မြန်မာပြည်မြေပုံ ရုပ်ဆိုးဖို့ ဖြစ်ခဲ့ဘူးတယ်။ 1890 ကျိုင်းတုံ အရေးအခင်းနဲ့ 1894 လန်ဒန်စာချုပ်တို့အရ မလိခမြစ် အရှေ့ဘက်တစ်ခြမ်းလုံး ဗန်း
မြန်မာပြည်မြေပုံ ရုပ်ဆိုးဖို့ ဖြစ်ခဲ့ဘူးတယ်။ 1890 ကျိုင်းတုံ အရေးအခင်းနဲ့ 1894 လန်ဒန်စာချုပ်တို့အရ မလိခမြစ် အရှေ့ဘက်တစ်ခြမ်းလုံး ဗန်းမော်နားက ရွှေလီမြစ်အရှေ့ဘက်တစ်ခြမ်းလုံး သံလွင်မြစ်အရှေ့ဘက် ရှမ်အရှေ့မြောက် ကိုးကန့် မိုင်းလား ဝနယ်တစ်ခုလုံး ရှမ်းအရှေ့ သံလွင်နဲ့ မဲခေါင်မြစ်အကြား ကျိုင်းတုံနယ်ကြီးတစ်ခုလုံး တရုတ်တို့ အပြင်းအထန်တောင်းဆိုခဲ့ဘူးတယ်။ ကြည့်ရအောင် 1890 ကျိုင်းတုံအရေးအခင်း၊ 1879 သီပေါမင်း နန်းတက်စလက်ထက်မှာ ကျိုင်းတုံစော်ဘွား၏နှမတော်မှာ နန်းတွင်းအရေးတော်ပုံအတွင်း အသတ်ခံခဲ့ရာ ကျိုင်းတုံစော်ဘွားလည်း မြန်မာမှုးမတ်အရာရှိတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး မြန်မာတို့နှင့်အဆက်အသွယ်ဖြတ်ခဲ့တယ် ဒါကြောင့် 1885ဗြိတိသျှတို့ အထက်မြန်မာပြည်သိမ်းပြီးတဲ့အခါ ရှမ်းအရှေ့ကျိုင်းတုံနယ်ကိစ္စ အတော်စဉ်းစားခဲ့တယ် အကျိုးရှိမရှိပါ။ အဲဒီခေတ်က ပြင်သစ်နဲ့အပြိုင် ကိုလိုနီနယ်များလုနေစဉ်အခါ ပြင်သစ်ရဲ့ လာအို ကမ်ဘောဒီးယား ဗီယက်နမ်ရဲ့ ကိုချင်ချိုင်းနားဒေသဟာ ကျိုင်းတုံမှာ တိုက်ရိုက်ထိစပ်လာချိန်ဖြစ်တယ်။ နောက်တစ်ခုက တရုတ်နဲ့တိုက်ရိုက်ထိစပ်တဲ့နေရာ အဲဒီခေတ်က နိုင်ငံကြီးတွေနဲ့ တိုက်ရိုက်ထိစပ်တာဟာ ကုန်သွယ်ရေး စစ်ရေး ပဋိပက္ခ များတာကြောင့် မလိုလားကြပါ။
အခွန်အကောက်အရလည်း နည်းတာမို့ ပထမပိုင်း ဗြိတိသျှတို့စဉ်းစားချက်က ပြင်သစ်တို့နဲ့ ပြသနာမဖြစ်လိုတာကြောင့် တရုတ်က သံလွင်နဲ့ မဲခေါင်အကြား ကျိုင်းတုံနယ်ကို တောင်ဆိုရာမှာ ပေးပစ်ဖို့ စိတ်ကူးရှိထားတယ်။ 1891 လန်ဒန်မှာ တရုတ်တို့နဲ့ မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသအရေး မဆွေးနွေးခင် တရုတ်တို့ တောင်းဆိုမှုတွေ အတောမသတ်တဲ့အခါ ပြန်လည်သုံးသပ်မှုတွေလုပ်ခဲ့တယ်။
