လူစွမ်းနတ်မ မ

     လူစွမ်းနတ်မ မ
=================================
 ဘိုးတော်ဦးဝိုင်းသည် မင်းကွန်းပုထိုးတော်ကြီးတည်၍ ခေါင်းလောင်းတော်ကြီး သွန်းလုပ်သော ဘုရား ဒကာကြီးဖြစ်ခဲ့သည်။
  ပုထိုးတော်ကြီးမှာ ညဏ်တော်၅၂၀ ကျော်ရှိမည်ဖြစ်၍ အင်မတန်ကြီးမားလှသဖြင့် မပြီးစီးနိုင်အောင် ဖြစ်နေသည်။ ရင်ထဲမချင့်မရဲနှင့်ပေါ်ဦးအား မိန့်ကြား၏။
  ပေါ်ဦး 
    ခစားလျက်ပါဘုရား
  ငါကိုယ်တော်မြတ်ရဲ့ ဘေးဘိုးတော်များတည်ထားကိုးကွယ်ခဲ့ကြတဲ့ ရွှေတိဂုံစေတီတော်၊ရွှေစည်းခုံ၊အနာမ်ဒါစတဲ့ ဘုရားများကို လူတစ်ရစ် နတ်တစ်ရစ် တည်တယ်လို ကြားဖူးခဲ့တယ်၊
   မှန်ပါ၊ရာဇဝင်အထင်အရှားရှိကြောင်းပါဘုရား၊
  သို့ပေမယ့်အခု ကိုယ်တော်မြတ်တည်ထားကိုးကွယ်တဲ့ ပုထိုးတော်ကြီးကျတော့ ဘယ်နတ်သိကြားကမှ လာကူညီပုံ မရပါလာ၊
   အဲဒါကတော့ဘုန်းတန်ခိုးချင်း မတူလိုပါဘုရာ၊
     အလို ထူးထူးခြားခြား လျှောက်စမ်းပါဦး
​​ပညာရှိများ မိန့်ထားခဲ့တဲ့ စကားပုံတစ်ခုကို သက်သေပြုနိုင်ပါတယ်ဘုရား..၊
      ဘာများပေတုံး...
  လူမစွမ်းနတ်မဆိုတဲ့ စကားပုံပါဘုရား၊ရွှေတိဂုံ အစရှိသောဘုရာစေတီကြီးများကို တည်ခဲ့သော မင်းဧကရာဇ်တို အရှင့်လောက် ဘုန်းတန်ခိုးမကြီးသည့်အတွက် နတ်များက မ ရခြင်းဖြစ်ပါသည်ဘုရား၊အရှင်မင်းကြီးကတော့ ဘုန်းတန်ခိုး အစွမ်းထက်သည့်အတွက် နတ်များမဖို မလိုသောကြောင့် မ ၊မကြခြင်းသာဖြစ် ပါလိမ့်မယ်ဘုရား၊
   ဒါဆိုရင် ငါကိုယ်တော်စွမ်းလို့ နတ်မ မ တာပေါ့ ဟုတ်စ..
  ဧဝကန် အမှန်ပင်ဖြစ်ပါတော့သည်ဘုရား...
ဘိုးတော်ဘုရင်းလည်း အလျှောက်ကောင်းသောဦးပေါ်ဦး၏ စကားကြောင့် စိတ်သက်သာရာရပြီ ကျေနပ်ပီတိဖြစ်သွားသောဟူ၏........   

Crd..
#k.kမှပြန်လည်မျှဝေသည်..

Comments