မြင်းကကုန်းမှာစက်လှေခိုးမှု အားအမှုဖွင့် စစ်ဆေးနေစဉ် သေဆုံးမှု


မြင်းကကုန်းမှာစက်လှေခိုးမှု အားအမှုဖွင့် စစ်ဆေးနေစဉ် သေဆုံးမှု 

................................................................................

၁၀.၂၀၂၀


ဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင်ဘိုကလေးမြို့နယ်မြင်းကကုန်းနယ်မြေရဲစခန်းမှ ယခုလသြဂုတ်(၆)ရက်နေ့ကစက်လှေခိုးမှုဖြစ်သူအမျိုးသားတစ်ဦးအားဖမ်းဆီးပြီး စစ်ဆေးနေစဉ် သြဂုတ်လ ၉ရက်နေ့၌ သေဆုံးမှုဖြစ်ပွါးခဲ့ကြောင်းသေဆုံးသူမိသားစုထံမှသိရသည်။


သေဆုံးသူဖခင်ဖြစ်သူဦးဇင်းဇဝန က


" ၆ရက်နေ့မနက် အသုဘတစ်ခုကိုသွားတယ် ၊ အသုဘချပြီးတော့ ည ၇နာရီလောက် ဒီဘက်ကမ်းကိုအမျိုးလည်းအမျိုးဆိုတော့စက်လှေကိုစီးလာခဲ့တယ် ၊ စီးလာတဲ့အခါကျတော့ အမျိုးတော်တယ်မသိဘူးဒီကောင်လေးကို ၊ မသိတော့ပဲ့တောင်ခိုးတယ်ဆိုပြီးဒီဘက်ကမ်းကျတော့ရဲစခန်းကိုပို့တယ် ၊ ရဲစခန်းကအပြန်ကျတော့ အမျိုးမှန်းသိတော့အမှုကိုပိတ်တယ် ၊ ပိတ်တာကိုလက်သင့်မခံဘူး ၊ နောက် ည၈နာရီလောက်မိဘတွေသိတော့ကျွန်တော်တို့သွားတယ် အတွေ့မခံဘူး ၊

နောက်နေ့သွားတယ်အတွေ့မခံဘူး ၊ ခုသေတဲ့အထိကို၆ရက်နေ့ကနေ ၉ရက်နေ့အထိ၊  ၉ရက်နေ့မနက်၅နာရီလောက်မှာ သေဆုံးသွားတယ်၊

အဲ့ဒါကျွန်တော်တို့ဆီမနက်၈နာရီလောက်မှသိရတယ် ၊ သိရတော့ ရင်ခွဲရုံသွားတော့အတွေ့မခံဘူး ၊ မနက် ၁၀နာရီ၃၀မိနစ်လောက်မှတွေ့ရတယ်၊ တွေ့ရတဲ့တွေ့ချက်တွေက ကလေးမှာဒဏ်ရာတွေနဲ့ ခြေတောက်တွေ ၊ ဒူးတွေ ၊ ဗိုက်တွေ ၊ ရင်ဘတ်တွေ လက်တွေ သူတို့ကတော့မနှိပ်စက်ဘူးပြောတယ် အဲ့ဒိဒဏ်ရာတွေအကုန်လုံးဓါတ်ပုံရိုက်ယူထားပါတယ် " ဟု ရန်ကုန်သတင်းပုံရိပ်ကိုပြောသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍မြင်းကာကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးလေးနိုင်က


အဲ့ဒိနေ့မနက် ရနာရီလောက်ကြားရတော့ စခန်းကိုတိုက်ရိုက်သွားမေးလိုက်တယ် ၊  စခန်းက သတင်းထောက်တစ်ယောက်လည်းရှိတယ်ဗျ၊ ကောင်လေးကိုခိုးမှုနဲ့ဖမ်းထားတယ် ကွင်းဆက်တွေစစ်နေတုံး

မနက် ၄နာရီလောက် ရောဂါထဖေါက်တယ်ပေါ့ ၊ နောက် ၄နာရီ၃၀မိနစ်ကျော်မှာဆေးရုံပို့လိုက်တယ် ၊ ဆေးရုံမှာမိနစ်၂၀လောက်ဘဲခံတယ်သေသွားတယ်ပေါ့ ၊ 

ကောင်လေးကစစ်သားလူထွက်အခြောက်ကလေးဗျ ၊ သူကHIV positive နဲ့ထွက်ရတာ ၊ သောက်လက်စဆေးဘူးတွေလည်းတွေ့ခဲ့ရတယ် ၊ ကျွန်တော်ရင်ခွဲရုံကို၁၂နာရီလောက်သွားကြည့်တော့ ပေါင်မှာညိုမဲနေတဲ့ဒဏ်ရာ၊ ဒူးမှာညိုမဲဒဏ်ရာတွေ့တယ် ၊ 

ကျွန်တော်ကတော့အမှန်အတိုင်းဘဲပေါ်ပေါက်စေချင်တယ် ၊ ကျန်တာ ကတော့ဥပဒေအတိုင်းပေါ့ဗျာ " လို့ပြောသည်။


သေဆုံးသူမှာ ကျော်သက်ဦး အသက်

(၂၇)နှစ် ၊ (ဘ)ဦးဖြူ ဝင်း ၊ မြင်းကကုန်း ကျေးရွာအုပ်စု-မြင်းကကုန်းကျေးရွာနေထိုင်သူ ဖြစ်ပြီးသြဂုတ်လ ၆ရက်နေ့ကတဘက်ကမ်းကျေးရွာရှိအသုဘတစ်ခုအားသွားရောက်ပြီး ည၇နာရီအချိန်အမျိုးဖြစ်သူစက်လှေအားစီး၍ပြန်လာခဲ့စဉ် စက်လှေခိုးမှုဖြင့်မြင်းကာကုန်းနယ်မြေရဲစခန်းသို့အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသေဆုံးသူဖခင်ပြောပြချက်အရသိရသည်။


Comments