အသက်၁၇နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအားအသက်၆၆နှစ်အရွယ်အမျိုးသားတစ်ဦးမှသားမယားအဖြစ်ပြုကျင့်မှုဖြစ်ပွား
==========================
ကျောက်တံခါး ဇူလိုင် 1ရက်
ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ်ပဲနွယ်ကုန်း
နယ်မြေရဲစခန်းအပိုင် ရွာမကျေးရွာအုပ်စုပေတရါစုကျေးရွာ၌ဇူလိူင် 1 ရက်နံနက်၁၁နာရီအချိန်ခန့်ကအသက်
၁၇နှစ်ရွယ်မိန်းကလေးငယ်တစ်ဦးအားအသက်၆၆နှစ်အရွယ်အမျိုးသားတစ်ဦးမှသားမယားအဖြစ်ပြုကျင့်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာမိခင်ဖြစ်သူနေအိမ်၌ရှိနေစဥ် တစ်ရွာတည်း
နေအဒေါ်ဖြစ်သူနေအိမ်သို့အလည်သွားသော သမီးဖြစ်
သူမ-----၁၇နှစ်သည်နေအိမ်သို့ပြန်လည်ရောက်ရှိလာပြီး လမ်းတွင်ဖြစ်ပျက်ခဲ့သောအခြေအနေများနှင့်ပတ်
သက်ပြီး မိခင်ဖြစ်သူအါးပြောပြရာ အဒေါ်ဖြစ်သူနေအိမ်
မှပြန်လာစဥ် တုံကန်ချောင်းကမ်းပါးအနီးသို့အရောက်တွင်စိန်လှိုင်၆၆နှစ်မှ မ------အားလှမ်းခေါ်၍ တုံကန်ချောင်းအတွင်းရှိခြုံပုတ်အားလက်ညိုးထိုးပြကာ အဲ့ဒီခြုံပုတ်မှာစောင့်နေ နင့်ကိုငါ-----ဟုပြောဆိုပြီးမ----၏
လက်အားအတင်းအဓမ္မဆွဲခေါ်စဥ်မ-------မှမလုပ်ပါနဲ့.သမီးကြောက်တယ်ဟုပြောရာ စိန်လှိုင်မှမ----အား
ခြုံပုတ်အတွင်းသို့တွန်းပို့ပြီးမ------အားအလိုမတူဘဲသားမယားအဖြစ်တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ထိုသို့သား
မယားအဖြစ်ပြုကျင့်နေသည်ကို တုံကန်ချောင်းအတွင်း
ငါးရှာနေသောအမျိုးသမီးနှစ်ဦးမှတွေ့ရှိ၍အော်ဟစ်တား
မြစ်ကြစဥ် စိန်လှိုင်မှာထွက်ပြေးသွားခဲ့ကြောင်းသမီးဖြစ်သူမှပြန်လည်ပြောပြသိရှိရ၍ မိခင်ဖြစ်သူမှပြစ်မှုကျုးလွန်သူစိန်လှိုင်အားအရေးယူပေးပါရန်ပဲနွယ်ကုန်းနယ်
မြေရဲစခန်းသို့တိုင်ကြားခဲ့သည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ကျောက်တံခါးမြို့နယ်ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ(ပ)၁၄၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ၃၇၆အရပြစ်မှုကျုးလွန်သူစိန်လှိုင်အားအမှုဖွင့်ဖမ်းဆီးကာ စခန်းမှုးရဲအုပ်မင်းဇော်မှစစ်ဆေးဆောင်
ရွက်လျှက်ရှိကြောင်းသိရသည်။
ခင်ကို(ကျောက်တံခါး)
Crd........

Comments
Post a Comment