Bipolar Disorder (စိတ်အတက်အကျမြန်ရောဂါ)
Bipolar Disorderဆိုတာ စိတ်ရောဂါတစ်မျိုးပါ... အများအားဖြင့် ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်...
ဒီရောဂါခံစားနေရတဲ့သူတွေမှာ စိတ်အခြေအနေနှစ်မျိုးရှိတတ်ကြပါတယ်
Depressionနဲ့ ဒီကောင်နဲ့မတူတဲ့အချက်ကတော့ Depressionက ကျတော့ စိတ်ဓာတ်အမြဲကျနေတတ်တာမျိုးပါ
Bipolarသမားတွေကကျတော့ စိတ်ဓာတ်တက်ကြွနေတဲ့အချိန်မျိုးမှာဆို အရမ်းတွေ ကွန်ဖီးဒန့်ရှိ အကြံတွေလည်းထွက် စိတ်ပါလက်ပါနဲ့အလုပ်တွေလုပ်ပြီးပျော်နေတတ်ပြီးတော့ စိတ်ဓာတ်ကျတဲ့ အချိန်မျိုးမှာဆို ဘာကိုမှ အကောင်းမမြင်တတ်တော့တာပါပဲ ကိုယ်ကလွဲရင် သူများတွေအကုန်အဆင်ပြေနေသလိုမျိုး ကိုယ့်ကိုယ်ကို သိမ်ငယ်လာတာမျိုးတွေဖြစ်တတ်ပါတယ်
တခါတလေပုံမှန်စိတ်အခြေအနေဖြစ်နေတတ်တာမျိုးတွေလည်းရှိပါတယ်
ဒီရောဂါက အန္တရာယ်များတဲ့ထဲမှာပါတာမို့
မပေါ့သင့်ပါဘူးနော်
ဒါကြီး ကြောင့်လည်း ကိုယ့်ရဲ့နေ့စဉ်ဘဝမှာပါ အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်
ပထမဆုံးအနေနဲ့ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ
အရမ်းထိပါတယ် စိတ်အတက်အကျအရမ်းမြန်တော့ တခါတလေကျ သူများတွေအပေါ် ဥပေက္ခာပြုထားမိတာမျိူးတွေ တခါတလေကျပြန်တော့လည်း အရမ်းကိုကောင်းပေးတာမျိုး
အဲ့လိုမျိုးတွေကြောင့် သူငယ်ချင်းတွေရှောင်ဖယ်လာတာမျိုးတွေဖြစ်နိုင်ပါတယ် အရမ်းဆိုးတဲ့သူတွေဆို suicideတာမျိုးတွေပါဖြစ်နိုင်ပါတယ်
ပညာရေး လူမှုရေး စီးပွားရေးမှာပါ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်ရှင့်
အသက် 15နှစ်ကနေ25နှစ်ထိအရွယ်တွေမှာအဖြစ်များပြီးတော့.... အသက်အရွယ် ကျား/မ မရွေးလည်းဖြစ်နိုင်ပါတယ်
ချက်ချင်းကု ချက်ချင်းပျောက်တဲ့ရောဂါမျိုးတော့မဟုတ်ဘူးရှင့် စိတ်ရောဂါဆိုတဲ့အတိုင်း ပျောက်ဖို့ အချိန်ပေးရပါတယ်နော်
ဆေးသောက်ပြီးကုတာမျိုးလည်းရှိပါတယ် Psychiatrist တစ်ယောက် ဒါမှမဟုတ် စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တာကတော့ အကောင်းဆုံးပါပဲ
Bipolarသမားတွေက အလုပ်လုပ်ဖို့planတွေအများကြီးချတတ်ကြပြီးတော့ အာ့တာတွေအကုန်လုံးကိုလည်း တကယ်လုပ်ပါတယ်( ဥပမာ စာကျက်မယ်ဆိုပြီး ရှိသမျှစာအုပ်အကုန်ထုတ်တာမျိုးပေါ့)
ဒါပေမဲ့ အဲ့အလုပ်တွေအကုန်လုံးကိုဘယ်တော့မှမပြီးပါဘူး ဘာလို့လဲဆိုတော့ အလုပ်တွေမပြီးခင် စိတ်ဓာတ်ကပြန်ကျသွားလို့ပါ 😂😅 နည်းနည်းရီရတယ်နော် ( ဥပမာ ဟိုဘာသာ နည်းနည်းကျက် ဒီဘာသာနည်းနည်းကျက် နောက်ဆုံး ဘာတစ်ခုမှ သေသေချာချာမရလိုက်တာမျိုးတွေပေါ့)
Bipolar ကိုမှ နောက်ထပ်လေးမျိုး ထပ်ခွဲထားတာရှိပါသေးတယ်
A. Bipolar 1 Disorder
B. Bipolar 2 Disorder
C. Cyclothymic Disorder
D. Bipolar Disorder due to another medical or substance abuse disorder
(စိတ်ဝင်စားရင် နောက်နေ့အဲ့လေးမျိုးအကြောင်းကိုထပ်ရေးပေးပါမယ်... P.S အမှားပါကောင်းပါနိုင်ပါတယ်ရှင် စိတ်ဝင်စားလို့ ကိုယ့်ဘာကိုGoogleကနေ ရှာဖတ်ထားတာကို ပြန်Shareပေးတဲ့သဘောမျိုးပါ)
ကိုယ်သိထားတာတွေကိုလည်း cmtမှာknowledge sharing ပြန်လုပ်ပေးနိုင်ပါတယ်: ))
#Crd To T r a n s Page
မူရင်း ရေးသားသူအာ လေးစားလျှက်

Comments
Post a Comment