နေအိမ်အတွင်းဝင်ရောက်ခိုးယူသူတစ်ဦးကို ဖမ်းမိ
.အမှုဖြစ်စဉ်မှာ၁၄.၁၀.၂၀၂၀ရက်နေ့ကရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်၊အောင်ပန်းမြို့၊အမှတ်(၃)ရပ်ကွက်၊နယ်မြေ(၉)ရှိနေအိမ်တစ်လုံးမှအိမ်ရှင်သည်၅.၁၀.၂၀၂၀ရက်နံနက်၁၀နာရီခန့်ကဈေးရောင်းထွက်ပြီးညနေ၄နာရီအချိန်နေအိမ်သို့ပြန်လာစဉ်နေအိမ်အောက်ထပ်အိပ်ခန်းအတွင်း သေတ္တာဖြင့်ထည့်သွင်းသိမ်းဆည်းထားသည့်ငွေစက္ကူရောရာနှင့် ရွှေထည်ပစ္စည်း ၆ မျိုး၊ စုစုပေါင်း တန်ဖိုး ၆၅၅၀၀၀၀ ကျပ်ခန့် ပျောက်ဆုံးနေသဖြင့် အောင်ပန်းနယ်မြေရဲစခန်းသို့၎င်း၏ရွှေငွေပစ္စည်းများခိုးယူသွားသူကိုဥပဒေအရအရေးယူပေးပါရန်တရားလိုပြုလုပ်အမှုဖွင့်တိုင်တန်းခဲ့ရာအောင်ပန်းနယ်မြေရဲစခန်း(ပ)၁၆၃/၂၀၂၀၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ခဲ့၏။
ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ်ယခင်ကခိုးမှု၂ကြိမ်ကျူးလွန်ပြီး ညောင်ရွှေအကျဉ်းထောင်တွင်ထောင်ဒဏ်၂ကြိမ်ကျခံကာ၂၀၂၀ပြည့်နှစ်၊ဧပြီလ၁၇ရက်တွင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊အေးမြင့်သာယာရပ်၊နယ်မြေ(၁)နေလွင်မိုးအောင်(ခ)လွင်မိုးအားခေါ်ယူစစ်ဆေးရာ ၎င်းသည်၅.၁၀.၂၀၂၀ရက်၊မွန်းလွဲ၂နာရီခန့်က ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ၎င်းနေအိမ်သို့ သက်သေများနှင့်အတူခိုးယူသွားသည့်ပစ္စည်းများအား သွားရောက်သိမ်းယူခဲ့ကြောင်း သိရသည်။
.လွင်မိုးအောင်(ခ)လွင်မိုးနေအိမ်မှသိမ်းဆည်းရမိသည့်ခိုးရာပါငွေနှင့်ရွှေထည်ပစ္စည်းများ၏စုစုပေါင်းတန်ဖိုးမှာ၄၉၃၀၀၀၀ကျပ်သာရှိသဖြင့်ကျန်ငွေနှင့်ပစ္စည်းများကိစ္စအပြင်အခြားခိုးမှုကျူးလွန်ထားခြင်းရှိမရှိဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Crd#
Comments
Post a Comment