မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာတွင် ဘင်္ဂလီ ၁၆ ဦး ဖမ်းဆီးရမိ
ဧရာ၀တီတိုင်း
ဇွန်လ ၂၃ ရက် (မြောင်းမြ)
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာသို့ နိုင်ငံသားအထောက်အထားမဲ့ ၀င်ရောက်လာသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလီ ၁၆ ဦးအား ယနေ့ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာအုပ်စုတွင် ဘင်္ဂလီလူမျိုးများ ရောက်ရှိနေ ကြောင်းသတင်းအရ မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူးတို့ ဦးဆောင်သာ တာ၀န်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြင်းကကွင်းကျေးရွာအုပ်စု၊ မြင်းကကွင်းကျေးရွာရှိ လယ်တဲတစ်ခုတွင် ဘင်္ဂလီ ၁၆ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သတင်းရရခြင်း ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူတွေရဲ့လူမှုဘ၀ လုံခြုံရေးနဲ့ ကျန်းမာရေးလုံခြုံမှုအတွက် ချက်ခြင်းသွားရောက်စစ်ဆေးခဲ့ရာမှာ ဘင်္ဂလီ ၁၆ ဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အခု ဖမ်းမိတဲ့နေရာက အရင်တုန်းက ဘင်္ဂလီတွေတစ်ခါမှ မဖမ်းမိဘူးတဲ့နေရာကနေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်”ဟု မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြောင်းမြမြို့နယ်သို့ နိုင်ငံသားအထောက်အထားမဲ့ ၀င်ရောက်လာသူ ဘင်္ဂလီများကို ဖမ်းဆီးမှုမှာ ယခုတစ်ကြီမ်သည် ပထမဆုံးဖြစ်ပြီး ဖမ်းဆီးရမိသည့်ဘင်္ဂလီ ၁၆ ဦးတွင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ကလေးငယ် ကျား ၁ ဦးနှင့် မ ၁ ဦး၊ စုစုပေါင်း ၁၆ ဦး ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် အဆိုပါ ဘင်္ဂလီ ၁၆ ဦးကို မြင်းကကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွာရန်တင်း ထားရှိကာ မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့က လုံခြုံရေးတာ၀န်ယူထားပြီး အဆိုပါ ဘင်္ဂလီများအား စစ်ဆေးမေးမြန်း မှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
Crd....
#k.k#

Comments
Post a Comment