အိန္ဒိယရေးရာဝန်ကြီး ဆာအာခီဘော မက္ကင်ဇီနဲ့ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လင်းစဒေါင်းတို့က သံလွင်မြစ်ကို အဓိကထား နောက်ဆုံးခံတပ်လုပ်ရင် အဆင်ပြေပြီ။ သံလွင်နဲ့ မဲခေါင်အကြား တောတောင်ထူထပ်တဲ့ ကျိုင်းတုံ နယ်ကို မဲခေါင်မြစ်အထိ နယ်ပယ်ထိန်းသိမ်းတာ အန္တရယ်များတယ် ယူဆခဲ့ပြီး တရုတ်တို့ကိုပေးပစ်ကာ အခြားဘယ်သူ့ကိုမှ ထပ်ဆင့်မလွဲရန်ကတိခံစေချင်ခဲ့တယ် (ပြင်သစ်ကိုပြန်လွဲဖို့ စိုးရိမ်ခဲ့တယ်) အထက်မြန်မာပြည် တိုင်းမင်းကြီး ခရော့စ်ဝစ်ကတော့ မြန်မာဘုရင်ကို ပဏ္ဍာဆက်နေတဲ့နယ်မြေ ဗြိတိသျှတို့ဂုဏ်သိက္ခာအရ ဆက်လက်ထိန်းသိမ်းသင့်တယ်။ မဲခေါင်မြစ်ကို ပထမရှေ့တန်းနယ်နမိတ်အဖြစ် ကာထားသင့်တယ် သံလွင်မြစ်ကြောင်းမှာ ကာရင် သစ်မျောတဲ့အခါ ကျိုင်းတုံနယ်မသိမ်းထားရင် ရန်သူတွေနဲ့ တစ်ချိန်မဟုတ်တစ်ချိန် တိုက်ရိုက်ပဋိပက္ခဖြစ်မယ်။ ဒါကြောင့် ကျိုင်းတုံနယ်ကို မပေးတော့ဘူး ဆုံးဖြတ်စေတယ်။
ရှမ်းပြည်နယ် တိုင်းမင်းကြီး J G Scot လည်းထောက်ခံလို့ နောက်ဆုံးမြန်မာနယ်ထဲပဲ ပြန်ရောက်သွားတယ်။ ရှမ်းပြည်နယ် တိုင်းမင်းကြီး Mr. J G Scot ဟာ ကျိုင်းတုံစော်ဘွား စပ်ခမ်းပုဆီ စစ်သား၂၀နဲ့ အရောက်သွားခဲ့ပြီး ၁၈၉၁ မှာ ဗြိတိသျှ အစောင့်ရှောက်ခံအဖြစ် စာချုပ်ချုပ်စေပြီး နောက်ဆုံးမှာ မြန်မာပြည်မြေပုံထဲက ကျိုင်းတုံဒေသ အချွန်းကလေးဟာ တရုတ်လက်ထဲ မပါသွားခဲ့ပါဘူး။ 1891-1894 လန်ဒန်စာချုပ် ကချင်တောင်တန်းရဲ့ နောက်ဆုံးဆုံးဖြတ်ချက် ဗြိတိသျှတို့နဲ့ တရုတ်တို့ဟာ စာချုပ်ချုပ်စေပြီး နောက်ဆုံးမှာ မြန်မာပြည်မြေပုံထဲက ကျိုင်းတုံဒေသ အချွန်းကလေးဟာ တရုတ်လက်ထဲ မပါသွားခဲ့ပါဘူး။ 1891-1894 လန်ဒန်စာချုပ် ကချင်တောင်တန်းရဲ့ နောက်ဆုံးဆုံးဖြတ်ချက် ဗြိတိသျှတို့နဲ့ တရုတ်တို့ဟာ 1886 ပီကင်းစာချုပ်နဲ့ မြန်မာနဲ့ တိဘက်ကိစ္စ အပြန်အလှန် ခြေမရှုပ်ဖို့ အဓိကစာချုပ်ခဲ့ပေမဲ့ မြန်မာတရုတ် နယ်ခြားသတ်မှတ်ရေး ကြတော့ 1891- 1894 လန်ဒန်စာချုပ်ကြမှ အပြီးသတ် ပြောပြီးကြပါတယ်။ တရုတ်ဘက်က လန်ဒန် တရုတ်သံအမတ် Tsengနဲ့ တရုတ်ကောင်စစ်ဝန် တရုတ်အကြံပေး ဆာဟောလီးဒေး မက္ကာတနေတို့ပါဝင်ပြီး ဗြိတိသျှတုိ့ဘက်မှ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး လောဒ့်ဆော့ဆဗာရိီ အိန္ဒိယဘုရင်ခံချုပ် လောဒ်လင်းစဒေါင်းဗြိတိသျှကောင်စစ်ဝန် ဆာသောမတ်အင်ဒါဆင် မြန်မာပြည်အုပ်ချုပ်ရေးအရာရှိ မစ္စတာဟတ်တို့ ၃နှစ်ကြာဆွေးနွေးခဲ့တယ်။ တရုတ်တို့အဓိက တောင်းဆိုခဲ့တာက 1886 တုန်းကလိုပဲ တရုတ် Dehong dai, Baushan Nujiangနယ်တွေနဲ့ တဆက်တည်းဖြစ်တဲ့ ရွှေလီမြစ်အရှေ့ဘက် တြိဂံမြေကနေ မေခမြစ် အရှေ့ဘက်တကြောလုံးကို အဓိကထား တောင်းဆိုတယ်။ 1886 ပီကင်းစာချုပ်တုန်းက ကျန်သွားတဲ့ သံလွင်အရှေ့ဘက်ခြမ်း ဝ ကိုးကန့်နဲ့ မိုင်းလား ဒေသတွေလည်းပါတယ်။ အဓိကက မေခမြစ်ရဲ့ ရေဝေလေဲဒေသကို တောင်းဆိုတာ။ ဒါပေမဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးလောဒ့်ဆော့ဆဗာရီ ပြန်ထောက်တာက ယူနန်ဘုရင်ခံရဲ့ ၁၈၇၃ ပန်းသေးသူပုန်ကိုနှိမ်နင်းအပြီး ယူနန်နယ်ရဲ့ အာဏာသက်ရောက်တဲ့မှတ်တမ်းမှာ ကချင်တောင်တန်းဒေသကြီးမပါတာပါပဲ။ ဒါ့အပြင် ၁၈၈၆ မှ ၁၈၉၁အထိ ကချင်တောင်တန်းဒေသစစ်ဆင်ရေးအပြီး ဗြိတိသျှတို့အသေအချာသိလိုက်ရတာက
တရုတ်တို့တောင်းဆိုတဲ့ အဲဒီဒေသနဲ့ ကချင်တောင်တန်းကြီးတစ်ခုလုံး တရုတ်တို့အာဏာသက်ရောက်မှု နှစ်၁၀၀ အတွင်းမရှိတာပဲ။ ဒါ့အပြင် မေခမြစ်ဖျားဒေသကို မည်သည့်တရုတ်တစ်ယောက်မျှ မလာဘူးသလို တရုတ် ကုန်သွယ်ရေးလည်း လုံးဝမလုပ်ဘူးတာပါပဲ။ ဒါပေမဲ့ ကချင်ဒူဝါများကတော့ မိုးကောင်း ဗန်းမော်ကနေတဆင့် မြန်မာဒေသတွေနဲ့တော့ ကုန်ကူးသန်းဆက်စပ်မှုတွေ ရှိနေတာ ထောက်ခဲ့တယ်။ ဗြိတိသျှ တွေ အဓိက ထောက်တာက ကုန်သွယ်ဆက်ဆံမှုသမိုင်းပဲ ဖြစ်ပြီး မြန်မာနဲ့ ပိုနီးစပ်လို့ မပေးနိုင်ဆိုပြီး ပြတ်ပြတ်သားသားပြောလိုက်တယ် နောက်ဆုံး တရုတ်တွေဟာ ကချင်ဒေသကြီးတစ်ခုလုံးကို တရုတ်နဲ့ ဗြိတိသျှဗားမားတို့ကြားbuffer land အဖြစ်ထားရှိဖို့ အဆိုပြုခဲ့သေးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ထူးခြားချက်က တရုတ်တို့ဟာ ဧရာဝတီရေဝေရေလဲ မေခမြစ် ရွှေလီမြစ် သံလွင်မြစ်စတဲ့ မြစ်ကြောင်းတွေအပေါ် သတ်မှတ်လိုပြီး ဗြိတိသျှတို့က အဲဒီမြစ်တွေရဲ့ ရေဝေလေဲ အခြားတစ်ဖက်ရဲ့ တောင်တန်းတွေကို နယ်နမိတ်သတ်မှတ်တာဖြစ်တယ်။ ဒါနဲ့ပဲ လန်ဒန်ဆွေးနွေးပွဲဟာ ဘိန်းစစ်ပွဲကို နိုင်ထားသူတွေပီပီ နောက်ဆုံးတော့ ဗြိတိသျှတွေ သတ်မှတ်တဲ့ တောင်တန်းတွေနဲ့ နယ်နမိတ်မျဉ်းသတ်မှတ်ရန်ဖြစ်ခဲ့ပြီး ယနေ့မြန်မာပြည်မြေပုံအတိုင်း မေခမြစ်, ရွှေလီမြစ်အရှေ့ပိုင်း သံလွင်မြစ်အရှေ့ ရှမ်းနယ်တို့ဟာ မြန်မပြည်ထဲ လှလှပပ ပါဝင်လာပါတော့တယ်။ သုံးသပ်ချက်အနေနဲ့က တရုတ်တွေ၁၈၈၆ ၁၈၉၄ ပီကင်းနဲ့ လန်ဒန်စာချုပ်တွေမှာ ဘာလို့ သည်းသည်းမည်း ကချင်နယ်တွေ လိုချင်သလဲဆိုတာ ဒီနေ့ခေတ် ဝိုင်းမော် ကန်ပိုက်တီး ချီဖွေဆော့လော်ဒေသတွေမှာ ဘာတွေလုပ်နေသလဲ။ ဗန်းမော်နမ့်ခမ်းလမ်းကြောင်းဖြတ်ရာ မံစီ မန်ဝိုင်းဒေသတွေမှာ သစ်ခိုးထုတ်နေတာတွေ မေခမြစ်ဝှမ်းတလျောက်မှာ ရေအားလျှပ်စစ်တွေ ထုတ်ဖို့ပြင်နေတာတွေ သတ္တု ရိုင်းတွေရှာဖို့ ကြိုးစားနေတာတွေ ကိုးကန့်နဲ့ ဝ ဒေသတွေကို မြန်မာ တရုတ်confederate နယ်တွေအဖြစ်တည်ဆောက်ထားချက်တွေ မိုင်းလားဒေသအပါအဝင် ကျိုင်းတုံ အရှေ့ဘက်တစ်ခြမ်းလုံးမှာ တရုတ်တွေ စီးဝင်ပြီး စီးပွားရေးစျေးကွက်ချဲ့တည်ဆောက်နေတာတွေဟာ လွန်ခဲ့တဲ့ နှစ် ၁၃၀ လောက်ကလိုချင်တပ်မက်မှုတွေကို ယနေ့ခေတ်အထိ ကျားကုပ်ကျားခဲ ရယူနေတာကို သတိပြုဖို့လိုပါတယ်။ သမိုင်းတွေဟာ အနာဂတ်နိုင်ငံရေးကို လမ်းပြနေတယ်ဆိုတာ မမေ့နဲ့...........
Crd...

Comments
Post a Comment