အကြွေးပြန်ရစေသော ယတြာ

.

အကြွေးပြန်ရစေသော ယတြာ

(၁) ကားစပယ်ယာအမ်းဖြင့် စီရင်သောနည်း

သတင်းစာစက္ကူပေါ်တွင် ကြွေးရရန် ရှိသော သူ၏ အမည်ကို ရေးပါ။ ထို့နောက် ကားစပယ်ယာ ပြန်အမ်းသော ငွေဖြင့် ညအိပ်ယာ ၀င်ခါနီးတိုင်း ရိုက်ပါ။ ပါးစပ်မှ ငွေအမြန် လာပေးစေဟု ပြောဆို၍ ရိုက်ပါ။

(၂) ပေးထားသောငွေများအမြန်ပြန်ရစေသောယတြာ

ကြက်လျှာရောင်စုံ (၆)လက်မှာ (အမည်ထည့်ပါ) ငွေလာပေးစေ .... လို့ ရေးရမယ်။ ပြီးရင် ခရင်းမှာ ပူးချဉ်လိုက်ပါ။ ပြီးရင် ဖန်ခွက်တစ်ခွက်ထဲမှာ ထည့်ပြီး ဘုရားစင်ပေါ်တင်ပြီး ဆုတောင်းပါ။ ဒီလောက်ပါပဲ။

(၃) ချေးထားသာငွေများ အမြန်ပြန်ရစေသောယတြာ

မုန့်စိမ်းပေါင်းကို ကြွေပုဂံထဲကို ထည့်ပါ။ ထိုမုန့်စ်ိမ်းပေါင်းပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ထွန်းပါ။ ပြီးတော့ ဘုရားမှာ ကပ်လှူပြီး အကြွေးယူထားသူ၏ မျက်နှာကို မြင်အောင်ကြည့်ပါ။ နောက် နာမည်ခေါ်ပြီး ငါ့အကြွေးတွေ အမြန် လာပေးစေဟု (၉)ကြိမ် ပြောပါ။ ရက်ပိုင်း လပိုင်းအတွင်း အဆင်ပြေပါလိမ့်.။

(၄) ကြွေးတောင်းသခွား

ပထမဆုံးအနေနဲ့ နေ့လည်(၂)နာရီအချိန်မှာ သခွားသီးတစ်လုံးပေါ်မှာ လူပုံထွင်းပါ..။
ပြီးနောက်မှာတော့ လူပုံရဲ့အောက်မှာ ကိုယ့်ဆီက ပိုက်ဆံချေးသွားသူရဲ့ နာမည်ကို ရေးပေးရမှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုရေးပေးပြီးသွားရင်တော့ လမ်းလေးခွဆုံကိုသွားပါ။ ပြီးနောက်မှာ သခွားသီးကို လက်နဲ့ချိုးဖဲ့လိုက်ပါ။
ပြီးနောက်မှာ ငွေချေးထားသူရဲ့အမည်ကိုခေါ်ကာ -
"(----) ငါ့ဆီကချေးသွားတဲ့ အကြွေး (....) ကို ပြန်လာပေးရမယ် ....
အမြန်ဆုံးပြန်လာပေးရမယ် ... အမြန်ဆုံးပြန်လာပေးရမယ် ... အမြန်ဆုံးပြန်လာပေးရမယ် .."
အဲ့ဒီလိုအာဏာသံပါပါနဲ့ ပြောဆိုပြီးနောက်ပိုင်းမှာ ချိုးဖဲ့ထားတဲ့ သခွားသီးကို လွင့်ပစ်လိုက်ပါ။ သင့်ရဲ့ သူ့ဆီကရစရာရှိတာတွေ မကြာမီမှာ အံ့အားသင့်စရာကောင်းလောက် ရလာပါလိမ့်မှာဖြစ်ပါတယ်။





Crd.....
K.kမှပြန်လည်မျှဝေပေးသည်

Comments