ဇွဲကပင်တောင်မှာ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူ ကို သေဆုံးလျှက်တွေ့ရှိ

ဇွဲကပင်တောင်မှာ ပျောက်ဆုံးနေတဲ့  တက္ကသိုလ်ကျောင်းသူ ကို သေဆုံးလျှက်တွေ့ရှိ
===============================================================
ဇွန် - ၂၇ ၊၂၀၂၀

ကရင်ပြည်နယ် က ဇွဲကပင်တောင်မှာ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူကို တောင်စောင်းတစ်နေရာမှာ ဒီကနေ့ မနက်ပိုင်းက သေဆုံးလျှက် တွေ့ရတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဆီကသိရပါတယ်။

မီးသတ်တပ်ဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အဲ့ဒီကျောင်းသူရဲ့ ဆိုင်ကယ်သော့တွေ့ရှိတဲ့နေရာတစ်ဝိုက်ကို  ဒရုန်းအသုံးပြုကာ ရှာဖွေရာမှာတော့  တောင်စောင်းတစ်နေရာမှာ  ကျောင်းသူရဲ့ အလောင်းကိုတွေ့ရှိခဲ့တာပါ။

လက်ရှိမှာ တော့ မီးသတ်တပ်ဖွဲ့က အလောင်းတွေ့ရာ နေရာကို  ဆင်းကာ  သယ်ယူဖို့ လုပ်ဆောင်နေပါတယ်။

ဘားအံတက္ကသိုလ်မှာပညာသင်ကြားနေတဲ့ သတ္တဗေဒ ဂုဏ်ထူးတန်း ပထမနှစ်ကျောင်းသူဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ညနေပိုင်းက ဇွဲကပင်တောင်ကို တစ်ယောက်တည်း တက်ခဲ့တာလို့သိရပါတယ်။

အဲ့ဒီနောက်  နေထိုင်ရာအဆောင်ကို ပြန်မရောက်လာတဲ့အတွက် မိခင်ဖြစ်သူကိုယ်တိုင်က ရဲစခန်းမှာ လူပျောက်တိုင်တန်းချက် ဖွင့်ခဲ့တာပါ။

ကျောင်းသူရဲ့ ဖိနပ်နဲ့ ဆိုင်ကယ်သော့ကို တောင်တက်လမ်းရဲ့ တစ်နေရာစီမှာ တွေ့ရှိခဲ့ရပြီး အခုဒီမနက်မှာတော့ ဆိုင်ကယ်သော့တွေ့ရှိတဲ့ တောင်ကမ်းပါးစွန်းရဲ့ နေရာကို ရှာဖွေမှုပြုလုပ်ရမှာ အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Crd.........
#k.k

Comments