ကောသလအိမ်မက် ၁၆ ချက်

ကောသလအိပ်မက် ၁၆ချက်
============================၁၊နွားကြီးလေးကောင် ဝှေ့တော့မယောင် ဟန်ဆောင်နေကြပုံ။
(နွားနက်လေးခု၊ဝှေ့မှုဟန်ပြင် မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်၊ အရှေ့အနောက်တောင်မြောက် မိုးဆင်ခြိမ်းသံပေး၊မိုးဝေ လွင့်ပျောက်စင်။)
၂၊သေးငယ်သော သစ်ပင်ပေါက်ကလေးများ အရွယ်နှင့်မမျှ သီးပွင့်နေကြပုံ။
(မြေကမကြွ၊ငယ်လှသစ်ပင် ဖူးငုံရင့်ပြီး၊ပွင့်သီးတွေမြင်အရွယ်မမျှ၊ပျိုမ မယ်ခင် သမီးသား၊လင်သားအိမ်ထောင်ချင်။)
၃၊နွားမကြီးက နွားကလေးနို့ကို စို့နေပုံ။
(ယနေ့ဖွားစ၊နွားမနို့သာ မိခင်နွားကြီ၊စို့ပြီးနေရှာ သမီးနှင့်သား၊စီးပွားပိုင်ရှာ မိနှင့်ဘ၊ကျွေးမှ စားရမှာ။)
၄၊နုနယ်သော နွားပေါက်စကလေးများ ကြီးလေးသောဝန်ကို ရုန်းနေကြရပုံ။
(နွားကြီး မကြိုက်၊ဝင်တိုက်နွားငယ် မရုန်းနိုင်ဘဲ၊ဝပ်လည်နေတယ်၊ကြီးသူဖယ်ရှား၊မြှောက်စားလူငယ် တိုင်းပြည်ရေး၊ရှုပ်ထွေးပွေတော့ မယ်။)
၅၊နှစ်ဘက်ရှိသောခံတွင်းဖြင့် အစာစားနေသော မြင်းပုံ။
(ခံတွင်းနှစ်ခွ၊များလှရာဇာ ကျွေးကျွေးသမျှ၊မဝနိုင်ပါ မှူးမတ်မင်းစိုး၊လာဘ်ထိုးသူရှာ နှစ်ဖက်စား၊တရားစီရင်မှာ။)
၆၊အဖိုးတစ်သိန်းထိုက်သော ရွှေခွက်သို့ မြေခွေး၊ကျင်ငယ်စွန့်နေပုံ။
(ခွေးအိုထံဆက်၊ရွှေခွက်သိန်းတန် ကျင်ငယ်အမြဲ၊ခွက်ထဲစွန့်ပြန် မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန် အမျိုးယုတ်၊လင်လုပ်ပေါင်းဖက်ဆံ။)
၇၊ကျစ်ပြီးသော ကြိုးလွန်စများကို မြေခွေးမက ခိုးစားနေပုံ။
(ရှေ့က ကျစ်ချ၊လွန်စကြိုးကို ခွေးမ ခိုးစာ၊ကိုက်ဝါးကာမျိုလင်ကြီး ပစ္စည်း၊သိမ်းဆည်းမသို လင်မြှောင်အား၊မယားလောကွတ်ပို။)
၈၊မပြည့်အိုးကို ဖယ်ကျဥ်၍ပြည့်လျှံပြီးအိုးကြီကိုသာ ရေများလောင်းထည့်နေပုံ။
(အိုးငယ်ချည်းနှီး၊အိုးကြီးရေလျှံ အိုးကြီးကိုပဲ၊ရေဆွဲလောင်းပြန် ဆင်းရဲသူများ၊ ဝတ်စားမကျန် အခွန်တွက်၊နှိပ်စက်ငွေထောင်းခံ။)
၉၊ကြည်လင်အေးမြသော အနားကန်စပ်ရှိသော်ငြားအလယ်နောက်နေသော ရေကန်ကြီးပုံ။
(ကြာမျိုးငါးဝ၊ပွင့်ကြရေကန် ရေလယ်နောက်လျက်၊ကမ်းဘက်ကြည်ပြန် မြို့တွင်းပွေရှုပ်၊ခွန်တုပ်ကောက်ခံ မြို့ပြင်ထက်၊ပြည့်နှက်စည်ကားရန်)
၁၀၊ထမင်းတစ်အိုးတည်းမှ ပျော့၊မာ၊တန်သင့် သုံးမျိုးသုံးစားကွဲပြားပုံ။
(တစ်အိုးတည်းချက်၊အကျက်မညီ ထမင်းမာဆတ်၊ပျော့နပ်သုံးလီ မင်းကျင့်လူများ၊တရားမမှီ မိုးသုံးစား၊ကွက်ကြားရွာချမည်)
၁၁၊အဖိုးတစ်သိန်းထိုက်သော စဒနကူးနှစ်ကိုရက်တက်ရည်ပုပ်ဖြင့် လဲလှယ်ပုံ။
(မွှေးပျံ့နံ့ကြူး၊စဒနကူးသိန်းတန် ပုန်းရည်နဲ့လဲ၊သုံးစွဲခါပြန် အလဇွီများ၊တရားဖိုးတန် ငွေနှင့်ပုလဲ ၊ အမြဲဟောမည်မှန်။)
၁၂၊ဗူးထောင်းများ ရေနစ်နေပုံ။
(သံကြေးမပေါင်း၊ဗူးတောင်းဗူးအိုရေတွင်စုပ်စုပ်၊နစ်မြှုပ်လုံးစုံ ပညာရှိများ၊ စကားဥသာုံ ပြောသမျှ၊လောကသုံးမကုန်။)
၁၃၊လေးလံသော ကျောက်ဖျာကြီးလှေအသွင်ကဲ့သို့ ရေပေါ်တွင်ပေါ်နေပုံ။
(အိမ်လုံး တောင်လုံး၊ကျောက်တုံးကျောက်ဖျာရေမှာဘွားဘွား၊ထင်ရှားပေါ်လာရဟန်းရှင်ဆိုး၊လူဆိုးများသာ ဂုဏ်ရောင်တိုး၊တန်ခိုးထွက်ပေါ်လာ။)
၁၄၊ကြီးမားလှစွာသော မြွေဟောက်တစ်ကောင်ကို ဖားမငယ်က ကိုက်စားနေပုံ။
(အဆိပ်ပြင်းတောက်၊မြွေဟောက်ကြီးကိုဖားငယ်မက၊ကိုက်ဝါးချမျိုကညာယူထား၊သက်ကြားအဘိုးအို မယားဆဲ၊အမြဲအော်ငေါက်ဆို။)
၁၅၊မည်းနက်သောကျီးယုတ်အား ရွှေဟသ်ာများခြံရံနေပုံ။
(အဆင်းမည်းနက်၊ကျီးငှက်ထံမှာ ရွှေဟသ်ာများ၊ခစားနေပါ ပညာသီလ ၊ပြည့်ဝသူဟာ သူယုတ်အား၊ဝပ်တွားနေရရှာ။)
၁၆၊ကျားသစ်ကို ဆိတ်က ကိုက်စားနေပုံ။
(ဆိတ်ကိုမြင်ငြား၊ကြောက်အားပြင်းထန်ခြသေ့် သစ်ကျား၊ခုန်လွှားပြေးပြန်သူယုတ်မာများ၊ထောင်လွှားနိုင်ငံ သူတော်ကောင်း၊ပုန်းအောင်းတောမြိုင်ယံ။)
ဤတွင် နိဂုံးအဆုံးသတ်သွားပါတယ်
Crd...ကောသလအိမ်မက် လျှို့ဝှက်ချက် စာအုပ် မှာ ပြန်လည်မျှဝေပေးသည်

Comments

Post a Comment