မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရန်ကင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ အင်းစိန်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၂၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရန်ကင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ အင်းစိန်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၂ ရက်နေ့ ၁၃၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာရှိ ကော်ဖီဆိုင်သို့ရောက်ရှိနေသူ ထန်းတပင် မြို့နယ်၊ ကတွယ်ညောင်ရိုးကျေးရွာနေ မခင်အေးမွန် ၃၆ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းကိုင်ထားသောလက်ဆွဲအိတ် အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀ ပြား(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၁၁.၁ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးခဲ့ပါသည်။
ယင်းသို့ဖော်ထုတ်စစ်ဆေးခဲ့ရာ ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအားရောင်းချသူ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ မလှမြတ်မွန် ၃၉ နှစ်အား ဆက်သွယ်ချိန်းဆိုခဲ့ရာ ၁၆၃၀ အချိန်တွင် မလှမြတ်မွန် စေလွှတ်လိုက်သည့် ဖော့ကန်ရပ်ကွက်နေ စိုးသိန်းဦး ၃၁ နှစ်အား ဖော့ကန်ရပ်ကွက်၊ ဝါဦးကျောင်းလမ်း တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၁၇၃၀ အချိန်တွင် မလှမြတ်မွန်အား ဝါဦးကျောင်းလမ်းတွင် လက်ကိုင်ဖုန်း ၃ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်း၏နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်တွင် မမြသက်မွန် ၂၉ နှစ် နှင့် ကိုတင်ညွန့်(ခ)ဦးချင်း ၆၂ နှစ်တို့အား တွေ့ရှိပြီး ကိုတင်ညွန့်(ခ)ဦးချင်းမှ အထုပ် ၁ ထုပ်အား ပြတင်းပေါက်မှပစ်ချလိုက်သဖြင့် သွားရောက်စစ်ဆေးရာ အဆိုပါအထုပ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၆၀ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး၊ မြန်မာငွေကျပ် ၂၅ သိန်းနှင့် နေအိမ်ရှေ့တွင်ရပ်ထားသည့် မော်တော်ယာဉ် ၁ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့ပြီး ကွင်းဆက်များထပ်မံဖော်ထုတ်စစ်ဆေးခဲ့ပါသည်။
ယင်းသို့ဖော်ထုတ်စစ်ဆေးခဲ့ရာ ကွင်းဆက်ပေါ်ပေါက်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများအား ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာတွင် အိမ်ငှားနေထိုင်သူ ကျော်ထက်အောင်(ခ)အသေးလေး ၁၉ နှစ်ထံတွင် အပ်နှံသိမ်းဆည်း ထားကြောင်း ပေါ်ပေါက်သဖြင့် ၁၇၀၀ အချိန်တွင် ကျော်ထက်အောင်(ခ)အသေးလေး ၏နေအိမ်ခန်းအား ဝင်ရောက် ရှာဖွေရာ ၎င်းအား နေအိမ်ခန်းအတွင်းတွေ့ရှိပြီး အခန်းအတွင်းရှိ လက်ဆွဲခြင်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၅၀၀ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Crd........
#k.k

Comments
Post a Comment