ရောဂါကို ရောဂါရင့် သည်အထိ မကုသဘဲကြာမြင့်စွာ ထားသူများတွင် ဖြစ်ပွားနိုင်သည်။
ရောဂါလက္ခဏာများမှာ မျက်စိအာရုံကြော ထိခိုက်သဖြင့် မျက်စိမြင်ကွင်း တဖြည်းဖြည်း ကျဉ်းလာခြင်း၊ ရုတ်တရက်ပြင်း ထန်ရေတိမ်များတွင် အမြင်အား ကျဆင်းခြင်း၊ မျက်စိတစ်ဝိုက်အ ပြင်းအထန် ကိုက်ခဲခြင်း၊ ခေါင်း ကိုက်ခြင်း၊ ပျို့အန်ခြင်း၊ မျက်စိနီ ရဲခြင်းတို့ခံစားရတတ်သည်။
အဆိုပါရောဂါသည် ရေ တိမ်ဖြစ်ပွား၍ ထိခိုက်သွားသော အမြင်အာရုံကြောကို ပြန်လည် ကောင်းမွန်အောင် ကုသရန်မဖြစ် နိုင်သော်လည်း မျက်စိအတွင်းဖိ အားကိုလျှော့ချရန် ဆရာဝန်ညွှန် ကြားထားသော မျက်စဉ်းဆေး များကို ညွှန်ကြားချက်အတိုင်း ပုံမှန်ခတ်ခြင်း၊ ဆေးသောက်ခြင်း၊ လေဆာဖြင့်ကုသခြင်း၊ ခွဲစိတ် ကုသမှုခံယူခြင်းတို့ဖြင့် အမြင် အာရုံဆုံးရှုံးခြင်းကို ကာကွယ်နိုင် ကြောင်း ဆရာဝန်များက ပြော သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားမှု များသော မျက်စိရောဂါများထဲ တွင် ရေတိမ်ရောဂါပါဝင်ပြီးယင်း ရောဂါသည် အမြင်အာရုံဆုံးရှုံးမှု ကိုဖြစ်စေသော မျက်စိရောဂါများ အနက် တစ်ခုအပါအဝင်လည်း ဖြစ်ကြောင်း မျက်စိအထူးကုဆရာ ဝန်ကြီးများက ပြောသည်။
Crd...

Comments
Post a Comment